ဒီမိုကရေစီဆိုတာနဲ့ လူများစုရဲ့ ယဉ်ကျေးမှုကို အမျိုးသားယဉ်ကျေးမှုအဖြစ် အနည်းစုက လက်ခံသတ်မှတ်ကြရမှာပါလား၊ ဒီအချက်တွေကို အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေတဲ့ ဒေါ်မေစပယ်ဖြူ နဲ့ ဦးတင်မောင်သန်းက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ ဆွေးနွေးတင်ပြထားပါတယ်။
သီရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက်ရင် အစိုးရတွေအပေါ် လူ့အခွင့်အရေးအရ အရေးယူလို့ ရပါသလား။ ဗြိတိန်နိုင်ငံ အောက်စဖို့တက္ကသိုလ်မှာ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ အထူးပြုလေ့လာနေတဲ့ ဧည့်သုတေသီ ဦးဝင်းမျိုးသူနဲ့ ဦးတင်မောင်သန်းဆွေးနွေးတင်ပြထားပါတယ်။
အာကာသထဲ ဥက္ကာပျံတခု ကို DART အမည်ပေးထားတဲ့ အမေရိကန်အာကာသယာဉ်ငယ်က ဒီလ ၂၆ ရက် တနင်္လာနေ့မှာ ဝင်တိုက်လိုက်ပါတယ် ကမ္ဘာမြေကာကွယ်ဖို့ ဥက္ကာပျံရဲ့ လမ်းကြောင်းကိုပြောင်းမယ့် အစီအစဉ်အတွက် စမ်းသပ်ချက်ဖြစ်ပါတယ်။ အေပီနဲ့ ရိုက်တာ သတင်းဆောင်းပါးတွေ ကို အခြေခံပြီး ဦးတင်မောင်သန်းက တင်ပြပါလိမ့်မယ်။
ဘာသာရေး အမျိုးသား ယဉ်ကျေးမှုတို့ကို အကြောင်းပြပြီး၊ အမျိုးသမီးတွေရဲ့ ဝတ်စား ဆင်ယင်ပုံကို အာဏာကျင့်သုံး ထိန်းချုပ် အရေးယူသင့်ပါသလား။ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူ နဲ့ ဦးတင်မောင်သန်းက ဆွေးနွေး တင်ပြထားပါတယ်။
စစ်တပ်ကနိုင်ငံရေးမှာ ပါနေတဲ့အတွက် ဒီမိုကရေစီလမ်းကြောင်းအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ ဆိုတာကို ဒီအပတ် ဒီမိုကရေစီ၊လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင် ကမ္ဘာ အစီအစဉ် မှာ တင်ပြမှာ ဖြစ်ပါတယ်။ ကနေဒါ McMaster တက္ကသိုလ် က ပါရဂူဘွဲ့ ကျောင်းသူ စာရေးဆရာမ သော်တာအေးလဲ့ နဲ့ ဦးတင်မောင်သန်း က ဆွေးနွေးတင်ပြထားပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မှာ အာဆာတပ်တွေ က ရခိုင်မြောက်ပိုင်း က ရဲစခန်းတွေ ကို တိုက်ခိုက်ခဲ့ရာ က ရိုဟင်ဂျာတွေ သိန်းချီ ထွက်ပြေးခဲ့ကြရပါတယ်။ အေအက်ဖ်ပီ သတင်းဌာန သတင်း အပေါ် အခြေခံပြီး ရိုဟင်ဂျာ အရေး ၅ နှစ်တာ ခရီး အကျဉ်း ကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။
အာဖဂန်နစ္စတန် နိုင်ငံမှာ တာလီဘန်တွေ တက်လာတာ တ နှစ် ပြည့်ပြီးပါပြီ။ ဆင်းရဲတွင်း နက်နေပြီး၊ အမျိုးသမီးတွေ ရဲ့ အခွင့်အရေး ဆုံးရှုံးနေပါတယ်။ အေပီ နဲ့ ရိုက်တာ သတင်းဆောင်းပါးတွေကို အခြေခံပြီး ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။
မြန်မာ နိုင်ငံ ရဲ့ တရားရေးဆိုင်ရာ အင်စတီကျူးရှင်းတွေ ဒါမှမဟုတ် ကျင့်ထုံးတွေ ပျက်ပြားသွားပါပြီလား။ သေနတ် က ဥပဒေ ဖြစ်နေပြီလား။ ဒီ အပတ် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင် ကမ္ဘာ အစီအစဉ် မှာ အမျိုးသား ညီညွတ်ရေး အစိုးရ တရားရေး ဝန်ကြီး ဦးသိန်းဦး နဲ့ ဦးတင်မောင်သန်း က ဆွေးနွေးတင်ပြထားပါတယ်။
သုတေသန ပြုရာမှာ အလေ့လာခံလူများ အပေါ် ထားရှိရမယ့် သုတေသီ တစ်ယောက် ရဲ့ ကိုယ်ကျင့်တရား နဲ့ လူ့အခွင့်အရေး က ဘယ်လို ဆက်စပ်နေပါသလဲ။
အင်စတီကျူးရှင်းတွေ အပြောင်းအလဲ ကို လေ့လာတဲ့အခါမှာ အဟောင်း ကို ပြောင်းနည်း အမျိုးမျိုး ရှိတာ ကို တွေ့ရပါတယ်။ အင်စတီ ကျူးရှင်း ဆိုတာ ဘာလဲ။ ပြောင်းပုံ ဘယ်နှမျိုး ရှိသလဲ။ စာရေးဆရာမှ သော်တာအေးလဲ့ နဲ့ ဦးတင်မောင်သန်း က ဆွေးနွေး တင်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ အကူးအပြောင်းဆိုင်ရာတရားမျှတမှုကို ပြည့်ပြည့်ဝဝအကောင်အထည်ဖော်သင့်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမဟာမင်းကြီးရုံးက ထုတ်ပြန်ချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ တောင်အာဖရိကနိုင်ငံက အုပ်ချုပ်မှုဆိုင်ရာ ပါရဂူဘွဲ့ယူခဲ့တဲ့ ဒေါက်တာမျိုးနိုင်နဲ့ ဦးတင်မောင်သန်း ဆွေးနွေးတင်ပြထားပါတယ်။
ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အတွက် တိုက်ပွဲ က ပိုပြီး ပြင်းထန်လာလေ၊ စိတ်ဒဏ်သင့်ကြတဲ့သူတွေ က ပိုပြီး များလာလေပါ။ တိုက်ပွဲ ဝင်သူတွေ နဲ့ အဖိနှိပ်ခံ ပြည်သူတွေ မှာ စိတ်ဒဏ်ရာတွေ ရရှိကြပါတယ်။ ညှင်းပန်း နှိပ်စက် သတ်ဖြတ်ကြသူတွေ မှာလည်း အခု သိချင်မှ သိကြမှာ ဖြစ်ပေမဲ့ နောင်အခါမှာ စိတ်ဒဏ်ရာတွေ သင့်ကြရပါတယ်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေက တိုက်ပွဲတွေကြောင့် ဒေသခံတွေမှာ အကျပ်အတည်းတွေကြုံနေပြီး လူသားချင်းစာနာမှုအကူအညီတွေရဖို့လည်း အခက်အခဲရှိနေပါတယ်။
ဒီမိုကရေစီ စနစ် နဲ့ အာဏာရှင် စနစ် တိုက်ပွဲ မှာ အာရှ ဟာ အခရာ ကျတဲ့ စစ်မြေပြင် ဖြစ်တယ်လို့ အာရှ ခရီးစဉ် မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ပြောလိုက်ပါတယ်။ ဘာကြောင့် အာရှ ဖြစ်ရသလဲ။ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကကော ဘယ်လို အခန်းကဏ္ဍ က ပါသလဲ။
အရှေ့တောင်အာရှ နိုင်ငံတွေ က လူငယ်တွေ ဟာ “စစ်အာဏာရှင်အဖွဲ့ ကို ဖိအားပေးဖို့ သူတို့ ရဲ့ သက်ဆိုင်ရာ အစိုးရတွေ ကို ပြတ်ပြတ်သားသား တောင်းဆိုတာတွေ ဆက်လုပ်သွားနိုင်ပါတယ်” လို့ အမေရိကန် အာဆီယန် ပြောရေးဆိုခွင့် ရှိသူ နဲ့ တွေ့ဆုံမေးမြန်းခန်း မှာ အမေရိကန် သံအမတ်ကြီး က ပြောဆိုသွားပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ရဲ့ သုံးရက်ကြာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်မှာ ဟွန်ဒေးကုမ္ပဏီက အမေရိကန်နိုင်ငံမှာ (၁၀) ဘီလီယံ တန်ဖိုးရှိမယ့် လျှပ်စစ်ကားထုတ်လုပ်ရေးနဲ့ အဲဒီလုပ်ငန်းဆက်နွယ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံဖို့ သဘောတူလိုက်ပါတယ်။
Australia ရဲ့ မူဝါဒ အပြောင်းအလဲတွေကို ပြောဖို့ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Quad (ခေါ်) လေးနိုင်ငံ ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ့် အစီအစဉ် ရှိတယ်လို့ အသစ်တက်လာမယ့် ဝန်ကြီးချုပ် Anthony Albanese က တနင်္ဂနွေနေ့က ပြောပါတယ်။
အာရှခရီး ဒုတိယခရီးတစ်ထောက်အဖြစ် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ဟာ ဂျပန်နိုင်ငံကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ရောက်ရှိသွားပါတယ်။ တိုကျိုမြို့အပြင်က ယိုကိုတာလေတပ်စခန်းကို ရောက်ရှိခဲ့တာပါ။
အမေရိကန် ပြည်ထောင်စု မှာ ရီပါဘလီကန် ပါတီ အမတ်အများစု ရရှိတဲ့ ပြည်နယ် ဆယ်ခုကျော် လွှတ်တော်တွေ မှာ လိင်အသွင်ပြောင်းရေး ကို ခက်ခဲအောင် ဥပဒေတွေ ကို ပြဌာန်းလာခဲ့ပါတယ်။ တချို့ ပြည်နယ်တွေကတော့ အဲဒီလို လိင်အသွင်ပြောင်းတာကိုပဲ ရာဇဝတ်မှု တစ်ခုလို သဘောထား ဆောင်ရွက်လာကြပါတယ်။
ကင်ဆာရောဂါကို ကုသဖို့ သုတေသန လုပ်ကြတဲ့အခါမှာ ပုံမှန်ဗီဇ သွေဖည်မှု ပုံစံတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုကြောင့် အနာဂတ် ဆေးကုသမှုဟာ တဦးချင်း ထူးခြားချက် အခြေခံကုသချက်မျိုး ဖြစ်လာလိမ့်မယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်