ရခိုင်လက်နက်ကိုင် AAအဖွဲ့က ဖမ်းထားတဲ့ အိန္ဒိယနိုင်ငံသား (၅)ဦးနဲ့ စကားပြန်အပါဝင် (၉)ဦးကို ဒီနေ့မနက်မှာ ပြန်လည် လွှတ်ပေးလိုက်ပေမယ့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ပြန်လွတ်မပေးသေးပါဘူး။
စစ်ရေးပဋိပက္ခရှိနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမမှာ ကျွဲနွား တရားဝင်တင်လာ တဲ့ကားကို အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်တာကြောင့် လူတဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ သွားတယ်လို့ တပ်မတော် ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေမှာ ရသေ့တောင်မြို့နယ်အတွင်း ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှာ ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါဝင် ခရီးသည်(၅၀)ဦးကျော်ကို ရခိုင်လက်နက်ကိုင်AAအဖွဲ့က ဖမ်းဆီးခဲ့ရာမှာ မြန်မာစစ်တပ်ကနေရဟတ်ယာဉ်သုံး ပစ်ကူ တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံရသူအနက် (၁၅)ဦး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
မြန်မာစစ်တပ်ကနေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွှေနဒီ အမြန်ရေယာဉ်ပေါ်က ဖမ်းဆီးခေါ်ဆောင်ခဲ့သူတွေနဲ့ AA အဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့ကြောင်း ရခိုင်လက်နက်ကိုင် AA ဘက်ကနေ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရသေ့တောင်မြို့နယ် မေယုမြစ်ကြောင်းထဲက ရေယာဉ်တစီးပေါ်မှာ လိုက်ပါလာသူတွေအနက် အမျိုးသား အယောက် ၅၀ နဲ့ ၇၀ ကြားကို AA ရခိုင်လက်နက်ကိုင်တပ်က ဒီကနေ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အကြောင်း AA ဘက်ကရော ပြည်နယ်အစိုးရနဲ့ တပ်မတော် ပြောခွင့်ရတို့ကပါ အတည်ပြုထားပါတယ်။
မနေ့က ဘူးသီးထောင်အကျဉ်းထောင်ကနေ မောင်တောကိုပြန်လာတဲ့ အကျဉ်းထောင်လုံခြုံရေးကားတစီး မိုင်းခွဲတိုက် ခိုက်ခံရပြီး ကားထဲမှာပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒေသ ခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ပြီး ဒီကနေ့မှာ မင်းပြားမြို့နယ် ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်ဖက်မှာ နှစ်ဖက်ထိတွေမှု ဖြစ်ပွားနေခဲ့တယ်လို့ တပ်မတော်ရော AAဖက်ကပါ ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့အကြား တိုက်ပွဲတွေဟာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း အရှိန်မြင့် ဖြစ်ပေါ်ခဲ့တယ်လို့ နှစ်ဘက် တာဝန်ရှိသူတွေကပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့AA ရခိုင်လက်နက်ကိုင်အဖွဲ့ တို့အကြား တိုက် ပွဲတွေဆက်လက် ဖြစ်ပွား နေတာမှာ မနေ့က မင်းပြားမြို့နယ်ဖက်မှာ တပ်မတော် စစ်ကြောင်း တကြောင်းကို AAဖက်က ပစ်ခတ်တိုက်ခိုက် ခဲ့သလို ကျောက်တော်မြို့နယ်ဘက်မှာလည်း ဗုံးခွဲတိုက်ခဲ့တယ်လို့ တပ်မတော်တာဝန်ရှိသူတွေကပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း ဒီတလ အတွင်းရွာသား(၅)ဦးပျောက်ဆုံးနေသလို စုစုပေါင်း(၁၅)ဦးအထိ ပျောက်ဆုံးနေတာ အခုထိ သတင်းမကြားရ သေး ဘုူလို့ ချင်းလူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။
စစ်ရေးတင်းမာနေဆဲရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖက်မှာ တိုက်ပွဲတွေ အပြင်ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေလဲ ဖြစ်ပွားနေ တာပါ။ ဒီနေ့မနက် ရသေ့တောင်မြို့နယ် သောင်းဒရားကျေးရွာဖက်မှာ မြန်မာစစ်တပ်ရေတပ်သင်္ဘောကို AAရခိုင်လက် နက်ကိုင်အဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေနဲ့တပ်မတော်တာဝန်ရှိသူတွေကပြောပါတယ်။
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်းကျေးရွာ ရဲကင်းစခန်းအတွင်း မနေ့ညနေပိုင်းမှာ လက် ပစ်ဗုံးပေါက်ကွဲခဲ့တာကြောင့် နယ်ခြားစောင့်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ AAရခိုင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ထဲ တပ်မတော် တပ်ရင်းအနားမှာ ဒီကနေ့ ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး မြို့ခံတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအာဏာပိုင် တွေ ကပြောပါတယ်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ကနေ ဒီနှစ်ကုန်အထိ အပစ်ရပ်စဲသွားမယ်လို့ တရားဝင် ထုတ်ပြန်ထားပေမဲ့ ရခိုင်ပြည်နယ်ဘက်မှာတော့ တိုက်ပွဲပြင်းထန်စွာဖြစ်နေဆဲပါ။ ဒီနေ့မှာတော့ ဘူးသီးတောင်မြို့နယ် ဘက်မှာ မြန်မာစစ် တပ် နဲ့ AA တို့ တိုက်ပွဲဖြစ်ပွား ခဲ့သလို မနေ့ကလဲ မြေပုံမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အပစ်ရပ်ကြေညာတဲ့ မနေ့ကညနေပိုင်းမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ စကခ ၁၅ တပ်မဌာနချုပ်ကို ရခိုင်လက်နက်ကိုင် (AA) အဖွဲ့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဌာနချုပ်အတွင်း ထိခိုက်ဒဏ်ရာရမှုတချို့ ရှိခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ် ကုလားတန်မြစ်မှာရှိတဲ့ မြန်မာအစိုးရ ရေတပ်သင်္ဘောနှစ်စင်းကို AA ရခိုင်လက်နက်ကိုင်တွေဘက်က ပစ်ခတ်မှုကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး ဒေသခံရွာသားတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲရက်ဆက် ဖြစ်ပွားနေတဲ့ မင်းပြားမြို့နယ်အတွင်း ဒီကနေ့ ပန်းမြောင်းကျေးရွာအပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးတချို့ သေဆုံးပြီး လူကြီးတချို့ ဒဏ်ရာရရှိသွားခဲ့ပါတယ်။
စစ်ရေးပဋိပက္ခဖြစ်ပွားဆဲ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို၊ လုံခြုံရေး တပ်ဖွဲ့ ဝင် တွေနဲ့ ယာဉ်တန်းတွေကို တိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေပါတယ်။
စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်း မနေ့ကတရက်ထဲ ရသေ့တောင်၊ မြေပုံနဲ့ ဘူးသီးတောင်မြို့နယ် (၃)ခုမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့AAတို့ အကြားတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ AAတာဝန်ရှိသူတွေနဲ့ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့နယ်က တံတားတခုအနီး မြန်မာစစ်တပ် စစ်ကြောင်းတခုကို ရAA က ဒီနေ့ နေ့လည်ပိုင်းမှာပဲ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေနဲ့ AA အဖွဲ့က ပြောပါတယ်။ မင်းပြားမြို့နယ် မှာပဲ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို၊ တိုက်ပွဲတွေကြား ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်