ရသေ့တောင်မြို့နယ်က သဇင်မြိုင် နယ်ခြားရဲကင်းစခန်းကို AA က ဝင်တိုက်ပြီး ဖမ်းဆီးသွားတဲ့ထဲက ရဲတပ်ဖွဲ့ မိသားစုဝင်တွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် တဲ့ပြော သတင်းဌာန အယ်ဒီတာချုပ် ဦးဇော်မင်းဦး (ခ) ဦးဇော်ရဲထက်ကို ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဆီး စွဲချက်တင်ပြီး စီရင်ချက်ချတာ သိပ်မြန်တာကြောင့် ဥပဒေကြောင်းအရ ခုခံချေပခွင့် အလုံအလောက် မရခဲ့ဘူးလို့ ဦးဇော်ရဲထက်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်မြင့်သူဇာမော်က ပြောပါတယ်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)အဖွဲ့ကနေ အတင်းအဓမ္မ စစ်သားစုဆောင်းနေတာကြောင့် ဒေသခံရွာသားတွေ နေရပ်ကနေတိမ်းရှောင်နေရပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ စစ်ရေးတင်းမာနေဆဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲ အကြားပစ်ခတ်မှုကြောင့် ချင်းလူမျိုးတွေ အရပ်သားတွေ ထိခိုက်သေဆုံးမှု တိုးလာနေပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ကင်းလှည့်နေတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ARSA အဖွဲ့တို့ စနေနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။
ဧပြီ ၃၀ ရက်နောက်ပိုင်းမှာ ထိုင်းကမြန်မာအလုပ်သမားတွေနယ်စပ်ကတဆင့် မြန်မာပြည် ပြန်ဝင်ဖို့စီစဉ်နေရာမှာ မွန်ပြည်သစ်ပါတီထိန်းချုပ်တဲ့ ဘုရားသုံးဆူနယ်စပ်လမ်း သုံးခွင့်မပေးတော့ပါဘူး။
မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတွေ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ရေပိုင်နက်ထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်လှေတွေ တရားမဝင် ဝင်ရောက်လာတဲ့အပေါ် မြန်မာစစ်တပ်က တရားဝင်ကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်။
ထိုင်းကပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသကနေ ခရီးဆက်မရဘဲ ဒုက္ခရောက်နေကြပါတယ်။
ရခိုင်ပြည်နယ်မင်းပြား နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။ ရခိုင်ပြည်နယ်မင်းပြား နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွာနေတာပါ။
ဥပဒေစိုးမိုးမူ လက်လှမ်းမမီတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အစပ် ကုံးမုံရွာအနီးမှာ ဒီမနက် နေရပ်ဇာတိ အတည်ပြုဆဲလူ(၅)ဦး သေနတ်ဒဏ်ရာနဲ့သေဆုံးသွားခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လိုင်ဇာဌာနချုပ်မှာ အစိုးရကနေ တရားမဝင်နဲ့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို လက်မခံဖို့ တပ်မတော်က သတိပေးလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်က ကောင်းခါးပြည်သူ့စစ်စခန်းတခုကို မြန်မာစစ်တပ်ကသိမ်းပိုက်လိုက်ပြီး မူးယစ်ဆေးအများအပြားဖမ်းဆီးရမိပါတယ်။
စစ်ရေးပဋိပက္ခ ဖြစ်ပွားနေဆဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မနေ့ကနဲ့ ဒီကနေ့ မြန်မာစစ်တပ်ကနေ လေကြောင်းနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံကျေးရွာသားတွေ ၁၁ ဦး သေဆုံးခဲ့ပြီး ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြန်မာနဲ့ အိန္ဒိယနိုင်ငံ အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလားတန်စီမံကိန်း လုပ်ငန်းမှာ အသုံးပြုဖို့ လောင်စာဆီနဲ့ စားနပ်ရိက္ခာ တင်ဆောင်တဲ့ ၁၂ ဘီးတပ် ကုန်တင်ကားကို ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ မနေ့က တားဆီး မီးတင်ရှို့လိုက်တယ်လို့ ချင်းပြည်နယ်အစိုးရဘက်က ပြောပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နဲ့အဖွဲ့ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ရခိုင်မြောက်ပိုင်းမှာ ဒီကနေ့ သေနတ်နဲ့ ပစ်ခတ်ခံရပါတယ်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာမှာ မြန်မာစစ်တပ်က တပ်စွဲထားတာကြောင့် ရွာသားတွေ အပြင်ထွက်ခွင့်မရဘဲ ပိတ်မိနေပါတယ်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် (AA) အဖွဲ့တို့ မနေ့က တနေကုန် တိုက်ပွဲဖြစ်ပွားရာမှာတော့ နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်ကျဆုံးမှု ရှိသလို အရပ်သားတွေလည်း ထိခိုက်မှု ရှိနေတာပါ။
လှိုင်းဘွဲမြို့နယ်၊ မဲသဝေါဒေသ ဘက်မှာ စစ်ရေးတင်းမာမှု ရှိခဲ့တဲ့ လွန်ခဲ့တဲ့ ၄ နှစ် ကျော်ကတည်းက ဒုက္ခသည်တွေ တိမ်းရှောင်ခိုလှုံနေတဲ့ မြိုင်ကြီးငူဒုက္ခသည် စခန်းကို ပိတ်သိမ်းဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဌာနနဲ့ ကရင်ပြည်နယ်အစိုးရ အဖွဲ့တို့ က စီစဉ်နေပါတယ်။
မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား ချင်းပြည်နယ်ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက် တော် မင်းပြားမြို့နယ်ဘက်မှာ ဒီကနေ့နဲ့မနေ့တုန်းက တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားနေတာပါ။ ဒီလိုစစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်း အရပ်သား ဒဏ်ရာရရှိမှုတွေ ရှိနေ သလို ဒေသတွင်း စစ်ရှောင်တွေ လည်း တိုးလာနေပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဒီကနေ့ ရသေ့တောင်မြို့နယ် ရက်ခုန်းတိုင်ခေါ် သမီးလှရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး ရွာအတွင်း နေအိမ်တချို့ မီးလောင်သွားတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်