သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Joe Biden ဂျပန်နိုင်ငံရောက်


U.S. President Joe Biden visits Japan
U.S. President Joe Biden visits Japan

အာရှခရီး ဒုတိယခရီးတစ်ထောက်အဖြစ် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ဟာ ဂျပန်နိုင်ငံကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ရောက်ရှိသွားပါတယ်။ တိုကျိုမြို့အပြင်က ယိုကိုတာလေတပ်စခန်းကို ရောက်ရှိခဲ့တာပါ။

မနက်ဖန် တနင်္လာနေ့မှာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ ဂျပန်ဘုရင်တို့ကို သမ္မတဘိုင်ဒင်က တွေ့ဆုံမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ Quad လို့ သိကြတဲ့ Australia, India, Japan တို့ ပါဝင်တဲ့ (၄) နိုင်ငံ ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာပါ။

ဒီခရီးဟာ သမ္မတ ဖြစ်ပြီးတဲ့နောက် ဂျိုးဘိုင်ဒင်ရဲ့ ပထမဆုံး အာရှခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ မြောက်ကိုရီးယားက ညူကလီယာစွမ်းရည်ရှိတဲ့ ဒုံးကျည်၊ ဒါမှမဟုတ် ဗုံးကို စမ်းသပ်ပြလေမလားလို့ အမေရိကန် တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် သမ္မတဘိုင်ဒင် တောင်ကိုရီးယား ရောက်နေတုန်း အဲဒီလို စမ်းသပ်မှု ဖြစ်ပေါ်လာမလားလို့ ပူပန်ခဲ့ကြပေမဲ့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ခြိမ်းခြောက်မှုကတော့ ရှိနေဆဲပါလို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က သတင်းထောက်တွေကို ပြောပါတယ်။

တကယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းက ရိုးသားမယ်ဆိုရင် တွေ့ဆုံဖို့ ပြင်ဆင်ထားပါတယ်လို့ သမ္မတဂျိုးဘိုင်ဒင်က တောင်ကိုရီးယားနိုင်ငံခရီးမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ‌မြောက်ကိုရီးယားက တုံ့ပြန်မှု မရှိဘဲ၊ ကိုဗစ်ကပ်ဘေးနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တာတွေကိုလည်း လျစ်လျူပြုထားခဲ့ပါတယ်။ အဆင့်တစ်တောင် မရောက်သေးပါဘူးလို့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Jake Sullivan က သတင်းထောက်တွေကိုပြောပြီး၊ သမ္မတဘိုင်ဒင်ကတော့ စကားလုံးတစ်လုံးပဲ ပြောစရာရှိပါတယ်လို့ ဆိုပါတယ်။ အဲဒီစကားလုံးကတော့ “ဟဲလို” ပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

===Unicode ===





XS
SM
MD
LG