လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Marie Royce နဲ့ မြန်မာ လူငယ်တွေ တွေ့ဆုံပွဲ
မြန်မာနိုင်ငံက ကျောင်းသား၊ လူငယ်တွေ အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ပေးမှုနဲ့ ပညာသင်ကြားခွင့်ရကြပြီး ကိုယ့်တိုင်း တိုးတက်ရေးအတွက် နယ်ပယ် ကဏ္ဍစုံမှာ ပြန်လည်လုပ်ကိုင်ပြီး ကောင်မြင်မှုရနေကြတာကို မြင်ရတဲ့အတွက် ဝမ်းသာမိကြောင်း မနေ့က ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ကျင်းပတဲ့ တွေ့ဆုံပွဲမှာ အမေရိကန်ပြည်ထောင်စု ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Marie Royce က ပြောကြားပါတယ်။ ကာလတို၊ ကာလရှည် ပညာသင်ကြားနိုင်မယ့် အစီအစဉ်တွေ လက်ရှိထက် ပိုပြီး တိုးချဲ့လုပ်ဆောင်နိုင်အောင် သူ့အနေနဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marciel ကလည်း ပြောပါတယ်။ ဒီအခမ်းအနားကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြပေးပါမယ်။