ကမ္ဘာပေါ်ကဆင်းရဲတဲ့နိုင်ငံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အဆောက်အဦတွေမှာ လုံလောက်တဲ့ လျှပ်စစ်မီးမရတာကြောင့် လူပေါင်း သန်း (၁ ထောင်) နီးပါး မကြာခနဆိုသလို အသက်ဘေးနဲ့ကြုံခဲ့ရတယ်လို့ နောက်ဆုံးထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီရင်ခံစာသစ်က ဆိုပါတယ်။
“ဒီနေ့ဈေးဟောင်းရပ်ကွက် သူတို့စာရင်းယူတဲ့အချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပစ်တယ်လို့ ကျနော် ကြားသိရတယ်။ အဲ့ပစ်တဲ့နေရာနားမှာ အဆောက်အအုံတခုရယ်၊ ပြီးရင်ဆိုင်ကယ်တွေ ပျက်စီးတာလည်းရှိတယ်။ ရဲတပ်ဖွဲ့ထဲက တယောက် ကျဆုံးတယ်လို့ ကြားသိရတယ်။”(ဟားခါး မြို့ခံ)
“ခုချိန်ထိ မလွှတ်ရသေးဘူးလို့သိရတယ်။ သူတို့ဆိုင်မှာကပ်ထားတဲ့ဟာက ဆိုင်ပိတ်တဲ့ပိုင်ရှင်တွေကိုဖမ်းတဲ့၊ ချိတ်ပိတ်တဲ့ဟာပေါ့လေ။ “အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂ အရ နေအိမ်၊ အဆောက်အဦးပိုင်ရှင်အား အရေးယူမယ့်အပြင် ပုဒ်မ ၅၆ အရ နေအိမ်၊ အဆောက်အအုံအား နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်။” အဲ့လိုစာကပ်ထားတာရှိတယ်။”(ဒေသခံ)
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် စစ်အာဏာရှင်စနစ် အခုလို သက်ဆိုးရှည်နေတာဟာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ သေနင်္ဂဗျူဟာ အားနည်းမှုနဲ့ စည်းလုံးရေး မခိုင်မာမှုကြောင့် ဖြစ်ကြောင်း ဦးအောင်ခင်က ရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဂျပန်ရိုးရာအရ နှစ်သစ်ကူးကာလကျင်းပတဲ့ ငါးလေလံတင်ပွဲမှာ Tuna ငါးကြီးတကောင် ဈေးကောင်းရလိုက်တဲ့အကြောင်းနဲ့ အာဖဂန်နစ္စတန်က NGO အဖွဲ့ထဲမှာ အမျိုးသမီးတွေကို အလုပ်ဆက်လုပ်ခွင့် မပေးတော့ဘူးလို့ တာလီဘန်တွေ ကြေညာလိုက်ပြီးနောက် ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ထိခိုက်လာရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာကျန်နေခဲ့တဲ့ ၇ နှစ်အရွယ်သမီးငယ်နဲ့ မိသားစုဘဝ ပြန်လည်ပေါင်းစည်းခွင့်ရဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီပေးကြပါလို့ ပင်လယ်ခရီးကို အသက်စွန့်ထွက်ခွာသွားရင်း လတ်တလော အင်ဒိုနီးရှားနိုင်ငံမှာ သောင်တင်နေတဲ့မိခင်တဦးက မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။
ငါးမန်းဖမ်းဆီးသတ်ဖြတ်မှုကို သဘာဝဝန်းကျင်ထိန်းသိမ်းသူတွေရဲ့ညီလာခံက တားမြစ်လာတဲ့အတွက် ဟောင်ကောင်ကျွန်းက ငမန်းတောင် ရောင်းဝယ်ရေးလုပ်ငန်း ထိခိုက်လာနိုင်တဲ့အကြောင်းနဲ့ ကျန်းမာရေးအတွက်စားတဲ့ kale အရွက်စိမ်း စိုက်ပျိုးရေးလုပ်ငန်း တောင်ကိုရီးယားမှာ အလုပ်ဖြစ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ(၇၅)နှစ် ရှိလာပေမယ့် ဗမာစစ်တပ်ကြီးစိုးမှုကို တိုင်းရင်းသားတွေ ခုခံ တိုက်နေရဆဲဖြစ်ပါတယ်။ ဗမာစစ်တပ်ဟာ အပေါ်စည်းရဖို့ကိုသာ ရည်ရွယ်တာမို့ စစ်ပရိယာယ်အနေနဲ့ ဆွေးနွေးနေကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ အပါအဝင် အကျဉ်းသားတွေကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့အပေါ် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ အကဲခတ်တွေက သတိထား ကြိုဆိုလိုက်ကြပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် - စစ်ကောင်စီ အာဏာသိမ်းချိန်ကစပြီး ၊ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာမို့ စစ်ရှောင်ပြည်သူတွေလည်း တိုးပွားနေပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း အာရှစီးပွားရေး သတင်းတွေကို စုစည်းပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံတွေက ရုရှားရေနံစိမ်းကို ဈေးနှိမ်သတ်မှတ်လိုက်ချိန်မှာ အိန္ဒိယနိုင်ငံက ရုရှားရေနံကို ပိုဝယ်ဖို့ လုပ်ဆောင်လာတဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံမှာတော့ ယာမနာ့ရှိခရိုင်က နာမည်ကျော် Koshu ကိုရှုဝိုင် ထွက်နှုန်း ကျမသွားရအောင် ကြိုးပမ်းလုပ်ဆောင်နေကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ နီးလာချိန်မှာပဲ အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့ကို နှင်းမုန်တိုင်းကြီး ဖြတ်သန်းဖို့ ရှိနေတာမို့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေလည်း စိုးရိမ်တဲ့ကြားက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ ဒေသခံ မြန်မာတွေနဲ့ ဆက်သွယ်ထားတဲ့ ကိုဉာဏ်ဝင်းအောင်က ဒီအကြောင်းကို တင်ပြမှာပါ။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် ဘိန်း စိုက်ပျိုးပြီး ဘဝရပ်တည်နိုင်အောင် ကြိုးပမ်းနေကြတဲ့ အမျိုးသမီးတွေအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အကြီးတန်း အစိုးရ ဝန်ထမ်းဟောင်း အမျိုးသမီးတဦးကို သြစတြေးလျရဲ့ ပြည်ပ ထောက်လှမ်းရေးဌာန ရဲ့ ပထမဆုံးသော အမျိုးသမီး အကြီးအကဲ အဖြစ် ခန့်အပ်ဖို့ ရှိနေပါတယ်။ ဆစ်ဒနေမြို့ကနေ Phil Mercer ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နောက်ထပ် ၁ နှစ်ဆက်ထားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၁၆ သောကြာနေ့က အတည်ပြုလိုက်ပါတယ်။
ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာမယ့် အလားအလာတွေနဲ့ ပတ်သက်လို့ ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ကာကွယ်ရေး အသုံးစရိတ်ဥပဒေ NDAA မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထည့်သွင်းထားတဲ့အပေါ် တက်ကြွလှုပ်ရှားသူတွေ ကြိုဆိုလိုက်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင် က စုစည်းတင်ပြထားပါတယ်။
ဂျပန်နိုင်ငံမှာ Sento ခေါ် လူအများသုံး ၊ ရေနွေးစိမ်ပြီး အပန်းဖြေလို့ရတဲ့ ရေချိုး ခန်းတွေ တစစ တိမ်ကောလာတာကြောင့် ဒါကိုထိမ်းသိမ်းဖို့ မျိုးဆက်သစ်တွေ ကြိုးပမ်းနေတဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံ မှာတော့ ပုရစ်-အသားညှပ်ပေါင်မုန့် ဘာဂါတွေကို တီထွင် ရောင်းချလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထား ပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ အလိုအလျှောက် မောင်းနေတဲ့ ဘတ်စ်ကားတွေကို စတင် စမ်းသပ်ပြေးဆွဲနေတဲ့အကြောင်းနဲ့ ဗီယက်နမ် VinFast ကားကုမ္ပဏီထုတ် လျှပ်စစ်ကားတွေကို အမေရိကန်ဈေးကွက်ထဲ အရဲစွန့်ပြီး ထိုးဖေါက်နိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်