တပ်မတော်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းက ဝန်ထမ်းနှစ်ဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ လဝက လက်ထောက်ညွှန်ကြား ရေးမှူးတဦး လက်ထောက်အရာရှိ နှစ်ဦးအပေါင်း(၃)ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တခုကနေ မနေ့က ဖမ်းဆီး သွားခဲ့တယ်လို့ ပြည်နယ်လဝက တာဝန်ရှိသူတွေက အတည်ပြု ပြောပါတယ်။
၆ လကြာ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၄ ခုကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးဖို့အတွက် လူမှုအဖွဲ့အစည်းတွေကနေ ဆန္ဒပြ လှုပ်ရှားမှုတခုကို ရန်ကုန်မြို့မှာ ပြုလုပ်သွားမယ့်အကြောင်း ဦးဆောင်သူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ကြရပြီး နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ မောင်တောမြို့ နယ် နံ့သာတောင်ကျေးရွာဒေသခံတွေ အတွက် နေအိမ်တွေကို မဲစနစ်နဲ့နေရာချ ထားပေးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် မာန်အောင်မြို့ကို ဒီကနေ့ သွားရောက်ရာမှာ၊ သူမရောက်ခင် မနက်ပိုင်းက မာန်အောင်မြို့တွင်းမှာ ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ခဲ့ပါတယ်။
(Zawgyi/ Unicode) မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြားဖြစ်ပွါးနေတဲ့ စစ်ရေးတင်းမာမှုကြောင့် ချင်းပြည်နယ် ပလက်၀ မြို့နယ်နဲ့ ရခိုင်ပြည်နယ် မြို့နယ်တချို့မှာ လုံခြုံရေး တင်းကြပ်လာနေပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အကြား စစ်ရေးပဋိပက္ခတွေကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် လူသုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်နဲ့ စစ်ရေးတင်းမာနေဆဲ ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ထူထောင်ပြီး စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်ကောက်ခံသွားမယ်လို့ AA တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ ကလေး ၂ ဦးကို မြန်မာအာဏာပိုင်တွေဘက် လွှဲပြောင်းပေးတဲ့ အစီအစဉ် ပျက်ပြယ်သွားပြီလို့ ANC ခေါင်းဆောင်တဦးက ပြောပါတယ်။
ဘုရားသုံးဆူဒေသမှာ တပ်မတော်နဲ့ မွန်ပြည်သစ်ပါတီကြား တိုက်ပွဲဖြစ်တာကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး သွားတဲ့ စစ်ပြေးဒုက္ခသည်တချို့ အိမ်ပြန်နေကြပြီဖြစ်ပေမယ့် အများစုကတော့ မပြန်နိုင်သေးပါဘူး။ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ အစိုးရတပ်တွေ ရှိနေသေးတာကြောင့် မပြန်နိုင်ကြသေးတာပါ။
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးရဲ့ေ နအိမ်ကို မနေ့ညက အမည်မသိ အဖွဲ့ကနေ လက်ပစ်ဗုံးနဲ့ပစ်ခဲ့မှုဖြစ်ပွား ခဲ့တာပါ။ ဒီလိုဗုံးနဲ့ ပစ်ခဲ့ရာမှာ ပေါက်ကွဲမှု မရှိခဲ့သလို နယ်မြေခံ ရဲတပ်ဖွဲ့ကနေ တရားခံကို စီစစ်နေဆဲလို့ဆိုပါတယ်။
ပလက်ဝတံတားစီမံကိန်းအတွက် သံဘောင်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်တဲ့ ရေယာဉ်တွေနဲ့ တပ်မတော် လုံခြုံရေးရေယာဉ်တွေကို AA အဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ဘက်ကနေ မနေ့က သတင်းထုတ်ပြန်ထားတာပါ။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ NCA အပစ်ရပ် မွန်တပ်နဲ့ မြန်မာစစ်တပ်တို့ မနေ့က တိုက်ပွဲဖြစ်စဉ်မှာ NCA စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး နှစ်ဖက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။ စစ်ရေးပြဿနာကို မကြီးထွားလာခင်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုတယ်လို့ မွန်ပြည်သစ်ပါတီဘက်က ပြောပါတယ်။
NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား ဒီကနေ့မှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ်ကိုစစ်ဆေးဖို့ မြန်မာစစ်ကြောင်းဟာ မွန်ပြည်သစ် အခြေပြုရာဒေသဘက်ကို ဝင်ရောက်ဖို့ကြိုးစားရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်သစ်တပ်မှူး တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာအရှေ့ဖက်မှာ ARSA အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ဝင် တွေကို မြန်မာစစ်တပ်ကနေ တွေ့ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း ARSA ဘက်က ကျဆုံး အဖမ်းဆီးခံရမှုတွေ ရှိခဲ့ တယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ပုဏ္ဏားကြီးကျေးရွာအုပ်စု၊ ငှက်ချောင်းအမှတ်(၂) မွတ်ဆလင် ဒုက္ခသည်စခန်းမှာ မနေ့ ညဉ့်နက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ကလေးငယ် ၂ ဦး သေဆုံးတာအပါအဝင် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ မြို့နယ်မီးသတ် အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြားတိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်က ရွာသား(၂၀၀၀)ကျော်ဟာ မြို့ပေါ်ကစခန်း(၈)ခုမှာ စစ်ဘေးတိမ်းရှောင်နေရဆဲလို့ စစ်ရှောင် အကူညီပေးအဖွဲ့က ပြောပါတယ်။
လားရှိုးမြို့အပေါ် ဒီကနေ့မနက်မှာ လက်နက်ကြီးကျည် ၆ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့လို့ လူနေအိမ်နဲ့ ဒေသခံတချို့ ထိခိုက်မှုရှိခဲ့ပါတယ်။ တအာင်းပလောင်အဖွဲ့ကနေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာလို့ တပ်မတော် ပြောခွင့်ရသူတွေက ပြောဆိုခဲ့တာပါ။
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းသလင်းရွာသား ၁၀၀ ကျော်ကို ချင်းပြည်နယ်အစိုးရ အစီအစဉ်နဲ့ ထန်တလန်မြို့နယ် သီးကီရ်ကျေးရွာကို မနေ့ညပိုင်းမှာ ပြောင်းရွှေ့ပေးလိုက်ပါတယ်။ အခုပြောင်းရွှေ့ပေးလိုက်သူတွေဟာ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူတွေ ဖြစ်တဲ့အကြောင်း တာဝန်ရှိတွေက ပြောပါတယ်။
ရခိုင်လက်နက်ကိုင်AAအဖွဲ့ကနေဖမ်းဆီးသွားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုပြန်လွှတ်ပေးဖို့ ခူမီးလူငယ်များအသင်းနဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကနေ သဘောထားထုတ်ပြန်တောင်းဆိုထားတာပါ။
နောက်ထပ်ကြည့်ရှုရန်