နေရပ်ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ပြည်တွင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသူတွေအရေးကိစ္စဟာ အစိုးရအတွက်ရော၊ အလုပ်သမား အဖွဲ့အစည်းတွေကြားမှာပါ အပူတပြင်း ကိုင်တွယ်ရမယ့် ပြဿနာဖြစ်လာပါတယ်။
အဖျော်၊ အချိုရည်ထုတ်လုပ်နေတဲ့ Kirin ကုမ္ပဏီအနေနဲ့ မြန်မာစစ်တပ်နဲ့ အဆက်အဆံတွေဖြတ်ချင်းအားဖြင့် ကုမ္ပဏီက ချမှတ်ထားတဲ့ လူ့အခွင့်အရေးစံနှုန်း၊ စံထားတွေနဲ့ တရားမျှတမှုကို လေးစားလိုက်နာမှုပြဖို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က တိုက်တွန်းပါတယ်။
ကလေးသူငယ်များနဲ့ လက်နက်ကိုင်များ ပဋိပက္ခဆိုင်ရာ ၂၀၂၀ ခုနှစ် ကုလအစီရင်ခံစာမှာ မြန်မာစစ်တပ်ကို အခုလို ပယ်ဖျက်လိုက်တဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ကလေးသူငယ်အရေး လုပ်နေသူတွေက ကြိုဆိုလိုက်ပါတယ်။
မြန်မာပြည်တွင်း ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းကို အိန္ဒိယအစိုးရက အပြီးသတ်ဖို့ လိုလားနေသလို COVID ကပ်ရောဂါ အလွန်မှာလည်း မြန်မာနဲ့ စီးပွားရေး အတူချဲ့ထွင်နိုင်ဖို့ အိန္ဒိယအစိုးရက ဆန္ဒရှိနေပါတယ်။
တနှစ်ကို ဒေါ်လာဘီလီယံ ရာနဲ့ချီလည်ပတ်နေတဲ့ ကမ္ဘာ့တဝန်း ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဝင်ငွေက COVID-19 ကာလအတွင်းမှာ ကျသွားပါတယ်။ အလုံးအရင်းနဲ့ နေရပ်ပြန်ကြတဲ့ သူတွေထဲမှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေဆီက ဝင်ငွေကရော ဘယ်လောက်အထိ ကျသွားနိုင်ပါလဲ၊ ပညာရှင်တချို့နဲ့ အလုပ်သမားအရေးကူညီသူတွေရဲ့ အမြင်ကိုတင်ပြထားပါတယ်။
ကမ္ဘာ့ကပ်ရောဂါဖြစ်နေတဲ့ အတောအတွင်း ကလေးလုပ်သားအရေအတွက် များလာမလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ နိုင်ငံတကာအဖွဲ့အစည်းတချို့ သတင်းထုတ်ပြန်ချက်၊ ပြည်တွင်းက ကလေးသူငယ်အခွင့်အရေး ကာကွယ်တဲ့အဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်ကို တင်ပြပေးပါမယ်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုရှိလာပြီး တဖြည်းဖြည်းကောင်းမွန်လာတဲ့ မြန်မာ့စီးပွားရေးက COVID-19 ကပ်ရောဂါကြောင့် နောက်လှည့်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ NLD အစိုးရတက်လာပြီး ပထမနှစ်သက်တမ်းမှာ မြန်မာ့စီးပွားရေး ၅.၉ ရှိပြီး ဒုတိယနှစ်မှာ ၆.၄ အထိတက်ခဲ့ပါတယ်။
သက်တမ်းထပ်တိုးဖို့ရှိတဲ့ မြစ်ကြီးနားစီးပွားရေးဇုံ အကောင်အထည်ဖော်ဆောင်ရွက်ရေး သဘောတူညီမှုအဆင့်ဆင့်မှာ ပွင့်လင်းမြင်သာမှု အားနည်းနေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြနေတယ်ဆိုတဲ့ သတင်းကို ကိုဇော်ထက် ပြောပြမှာပါ။
အာဏာရ NLD ပါတီရဲ့ အချိန်မတိုင်ခင် ရွေးကောက်ပွဲ မဲဆွယ်တဲ့ပုံစံတွေအပေါ်ပါတီတချို့က ဝေဖန်လိုက်ပြီး ရွေးကောက်ပွဲ နိုဝင်ဘာလထဲ အဆောတလျင် မလုပ်ဖို့ တိုင်းရင်းသားပါတီတချို့က ပြောလိုက်တဲ့သတင်းကို ကိုဇော်ထက် တင်ပြပေးမှာပါ။
ရက်လွန်နေထိုင်သူတွေနဲ့ ပြစ်ချက်ရှိလို့ ထိန်းသိမ်းခံထားသူ မြန်မာနိုင်ငံသား အယောက် ၃,၀၀၀ ကျော်စာရင်းကို မလေးရှားအစိုးရဘက်က ပေးပို့ထားပေမဲ့ စစ်ဆေးတာတွေ လုပ်ပြီးမှ ပြန်လက်ခံသွားမယ်လို့ မလေးရှားမြန်မာသံရုံးက သံရုံးအုပ် ဦးကိုကိုလွင်က ဗွီအိုအေကို ပြောပါတယ်။
ဇွန်လ ၄ ရက် အထိ ဆိုရင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၀၀,၀၀၀ ကျော်လာတဲ့ အိန္ဒိယက မြန်မာနိုင်ငံသားတွေ၊ အထူးသဖြင့် ချင်းတိုင်းရင်းသားတွေ ပြန်လာနိုင်ဖို့ ချင်းပြည်နယ် အစိုးရက ကြိုးစားနေပါတယ်။
ပြည်ပရောက် မြန်မာလုပ်သားတွေ အထူးသဖြင့် ထိုင်းနဲ့ တရုတ်နိုင်ငံက ပြန်ဝင်လာမယ့် မြန်မာလုပ်သားတွေ နယ်စပ်က COVID ရောဂါကန့်သတ် စောင့်ကြည့်ရေးစခန်းမှာ ရှိနေချိန် စားဝတ်နေရေး အထောက်အပံ့တွေ ပေးသွားမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတင်းထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲဝင်ရွေးခံမယ့် NLD ပါတီကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ဇွန်လထဲမှာ ပေးပို့ရမယ်လို့ အာဏာရ NLD ပါတီရဲ့ဗဟို တာဝန်ရှိသူတွေကပြောဆိုရာမှာ ဘယ်လိုစံနှုန်းထားပြီး ကိုယ်စားလှယ်တွေ ရွေးမလဲ မေးမြန်းထားတာကို ကိုဇော်ထက် တင်ဆက်ပေးပါမယ်။
ဘင်္ဂလားဒေ့ရ်ှက ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရမှုတွေတိုးလာပြီး၊ သီးသန့်ခွဲစောင့်ကြည့်ခံရသူဟာလည်း ၁၅,၀၀၀ ဝန်းကျင် ရှိလာတာမို့ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေဘက်က ဒုက္ခသည်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြတဲ့သတင်း ပြောပြပါမယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့တွေနဲ့ တရုတ် ယူနန်အစိုးရ မေလ ၂၇၊ ၂၈ လောက် မူဆယ်မြို့မှာတွေ့ပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စဆွေးနွေးဖို့ ပြောထားပေမဲ့ တရုတ်ဘက်က ရက်ရွှေ့ထားလို့ ဒီရက်ပိုင်းတွင်း တွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။
တရုတ်နိုင်ငံထုတ် ဖောက်ခွဲရေးသုံးပစ္စည်းတွေ တင်လာတဲ့ ကုန်ကားတစီးကို မူဆယ်ကုန်သွယ်ရေးဇုန်မှာ မနေ့က နေ့လယ်ပိုင်းက ဖမ်းမိပြီး ဒီနေ့လယ်ပိုင်း မူဆယ်မှာ လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်းကို တင်ဆက်ပေးမှာပါ။
COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလ နိုင်ငံတကာကုန်သွယ်ရေကြောင်း သင်္ဘောပေါ်က သင်္ဘောသားတွေ အလဲအလှယ်ကို မလုပ်နိုင်ဘဲ နေရပ်ပြန်ဖို့ အခက်အခဲနဲ့ သဘောၤပေါ်ပိတ်မိနေတဲ့အထဲ မြန်မာသင်္ဘောသားတွေလည်း ရှိနေတယ်ဆိုတဲ့ သတင်းပြောပြပါမယ်။
အဂတိလိုက်စားတယ်ဆိုတဲ့ စွဲချက်နဲ့ အချိန်တနှစ်ကြာ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်းကို အလုပ်နဲ့ ထောင်ဒဏ် နှစ် ၃၀ ကျခံဖို့ တိုင်းတရားလွှတ်တော်က ဒီကနေ့ အမိန့်ချလိုက်တဲ့အပေါ် အမြင်အမျိုးမျိုးကို တင်ပြပေးမှာပါ။
တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ မြန်မာကုန်သည်တွေ နစ်နာကြတဲ့အခြေအနေကိုဖြေရှင်းဖို့ မြန်မာတာဝန်ရှိသူတွေနဲ့ တရုတ် ယူနန်ပြည်နယ် တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးကြတဲ့သတင်း ပြောပြပါမယ်။
အနှစ် ၂၀ အတွင်း အပြင်းထန်ဆုံးလို့ဆိုတဲ့ Amphan ဆိုင်ကလုန်းမုန်တိုင်းဟာ အခု မေလ ၂၀ ရက် ညနေပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ စတင်ဝင်ရောက်နေပြီး အကူအညီတွေလိုအပ်နေတဲ့ Cox's Bazar ခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အခြေအနေတွေ ပိုဆိုးလာမှာ၊ ရေကြီး မြေပြိုမှုတွေရှိလာမှာ စိုးရိမ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်