သမ္မတ Donald Trump နဲ့သူ့အစိုးရအပေါ် ဝေဖန်ပြောဆိုခဲ့တဲ့ ဝါရှင်တန်က ဗြိတိသျှသံအမတ်ကြီး Kim Darroch ဒီကနေ့ပဲအလုပ်က နုတ်ထွက်သွားပါပြီ။
အီရန်က ကန့်သတ်ချက်ထက် ကျော်လွန်ပြီးယူရေနီယံ သန့်စင်မှုတိုးမြင့် လုပ်ဆောင်လာတာကြောင့် အီရန်အနေနဲ့ အမေရိကန်ရဲ့ သည်းခံနိုင်စွမ်းကို မစမ်းသင့်ဘူးလို့ ထိပ်တန်း အမေရိကန်အရာရှိတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Cindy Saine ဝါရှင်တန်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ဝါရှင်တန် ဒီစီမြို့က နှစ်စဉ်ကျင်းပမြဲ အမေရိကန်လွတ်လပ်ရေးနေ့ကို ဒီနှစ်မှာတော့ စစ်အင်အားတွေ ပြတာ၊ သမ္မတ Donald Trump ရဲ့ မျိုးချစ်စိတ်ထက်သန်စေရေး မိန့်ခွန်းပြောကြားတာ စတဲ့ တမူထူးခြားတဲ့ အစီအစဉ်တွေနဲ့ ကျင်းပခဲ့ပါတယ်။
ဆူဒန်နိုင်ငံက ပဋိပက္ခအပါအဝင် အာဖရိကတိုက်အတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာမျိုးစုံကြောင့် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ အီဂျစ်နိုင်ငံကို ရောက်လာနေကြတာကြောင့် အိမ်ရှင်နိုင်ငံအတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်နေကြောင်း ဗွီအိုအေသတင်းထောက် Edward Yeranian က သတင်းပေးပို့ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ AA ရခိုင့်တပ်မတော်တို့အကြားတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ဒေသတွေမှာ အစိုးရက အင်တာနက်ဆက်သွယ်မှုတွေ ဖြတ်တောက်လိုက်တာဟာ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ သတင်းလွတ်ခွင့်တို့အတွက် စိုးရိမ်စရာဖြစ်စေကြောင်း RSF နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ပြောလိုက်ပါတယ်။
ဆင်းရဲနွမ်းပါးနေတဲ့ ပါကစ္စတန်မိဘတွေက ငွေမျက်နှာကိုကြည့်ပြီး သူတို့ရဲ့သမီးတွေကို တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ဖို့ ရောင်းစားနေကြတယ်ဆိုတာကို လူမှောင်ခိုကူးသူတွေကို ဆက်တိုက် ဖမ်းဆီးမိရာက ပေါ်လာခဲ့ပါတယ်။
သမ္မတ Donald Trump ဟာ ဒုတိယသမ္မတ သက်တမ်းအတွက် ထပ်မံ ရွေးကောက်ခံမယ့်အကြောင်း ရွေးကောက်ပွဲအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ဖလော်ရီဒါပြည်နယ်မှာ ဒီကနေ့ စတင် ကြေညာတော့မှာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Jim Malone ဝါရှင်တန် ဒီစီမြို့ကနေ သတင်းပေးပို့ထားတာကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။
မြန်မာအခြေအနေတွေကို နိုင်ငံတကာမီဒီယာသမားအတော်များများက မသိကြပေမယ့် နိုင်ငံအသီးသီးမှာ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားတဲ့ သတင်းထောက်တွေကို ဂုဏ်ပြုတဲ့အထဲ လုံခြုံရေးတပ်ဖွဲ့ရဲ့လက်ထဲမှာ ကွယ်လွန်သွားတဲ့ သတင်းထောက် ကိုပါကြီးရဲ့ပုံလည်း ပါတာကို တွေ့ရတယ်လို့ IFJ ညီလာခံကို တက်နေတဲ့ ဒေါ်အိအိတင်က ပြောပါတယ်။
သဘောထားကွဲပြားမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပြည့်နေတဲ့ ကမ္ဘောဒီးယာ းနိုင်ငံရေးမှာ အတိုက်အခံနဲ့ အစိုးရအကြား သဘောထားတိုက်ဆိုင်စရာ အကြောင်းအရာတခု ပေါ်လာခဲ့ပါတယ်။ ဒါကတော့ မြို့တော် ဖနွမ်းပင်မှာ နှစ်ဘက်အုပ်စုတွေ အတူတကွ မုန့်ဟင်းခါးစားခဲ့ကြတာပါ။ ဒီအကြောင်း AP သတင်းပေါ် အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဘိန်းထုတ်လုပ်မှုနဲ့ မှောင်ခိုကူးမှုတွေ ကျဆင်းအောင် လုပ်ဆောင်နေပေမယ့်လည်း ကမ္ဘာမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းထောက် Jayson Albano သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ပြည်သူ့စာဆို စာရေးဆရာကြီး ဗန်းမော်တင်အောင် ရာပြည့်အကြို အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ စာပေဗိမာန် ခမ်းမမှာကျင်းပခဲ့တာမှာ မြန်မာနိုင်ငံ စာရေးဆရာအသိုင်းဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ ဆရာကြီး ဗန်းမော်တင်အောင်ကို လေးစားချင်ခင်ကြတဲ့ ဧည့်ပရိတ်သတ်တွေ တက်ရောက်ခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ Facebook လူမှုကွန်ယက်ကို အသုံးပြုပြီး အမုန်းတရားပြန့်ပွားစေတဲ့ ဝါဒဖြန့်ချိမှုအပါအဝင် စီးပွားရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တာကြောင့် အဲဒီ အကောင့်တွေနဲ့ တခြား စစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ အကောင့်တွေကို ပိတ်ပေးဖို့ Burma Campaign UK အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ တီယန်နန်မင်ရင်ပြင်မှာ ဆန္ဒပြကျောင်းသားတွေကို တရုတ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။ အဲဒီအချိန်က ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ Anna Kook က သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။
ဇွန်လ ၃ ရက်နေ့မှာစတင်တဲ့ သမ္မတ Trump ရဲ့ ဗြိတိန်နိုင်ငံခရီးစဉ်က အမေရိကန်နဲ့ ဗြိတိန်ကြားက ထူးခြားတယ်လို့ သတ်မှတ်ကြတဲ့ ဆက်ဆံရေးအပေါ် အာရုံစိုက်စရာ ဖြစ်လာပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ဗြိတိန်နိုင်ငံသားတွေရဲ့သဘောထားအမြင် ဘယ်လိုရှိပါသလဲ။ Patsy Widakuswara ရဲ့ သတင်းလွှာကို ကိုဇော်ဝင်းလှိုင်က တင်ပြပါမယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ဗြိတိသျှဘုရင်မကြီး Elizabeth ရဲ့ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံကို ဇွန်လ ၃ ရက်နေ့မှာ တရားဝင် သွားရောက် လည်ပတ်မှာဖြစ်ပါတယ်။
သမ္မတ Trump ဟာ တရားရေးကို နှောက်ယှက်ခဲ့ခြင်းမရှိဘူးလို့ ယူဆလို့ မရကြောင်း ရုရှားအရေး အထူးစုံစမ်းရေးမှူး Mueller ပြောဆိုသွားပြီး သမ္မတကတော့ သူဘာသာသူ အပြစ်မရှိကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုဟာ ဒီမှာတင် အဆုံးသတ်သွားပြီဖြစ်ကြောင်း ကြေညာပါတယ်။ Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် တင်ပြပါမယ်။
အင်္ဂလန်က ဘောလုံးသမား Wayne Rooney ကိုအားကျခဲ့တဲ့ အသက် ၁၉ နှစ်အောက် တိုက်စစ်မှူး စန်းသော်သော်ဟာ ဘောလုံးသမားဖြစ်ဖို့ ကလေးဘဝကတည်းက လယ်ကွင်းတွေထဲမှာ လေ့ကျင့်ခဲ့တာပါ။
သီရိလင်္ကာနိုင်ငံမှာ ဧပြီလအတွင်း ဖြစ်သွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက် ဆက်နွယ်နေတယ်လို့ သံသယဖြစ်ခံရပြီး မြန်မာနိုင်ငံမှာ ရောက်နေတယ်ဆိုသူကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖမ်းဆီ မိလိုက်ပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်