စစ်ကောင်စီ အာဏာသိမ်းပြီး (၂)လ အကြာမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အခြား နိုင်ငံရေးအင်အားစုတွေ စုပေါင်းပြီး ဖက်ဒရယ်ပြည်ထောင်စု ကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
းအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် စစ်ကောင်စီ အာဏာသိမ်းလို့ ပေါ်ထွက်လာတဲ့ နွေဦးတော်လှန်ရေး အစောပိုင်းကာလမှာ ဖက်ဒရယ်ဒီမိုကရေစီ သဘောတရား ပေါ်ပေါက်လာပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲကို အားပေးဖို့ ထောင်သောင်းချီတဲ့ နိုင်ငံတကာပွဲကြည့် ပရိတ်သတ်တွေ တဖွဲဖွဲ ရောက်လာနေကြပါပြီ။ ဒိုဟာမြို့ကနေ Celia Mendoza ပေးပို့တဲ့သတင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
စီးပွားရေးဒေါက်တိုင် ပျက်စီးပြိုကွဲရေး စစ်ကောင်စီရဲ့ စီးပွားရေးဒေါက်တိုင်တွေ ပျက်စီးပြိုကွဲသွားအောင် စစ်ဆင်တာဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရအတွက် အကောင်းဆုံး သေနင်္ဂဗျူဟာဖြစ်ကြောင်း အမေရိကန်ပါမောက္ခ အဘူဇာ သုံးသပ်ထားတာကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကမ္ဘာ့ဖလားပွဲ ပရိတ်သတ်အတွက်ရည်ရွယ်ပြင်ဆင်ထားတဲ့ ကာတာနိုင်ငံ ဟိုတယ်တွေမှာ ငှားဖို့ အခန်းလွတ်တွေ အများပြား ကျန်နေသေးတဲ့အကြောင်းနဲ့ အငြင်းပွားဖွယ် ပင်လယ်ပြင်မှာ ငါးထွက်ဖမ်းတဲ့ ဖိလစ်ပိုင်တံငါသည်တွေကတော့ တရုတ်ကမ်းခြေစောင့် ရေတပ်သင်္ဘောတွေရဲ့ ဟန့်တားမှုကို ကြုံနေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမိုဆိုးဝါး ကျဆင်းလာနေပြီး ၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ရပ်ကို ဖြည့်ဆည်း အကောင်ထည်ဖေါ်ဖို့ ပျက်ကွက်နေဆဲ ဖြစ်တယ်လို့ အာဆီယံခေါင်းဆောင်တချို့နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့က ထောက်ပြ ပြောဆိုလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
တိုင်ဝမ်မှာ ကွာရမ်တင်းဝင်စရာမလိုပဲ နိုင်ငံခြားသားခရီးသည် လာရောက်လည်ပတ်မှုကို ပထမဆုံးအကြိမ် ပြန်ဖွင့်ပေးလိုက်တဲ့အကြောင်းနဲ့ ထိုင်း ဘန်ကောက်မြို့မှာ အမောင်းကြမ်းလွန်းတယ်လို့ လူသိများတဲ့ နံပါတ်(၈)ဘတ်စ်ကားလိုင်းကို နာမည်ကောင်းပြန်ရလာအောင် မျိုးဆက်သစ်ပိုင်ရှင်တွေက ကြိုးပမ်းနေတဲ့အကြောင်း တင်ပြထားပါတယ်။
စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာပြည် မြောက်ပိုင်းဒေသမှာ ရွှေတူးဖေါ်တဲ့လုပ်ငန်း များပြားလာတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရပုံကို ဦးအောင်ခင်က ရေးသား တင်ပြထားပါတယ်။
၂၀၂၂ နိုဝင်ဘာ(၈)ရက် အမေရိကန်မှာ ကျင်းပတဲ့ သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်တွေထဲမှာတော့ ၊ တချို့က အပြောင်းအလဲအတွက် ပါတီကိုကြည့်ပြီး မဲပေးကြသလို ၊ တချို့ကလည်း ကိုယ်စားလှယ်လောင်းတွေရဲ့ လုပ်ဆောင်ရည်ပေါ် မူတည်ပြီး မဲပေးခဲ့ကြတယ်လို့ VOA ကို ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ မကြုံစဖူးဒုံးကျည်ပစ်လွှတ်နေတာဟာ အမေရိကန်နဲ့ တောင်ကိုရီးယားနှစ် နိုင်ငံ စစ်ရေး ပူးတွဲလေ့ကျင့်မှုတွေ ဆက်လုပ်တဲ့အပေါ် ကင်ဂျုံအွန်းအစိုးရက ပြင်းထန်စွာ တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။ Carla Babb ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲမှာ အာရှနွယ်ဖွားတွေလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမှာပါ။ တက္ကဆက်ပြည်နယ် Houston မြို့လူထု ၄ ပုံတပုံလောက်ဟာ အာရှသားတွေဖြစ်ပြီး ဒီထဲက အာရှသားတချို့ ရွေးကောက်ပွဲ ဝင်ပြိုင်တာ ဖြစ်ပါတယ်။ VOA သတင်းထောက် Elizabeth Lee ပေးပို့တဲ့ သတင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
အင်ဒိုနီးရှားမှာ ဓါတ်ဆီဈေး မြင့်တက်မှုကြောင့် ဆိုင်ကယ်တက္ကဆီပြေးဆွဲသူတွေ ဝင်ငွေ ကျဆင်းလာတဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံမှာတော့ ဆယ်ကျော်သက် လူငယ်လေးတွေအတွက် အဓိကထားပြီး အရက်တု ဖျော်ရည်မျိုးစုံကို ထုတ်လုပ်ရောင်းချလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို ပြဌာန်းတာဟာ အားသာချက် ရှိသလို၊ အားနည်းချက်လည်းရှိကြောင်း ဦးအောင်ခင်က ရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာသတင်းသမားတွေ သတ်ဖြတ်ခံရပေမဲ့ အပြစ်ပေးအရေးယူတာ မရှိတဲ့အပေါ် သတင်းမီဒီယာ လွတ်လပ်ခွင့် လှုပ်ရှားသူတွေ ထောက်ပြနေကြပါတယ်။
မဲဆွယ်ပွဲတွေမှာ သမ္မတ ဂျိုး ဘိုင်ဒင်က သူ့ စီးပွားရေးအစီအစဉ်ကို အလေးပေးပြောနေပေမဲ့ ၊ ကိုဗစ်နဲ့ယူကရိန်းစစ်နောက်ဆက်တွဲ ငွေကြေးဖောင်းပွမှု လောင်စာဆီဈေး ကြီးမြင့်မှုတွေကိုဖြေရှင်းဖို့၊ ရီပတ်ဘလစ်ကန်ဖက်က ထောက်ပြနေပါတယ်။ Anita Powell ရဲ့ သတင်းလွှာ ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
တရုတ်နိုင်ငံဟာ စစ်ရေးနည်းအစား ထိုင်ဝမ်ကို စီးပွားရေးလမ်းကြောင်း ဖြတ်တောက် ပိတ်ဆို့တဲ့နည်းနဲ့ အင်အားချိနဲ့အောင် လုပ်နိုင်ခြေ ပိုများတယ်လို့ ထိုင်ဝမ်မှာ အခြေချနေထိုင်နေကြတဲ့ တရုတ်နွယ်ဖွား မြန်မာတချို့က သုံးသပ်ကြပါတယ်။
ဝ-အဖွဲ့ ၊ မိုင်းလားအဖွဲ့နဲ့ SSPP ရှမ်းအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီတို့ မကြာသေးမီက နေပြည်တော်မှာ ဆွေးနွေးကြပါတယ်။ စစ်အင်အား တောင့်တင်းတဲ့ ဝ- ဒေသကို ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ စစ်ကောင်စီက မူအားဖြင့် သဘောတူ ထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ထင်တာထက် ပိုခက်ခဲနိုင်ကြောင်း
ယူကရိန်းစစ်ပွဲကြောင့် လူသန်းပေါင်းများစွာရဲ့ဘဝတွေ ပြောင်းလဲ သွားရပါတယ်။အထူးသဖြင့် အမျိုးသမီးတွေဆိုရင် ရှေ့တန်းမှာ ကျဆုံးသွားရတဲ့ သူတို့ ခင်ပွန်းသည်တွေကြောင့် မုဆိုးမဘဝကို ရောက်ခဲ့ရပါတယ်။ အဲဒီထဲကအမျိုးသမီး ၂ ဦးရဲ့ဘဝသစ်ကို ဖြတ်သန်း နေရတဲ့အကြောင်း သတင်းပေးပို့ ထားတာကိုတော့ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ရုရှားလေကြောင်းတိုက်ခိုက်မှု ယူကရိန်းစွမ်းအင်ကုမ္ပဏီတွေ ထိခိုက်ပြီး နိုင်ငံတဝန်း မီးပျက်၊ ဗြိတိန်ဝန်ကြီးချုပ်သစ်တက်ပြီး သီတင်း ၆ ပတ် အကြာ ရာထူးကနေ နုတ်ထွက်ဖို့ ကြေညာ၊ ဒီလို တပတ်အတွင်း နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့ တင်ဆက်ထားပါတယ်။
တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်ကို အကောင်အထည်ဖေါ်နိုင်ဖို့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲတာလုပ်သင့်တယ်လို့ စစ်ကောင်စီဥက္ကဌက ကတိပေးလိုက်တာဟာ ပြည်တွင်းစစ်အရှိန်ကို လျော့ကျသွားအောင် လုပ်လိုပုံရပေမယ့် တိုင်းရင်းသားအရေး ပြဿနာကို စစ်ကောင်စီက ဖြေရှင်းပေးနိုင်မှာ မဟုတ်သေးဘူးလို့ အကဲခတ်တွေက မြင်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်