သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေ့ပြောင်းအလုပ်သမားများနှင့် ပြည်တွင်း အလုပ်အကိုင်ဖန်တီးရေးပြဿနာ


ထိုင်းနိုင်ငံ၊ X-Ray စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (ဓာတ်ပုံ-JACBA )
ထိုင်းနိုင်ငံ၊ X-Ray စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (ဓာတ်ပုံ-JACBA )

မြန်မာနိုင်ငံမှာ အုပ်ချုပ်တဲ့စံနစ် ပြောင်းသွားခဲ့ပေမယ့် မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဒေသတွင်းက တခြားနိုင်ငံတွေကို အလုံးအရင်းနဲ့ထွက်ပြီး အလုပ်အကိုင် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။ အခုရက်ပိုင်း ထိုင်းနဲ့ မလေးရှားနိုင်ငံတွေအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံနေကြရတာကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်စီးပွား အခြေအနေဟာ အခြေခံ လူထုအတွက် ကနေ့အချိန်ထိ အထောက်အကူ မပြုနိုင်သေးဘူးဆိုတာ သိသာပါတယ်။ အစိုးရစံနစ်တွေ ပြောင်းလဲသွားပေမယ့် ဆင်းရဲ မွဲတေမှုတွေကို ခါးစည်းခံနေကြရပြီး ပြည်ပကို အလုပ်ထွက်လုပ်နေကြတဲ့ မြန်မာ နိုင်ငံသားတွေရဲ့ အခက်အခဲနဲ့ ဘ၀ အခြေအနေတွေ အကြောင်း ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်၊ မြန်မာနိုင်ငံထဲမှာ အလုပ်သမား အခွင့်အရေးတွေကို အစဉ်တစိုက် ကူညီဆောင်ရွက်ပေးခဲ့သူလည်းဖြစ်၊ လက်ရှိမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာ အလုပ်သမားအရေး အကြံပေးအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်တဲ့ ဦးရဲနိုင်ဝင်းတို့နဲ့ ကိုဇော်ဝင်းလှိုင်က ဆွေးနွေး တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG