၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း၊ သမ္မတဟောင်း Donald Trump အနိုင်ရပြီလို့ ကနဦး ကြေညာချက် ထွက်လာပါတယ်။ သူ ဒုတိယအကြိမ် သမ္မတဖြစ် ထပ်ပြီးတာဝန်ယူတဲ့အချိန် ဘာတွေ လုပ်နိုင်သလဲ၊ အရင်မူဝါဒတွေနဲ့ လက်ရှိရပ်တည်ချက်တွေကို သုံးသပ်ပြီး VOA သတင်းထောက် Tina Trinh သတင်းပေးပို့ထားပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတ Kamala Harris ကို သမ္မတဟောင်း Donald Trump က အနိုင်ရလိုက်တာကြောင့် ဒေါ်နယ်ထရမ့်ဟာ လာမယ့် သမ္မတသက်တမ်း ၄ နှစ် တာဝန်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ကထိန်ပွဲတွေကျင်းပတဲ့ နယ်မြေတချို့မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါ တယ်။
ထိုင်းနိုင်ငံ Surat Thani မှာ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကုန်ကားကို ထရပ်ကား တစီးနဲ့ တိုက်မိရာက မြန်မာ အလုပ်သမား ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ကြောင်း နိုဝင်ဘာ ၆ ရက် ထုတ် ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မဟာမိတ်နိုင်ငံတွေထဲမှာ Trump အနိုင်ရတာကို ကြိုဆိုတယ်ဆိုပြီး ပထမဆုံး ဝမ်းမြောက်ကြောင်း အကြောင်းကြားသူတွေထဲက တယောက်ဖြစ်ပါတယ်။
အင်္ဂါနေ့က ကျင်းပတဲ့အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန်ပြည်သူတွေ သက်ဝင် ယုံကြည်တဲ့ ဒီမိုကရေစီစနစ်အားနည်းသွားအောင် ရုရှားအနေနဲ့အနှောင့်အယှက်ပေးတယ်လို့ ယူဆကြောင်း ရွေးကောက်ပွဲလုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ဖလော်ရီဒါမှာ Donald Trump ရွေးကောက်ပွဲရလဒ် စောင့်ကြည့်တဲ့ အခမ်းအနားကို သတင်းထောက် ၆ ဦးထက်မနည်း တက်ခွင့်အပိ တ်ပင်ခံခဲ့ရပါတယ်။ Trump နဲ့ ပတ်သက်တဲ့ သတင်းတက်ဆက်ပုံနဲ့ ဆက်စပ်ပြီး Axios, Politico နဲ့ Puck သတင်းမီဒီယာတွေက သတင်းထောက် ၆ ဦး သတင်းယူခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ကြောင်း VOA က အတည်ပြုနိုင်ခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတ Kamala Harris ကို သမ္မတဟောင်း Donald Trump က အနိုင်ရလိုက်တာကြောင့် သမ္မတသက်တမ်း ၄ နှစ် တာဝန်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် မလေးရှား၊ အိန္ဒိယ အင်ဒိုနီးရှားနဲ၊ လာအို၊ ဇင်ဘာဘွေ စတဲ့ နိုင်ငံတွေနဲ့ ရုရှားနိုင်ငံရဲ့ ဆက်ဆံရေးဟာ ဘက်ပေါင်းစုံ၊ နှစ်ဖက် အကျိုးစီးပွားနဲ့ စစ်မှန်တဲ့ဆက်ဆံရေး ဖြစ်သလို အပြန်အလှန်လေးစားမှုနဲ့ အချုပ်အခြာပိုင် အကျိုးစီးပွားတွေကို အခြေခံတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောဆိုပါတယ်။
နိုဝင်ဘာလ ၆ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်စောစော နောက်ဆုံးထွက်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ရီပတ်ဘလစ်ကန် ပါတီသမ္မတလောင်း Donald Trump က ပန်ဆဲလ်ဗေးနီးယား ပြည်နယ် အပါအဝင် အဓိကကျတဲ့ ပြည်နယ်တော်တော်များများမှာ အနိုင်ရနေတဲ့အတွက် သမ္မတအဖြစ် ရွေးချယ်ခံရဖို့ နီးကပ်လာနေပါပြီ။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် တောင်ပေါ်အိုင်းမကျေးရွာ ကထိန်ပွဲကျင်းပပြီးချိန် တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။ တန့်ဆည်မြို့နယ် ဇီးပေါက်ကျေးရွာမှာလည်း ကထိန်အလှူလုပ်ဖို့ ပြင်ဆင်နေချိန် ဗုံးကြဲတိုက်ခိုက်ခံရပါတယ်။
အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၁ ဦး သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
စစ် ဒါမှမဟုတ် ပြည်တွင်း ပဋိပက္ခ ကြုံနေကြရတဲ့ တိုင်းပြည်တွေမှာ သတင်းသမားတွေ အတိုက်ခိုက်ခံနေရပေမဲ့ အရေးယူမခံရ လွတ်နေကြပါတယ်။ မကြာခင်နှစ်တွေ အတွင်း အသတ်ခံရတာ အများစုကိုလည်း မဖြေရှင်းနိုင်သေးဘူး လို့ စောင့်ကြည့်နေကြတဲ့ အစုအဖွဲ့တွေက ပြောကြပါတယ်။
သမ္မတ အကူးအပြောင်းကာလမှာ အမေရိကန်ပြည်ထောင်စု အတွင်း ခြိမ်းခြောက်မှု၊ မတည်မငြိမ် ဖြစ်မှုတွေကို တားဆီးနိုင်ဖို့ လက်ရှိ သမ္မတဘိုင်ဒင်အစိုးရက အထူးပြင်ဆင်ထားပေမယ့် စိုးရိမ်ချက်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရှိနေပါတယ်။
ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဘက်ကနေ ကူညီဖို့ စေလွှတ်ထားတဲ့ မြောက်ကိုရီးယား တပ်တွေနဲ့ ယူကရိန်းတပ်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က အင်္ဂါနေ့မှာ ပြောပါတယ်။
ဒုတိယ သမ္မတ Kamala Harris ကို နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ခေါင်းဆောင် အဖြစ် ရွေးချယ်မလား ဒါမှမဟုတ်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးခဲ့တဲ့ သမ္မတဟောင်း Donald Trump ကိုဘဲ အိမ်ဖြူတော်ကို ပြန်ပို့မလားဆိုတာကို ရွေးချယ် ဆုံးဖြတ်နေကြတာ ဖြစ်ပါတယ်။
တနင်္လာနေ့ နှောင်းပိုင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တခု အတွင်းမှာ Beit Lahiya က နေရပ်စွန့်ခွာ ထွက်ပြေးသူ မိသားစုတွေ ခိုလှုံရာ အိမ်တလုံးကို ထိမှန်တာကြောင့် အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မဲရုံတွေကို ဗုံးအန္တရာယ် ခြိမ်းခြောက်မှုတွေဟာ ရုရှားက ဖြစ်ပုံရကြောင်း ပြည်ထောင်စုနဲ့ ပြည်နယ် တာဝန်ရှိသူတွေရဲ့ ဆန်းစစ်ချက်သစ်က ဖော်ပြပါတယ်။ အင်္ဂါနေ့ မနက်ခင်း ဗုံးအန္တရာယ် ခြိမ်းခြောက်မှုတွေကြောင့် ဂျော်ဂျီယာ ပြည်နယ် အရှေ့တောင်ပိုင်းက မဲရုံ တချို့ကို မဲပေးမှု ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။
အမေရိကန် ကွန်ဂရက်မှာ အများစု ကြီးစိုးရေး ရလဒ်ဟာလည်း အင်္ဂါနေ့ မဲပေးပွဲကနေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီရလဒ်ဟာဆိုရင် သမ္မတ ရွေးကောက်ပွဲ အနိုင်ရသူရဲ့ ဥပဒေ အဆိုပြုချက်တွေ အရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်လာမှာလည်း ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်