ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မနေ့က ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံရွာသား (၃၀၀)နီးပါး စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ခုချိန်မှာ သောင်းဂဏန်းအထိ ပိုများလာနေပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေဘက်မှာ AA တပ်ဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲ အခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း မနေ့ ညပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေအပြီးမှာပဲ ရွာ သား(၂၅၀၀)ခန့် နေရပ်ကနေ တိမ်းရှောင် ထွက်ပြေးခဲ့ကြရတယ်လို့ စစ်ရှောင်တွေနဲ့အကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က အုပ်ချုပ်ရေးမှူး(၁၁)ဦး ဒီကနေ့ နုတ်ထွက်စာ တင်လိုက်ပါတယ်။
စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာမှာ မနေ့ညပိုင်းက ရဲတပ်ဖွဲ့ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရလို့ရဲတပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။
ရခိုင့်တပ်မတော် ကနေဖမ်းဆီးထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာရဲစခန်းမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေး မှူးတို့နှစ်ဦး ဒီကနေ့ညနေပိုင်းမှာပြန်လည်လွတ်မြောက်လာပြီးဖြစ်ပါတယ်။
မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေးပဋိပက္ခတွေ တင်းမာနေသလို၊ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး မြို့ပေါ်အထိပါ မတည်မငြိမ်မှုတွေ ရှိနေပါတယ်။ AA အဖွဲ့ဟာ ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နဲ့ ပူးတွဲလှုပ်ရှားနေတယ်လို့ မြန်မာစစ်တပ်ဖက်က စွတ်စွဲနေပြီး၊ AA ကတော့ ဒီ စွတ်စွဲချက်ကို ငြင်းဆိုပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ဘူးသီးတောင်မြို့နယ်က စစ်စခန်းတွင်း ဗုံးပေါက်ကွဲမှု တခုကြောင့် အရာရှိတဦးရဲ့ ဇနီးဖြစ်သူ သေဆုံးခဲ့ပြီး၊ တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်AAတို့အကြားစစ်ရေးတင်းမာနေဆဲရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ် ရှောင်တွေတိုးပွားလာနေတာပါ။
ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့အကြား တိုက်ပွဲတွေ ပိုပြင်းထန် လာသလို အရပ်သား ထိခိုက်သေကြေမှုတွေလည်း ပိုဖြစ်လာနေပါတယ်။
ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းတွေအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား နှစ်ဖက်တိုက်ပွဲနဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ပိုပြီး အဖြစ်များလာနေပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဘင်္ဂလားနယ်စပ်အနီး အောင်သပြေကျေးရွာ နယ်ခြားစောင့်ရဲကင်းစခမ်းတခုကို အမည်မသိအဖွဲ့ ကနေ မနေ့ညကနေ ဒီမနက်ပိုင်းအထိ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အကြား နှစ်ဖက် တိုက်ပွဲတွေကြောင့် ဒေသတွင်း လုံခြုံရေး စစ်ဆေးမှုတွေနဲ့ တင်းကျပ်ထားတဲ့ကြားကပဲ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ ဥက္ကဌ ဖေဖေါ်ဝါရီ(၁၂)နေ့ညဘက်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ပလပ်၀ ဒေသဘက်က ဒုက္ခသည် ၂၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်မခံတာ ကြောင့် နယ်စပ်ကျေးရွာတွေမှာပဲ ခိုလုံနေရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေဆဲ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြား မနေ့က မြောက်ဦးမြို့နဲ့ ကျောက်တော်မြို့နယ်တွေမှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ နှစ်ဖက်အဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ စစ်ရေးအခြေအနေ ဆက်ပြီးတင်းမာနေသလို စစ်ရှောင်ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ပိုပြီး ရင်ဆိုင်နေကြရပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၂၀၀ ကျော် အိုးအိမ်စွန့်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘက်မှာ စစ်ပြေး တိမ်းရှောင်နေရပါတယ်။ ဒါ့အပြင် ပလက်ဝနဲ့ ကျောက်တော် ကြားဒေသမှာ တိမ်းရှောင်နေ သူတွေလည်း ရှိပါတယ်။
ရခိုင်ပြည်နယ်အတွင်းပိုင်း အမ်းမြို့နယ်ထဲမှာ လမ်းလုံခြုံရေးယူထားတဲ့ တပ်မတော်ယာဉ်တန်းလမ်းကြောင်းကို တနင်္လာနေ့ညက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့ တပ်မတော် ဘက်ကရော၊ ဒေသခံ တာဝန် ရှိသူတွေကပါပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်က ရွာသားတွေဟာ သူတို့ဒေသမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ဘေးတိမ်းရှောင်ရာကနေ အခုတော့ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတယ်လို့ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေပြင်းထန်နေဆဲ ရခိုင်ပြည်နယ်အတွင်း ဒီကနေ့မနက် ရသေ့တောင်မြို့နယ်ဘက်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ တပ်မတော်စစ်ကြောင်းတခုကို ရခိုင်လက်နက်ကိုင် (AA) အဖွဲ့ကနေ ကျောက်တန်းကျေးရွာ အနီးမှာခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်