စစ်ရေးပဋိပက္ခတင်းမာနေဆဲ ရခိုင်ပြည်နယ်မှာ ပစ်ခတ်မှုတွေကြောင့် ရိုဟင်ဂျာ ၅ ဦးထက်မနည်း သေဆုံးပြီး၊ ဒဏ်ရာရသူတချို့လည်း ရှိခဲ့တဲ့အကြောင်း ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။
တိုက်ခိုက်မှုတွေ ရပ်စဲထားတဲ့ကာလ နောက်ထပ် ၁ လ သက်တမ်းတိုးလိုက်ကြောင်း တပ်မတော်က ဒီတပတ်ထဲမှာပဲ ကြေညာလိုက်ပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်နိုင်မယ့် အခြေအနေ ရှိရဲ့လားဆိုတာကို ပြောပြချင်ပါတယ်။
AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ချင်းပြည်နယ် ပလက်၀ ဒေသခံနှစ်ဦးကို မြန်မာတပ်မတော်က ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့လည်း သက်ဆိုင်ရာ မိသားစုဝင်တွေကတော့ ဒီစွပ်စွဲချက်ဟာ မှန်ကန်မှု မရှိဘူးလို့ ဗွီအိုအေကိုပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတာကြောင့် ဒေသခံရွာသားတွေ ထပ်မံထွက်ပြေးနေရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ရသူတွေ တိုးလာနေတာကြောင့် ခိုလှုံစရာ စခန်းသစ်တခု အမြန်ဆုံး စီစဉ်ဖို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရကို တိုက်တွန်းလိုက်တဲ့ အကြောင်း ပြောပြပါမယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နဲ့ ရခိုင်လက်နက် ကိုင် AAအဖွဲ့တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC)ကနေ တောင်းဆိုတဲ့သတင်းတင်ပြချင်ပါတယ်။
နယ်ခြားစောင့်ရဲ စစ်တပ်နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ပေါင်းထားတဲ့ နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲ ရေးဌာနချုပ် (နစခ)စစ်ကြောင်းတခု ရသေ့တောင်မြို့ နယ် စေတီပြင်နဲ့ ကျောက်ဗန်ဒုရွာအကြားမှာ သြဂုတ်လ(၃) ရက် နေ့ညနေ ပိုင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အဓိကတိုင်းရင်းသား နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက လွှတ်တော်နေရာ ၆၀ ကျော်အတွက် ယှဉ်ပြိုင်ဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။
တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် စစ်သင်တန်းကနေ ထွက်ပြေးလာတဲ့ တပ်သားသစ် ၂၀ ဦးကို UWSA ဝအဖွဲ့က ယာယီထိန်းသိမ်းထားရှိပြီး တပ်မတော်ဘက် အပ်နှံခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသက နယ်ခြားစောင့် စခန်းနှစ်ခုဖြစ်တဲ့ ညောင်ပင်လှနဲ့ သဇင်မြိုင် နယ်ခြားစောင့်စခန်း ရုပ်သိမ်းအပြီးမှာ မီးရှို့ခံရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာသား တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးပေးရန် ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေကနေမြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားပါတယ်။
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ အနီးမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ဝင်ရောက်လှုပ်ရှားနေလို့ တပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်မှာမို့ ဒေသခံပြည်သူတွေ တိမ်းရှောင်ကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးက ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို ရုပ်သိမ်းလိုက်တာပါ။
ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်က ကျေးရွာတွေမှာ ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရသလို လမ်းတွေပိတ်ထားတာကြောင့် စားနပ်ရိက္ခာ အခက်ကြုံနေရပါတယ်။
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ချင်းပြည်နယ် ပလက်ဝဒေသဘက်မှာ စစ်ရှောင်တွေရော သွားလာလို့မရဘဲ ပိတ်မိနေတဲ့ ကျန်ဒေသခံတွေပါ အခက်အခဲ ကြုံနေကြရပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်ရဲစခန်းကို ဒီကနေ့မနက်ပိုင်းမှာ AA ဘက်က ဝင်တိုက်တာကြောင့် ဒေသခံရွာသားတွေ တိမ်းရှောင်နေရပါတယ်။
မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့KIOတို့အကြားတိုက်ပွဲကြောင့် နေရပ်ကနေတိမ်းရှောင်လာကြတဲ့ ပူတာ အိုမြို့နယ် လုံစွတ်စခန်းကစစ်ရှောင်တွေအတွက် ကချင်ဒေသ စစ်ဘေးရှောင်များကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC)ကနေ ပူတာအို နဲ့မချမ်းဘောကြားမှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြေပုံမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို မြန်မာစစ်တပ်ဘက်က ဖမ်းဆီးသွားတဲ့နောက်ပိုင်း ကျန်ရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ စိုးရိမ်စိတ်နဲ့ နုတ်ထွက်တာလို့ မြေပုံမြို့ပေါ် အုပ်ချပ်ရေးမှူးတဦးက ဗွီအိုအေကို ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နဲ့ ကျောက်ဖြူမြို့နယ်ဘက်မှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ထွက် အရပ်သားတွေ ဖမ်းဆီးခံနေရပြီး၊ ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာလည်း အရပ်သားတွေဖမ်းဆီးခံနေတဲ့အကြောင်း နိုင်ကွန်းအိန် တင်ဆက်ပေးပါမယ်။
ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်စခန်းတခုကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် နောက်ဆက်တွဲ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်