NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းကလို ပါတီကိုကြည့်ပြီး မဲပေးကြပါဆိုတာထက် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကိုကြည့်ပြီး မဲပေးကြပါဆိုတဲ့ ဆောင်ပုဒ်ကို ပြောင်းလဲ ကျင့်သုံးသွားဖို့ရှိကြောင်း ပါတီပြန်ကြားရေးကော်မီတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတန်းတူအခွင့်အရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ မူဝါဒတွေကနေ ပြောင်းလဲ သွေဖီသွားခြင်း မရှိသေးဘူးလို့ ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အခုလထဲကျင်းပဖို့ရှိတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် ဘုံသဘောတူညီချက် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြည်ထောင်စု Institute က ဒါရိုက်တာ ဦးခွန်စိုင်းက ပြောပါတယ်။ ဦးခွန်စိုင်းကို ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ပေးမှုနဲ့ ပညာသင်ကြားခွင့်ရကြတဲ့မြန်မာလူငယ်တွေကိုယ့်တိုင်း တိုးတက်ရေးအတွက်ကဏ္ဍစုံမှာ ပြန်လည်လုပ်ကိုင်ပြီး ကောင်မြင်မှုရနေကြတာကို မြင်ရတဲ့အတွက် ဝမ်းသာမိကြောင်းအမေရိကန်ပြည်ထောင်စု ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Marie Royce ကပြောပါတယ်။
အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ပေးမှုနဲ့ ပညာသင်ကြားခွင့်ရကြပြီး ကိုယ်တိုင် တိုးတက်ရေးအတွက် နယ်ပယ် ကဏ္ဍစုံမှာ ပြန်လည်လုပ်ကိုင်ပြီး ကောင်မြင်မှုရနေကြတာကို မြင်ရတဲ့အတွက် ဝမ်းသာမိကြောင်း အမေရိကန်ပြည်ထောင်စု ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Marie က ပြောကြားလိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော်က စက်တင်ဘာ ၂၄ ရက်နေ့မှာ မဲခွဲဆုံးဖြတ်လိုက်တဲ့ BURMA Act ၂၀၁၉ ဟာ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို တိတိကျကျ မသိရဘဲ လုပ်ဆောင်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ လက်ရှိအာဏာရ NLD ပါတီ ပြောခွင့်ရက တုံ့ပြန်လိုက်ပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့ဟာ ၁၉၈၈ ခုနှစ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီမိုကရေစီအရေး အတွက် ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လူထု လှုပ်ရှားမှုကြီးကို မြန်မာစစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို အမေရိကန်က တိုက်ရိုက် ဖိအားပေး ပြောဆိုမှုတွေ ရှိနေသလို၊ အာဆီယံအဖွဲ့ကတဆင့်လည်း ဖိအားပေး လုပ်ဆောင်မှုတွေ ရှိနေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton ပြောကြား လိုက်ပါတယ်။
ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရကို အမေရိကန်က တိုက်ရိုက်ဖိအားပေး ပြောတာရှိနေသလို၊ အာဆီယံအဖွဲ့ကတဆင့်လည်း ဖိအားပေးတာလည်းရှိကြောင်း အမျိုးသားလုံခြုံရေးအကြံပေး John Bolton က ဗွီအိုအေက Greta Van Susteran နဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
တရုတ်ရဲ့ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ မူဝါဒတွေကို သမ္မတ Trump က ဝေဖန်တိုက်ခိုက်လေ့ရှိပေမဲ့ ဟောင်ကောင်အရေး ဖိအားပေးကိုင်တွယ်မှုကိုတော့ မဝေဖန်ပါဘူး။ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးအကြား တင်းမာမှုတွေဟာ အချင်းချင်းဖြေရှင်းရမယ့်ကိစ္စလို့ ဆိုပါတယ်။ Zlatica Hoke ရဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ဟောင်ကောင်ကျွန်းမှာ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ အကြမ်းဖက်မှုတွေ မဖြစ်ပေါ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်ကြဖို့ အမေရိကန်ပြည်ထောင်စု နဲ့ ကနေဒါနိုင်ငံတို့ က တိုက်တွန်းလိုက်ပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုဇော်ဝင်းလှိုင်က တင်ပြပါမယ်။
လူဖြူကြီးစိုးရေးဝါဒီလို့ ယူဆရသူ လူငယ်တဦးက Texas ပြည်နယ်၊ El Paso မြို့မှာ ပစ်ခတ်မှုအတွင်း လူ ၂၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်က သမ္မတ Donald Trump ရဲ့ လူမျိုးရေးခွဲခြားတဲ့ စကားလုံးသုံးနှုန်းပြောဆိုမှုတွေအပေါ် အများက အာရုံစိုက်စရာ ပြန်ဖြစ်လာပါတယ်။ Brian Padden ရဲ့ သတင်းလွှာကို ကိုဇာ်ဝင်းလှိုင်က တင်ပြပေးပါမယ်။
တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြားဖြစ်နေတဲ့ ကုန်သွယ်ပဋိပက္ခမှာ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၀% တိုးကောက်ခြင်းဟာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးရေး စနေနေ့က တောင်းဆို ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံ သုံးစွဲခဲ့တဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင် ဝေဖန်လိုက်ပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
Michigan ပြည်နယ်၊ Detroit မြို့မှာ ဒီမိုကရက်ပါတီသမ္မတလောင်းတွေ ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို ဒီသတင်းပတ်ထဲ ကျင်းပပါမယ်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ နိုင်ငံရေးအယူဆ၊ မူဝါဒတွေမှာ မိမိ ပြိုင်ဖက် ထက် သာတယ်ဆိုတာ ပြနိုင်ဖို့ ကြိုးစားကြရမှာပါ၊ Mike O’Sullivan ရဲ့ သတင်းလွှာကို ကိုဇော်ဝင်းလှိုင်က တင်ပြပါမယ်။
ရုရှားနိုင်ငံက အဓိက အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ရက် ၃၀ အကျဉ်းချလိုက်ပြီးတဲ့နောက် တခြား အတိုက်အခံ နိုင်ငံရေးသမား ၈ ဦးကို ကြာသပတေးနေ့မှာ အာဏာပိုင်တွေက ခေါ်ယူ မေးမြန်းခဲ့ပါတယ်။
ရေမြင်းတွေရဲ့ မစင်တွေဟာ ရေနေသတ္တဝါတွေအတွက် မရှိမဖြစ်လိုတဲ့ ဂေဟစနစ်ကို အထောက်အကူပြုစေတဲ့ အဟာရဓါတ်တွေ ပါဝင်ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ရေမြင်းတွေအကြောင်း နောက်ဆုံး သုတေသန ပြုလုပ်နေကြတဲ့ ကင်ညာနိုင်ငံကနေ ဗွီအိုအေသတင်းထောက် Deborah Block သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
လူမျိုးရေး ခွဲခြားဆက်ဆံတဲ့အနေနဲ့ လူဖြူမဟုတ်တဲ့ အမေရိကန် အမျိုးသမီးလွှတ်တော်အမတ် ၄ ဦးကို မူရင်းနိုင်ငံတွေကို ပြန်သွားကြဖို့ သမ္မတ Trump က ပြောလိုက်တာကြောင့် ဒီမိုကရက်တွေနဲ့ သမ္မတအကြား တင်းမာမှုတွေ တိုးမြင့် ဖြစ်ပေါ်နေပါတယ်။ Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်