COVID ရောဂါ အကြပ်အတည်းကာလအပြီး စီးပွားရေး နောက်ဆက်တွဲ ဆိုးကျိုးတွေကနေ မြန်မာနိုင်ငံကို ပြန်ပြီး ထူထောင်ပေးနိုင်ဖို့ ကမ္ဘာ့ဘဏ်မှာ ပံ့ပိုးရေး အစီအစဉ်တွေ ရှိနေတယ်ဆိုတဲ့ သတင်းကို တင်ဆက်ပေးမှာပါ။
ကရင်ပြည်နယ်က တန် ၄၀၀၀ မြိုင်ကလေး ဘိလပ်မြေစက်ရုံ ပိတ်ပေးဖို့ တောင်းဆိုလှုပ်ရှားခဲ့သူကို ပြည်နယ်အုပ်ချုပ်ရေးက တရားစွဲထားတဲ့ နောက်ဆက်တွဲ အခြေအနေကို တင်ပြပေးမှာပါ။
တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ထုတ်ပြန်ထားတဲ့ ည ၁၀ နာရီက မနက် ၄ နာရီ မထွက်ရဆိုတဲ့ ကြေညာချက်ကို လာမယ့်မေလ ၁၅ ရက်ကစလို့ ည ၁၂ ကို လျှော့ချလိုက်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာလိုက်ပါတယ်။
တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က ပို့ကုန်တန်ဖိုးဟာ မနှစ်ကထက် လျော့ကျသွားပြီး၊ သွင်းကုန်မှာတော့ ပိုများလာပါတယ်။ အထူးသဖြင့် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အတားအဆီး အကန့်သတ်တွေဆက်ရှိနေဦးမယ်ဆိုရင် မြန်မာပို့ကုန်အတွက် ခက်ခဲနေဦးမှာပါ။
မြန်မာနယ်စပ်ကုန်သွယ်ရေး အထူးသဖြင့် တရုတ်၊ ထိုင်း နယ်စပ်ကုန်သွယ်ရေး နှစ်ခုကို ပိတ်မထားပေမဲ့ COVID-19 ကြောင့် တဘက်နိုင်ငံရဲ့ လူအဝင်အထွက် အကန့်အသတ်တွေ၊ ကုန်စည်ပို့ဆောင်ရေး အစစ်အဆေးတွေကြောင့် ကြန့်ကြာမှုတွေရှိပြီး မြန်မာပို့ကုန်အပေါ် ထိခိုက်မှုရှိခဲ့ပါတယ်။
ဝန်ထမ်းထောင်ချီရှိတဲ့ လှိုင်သာယာ ချန်းရိဖိနပ်စက်ရုံက ဝန်ထမ်းတယောက် COVID-19 ကူးစက်ခံရပြီးနောက်ပိုင်း ရန်ကုန်တိုင်းရဲ့ လူဦးရေအထူထပ်ဆုံး စက်ရုံဝန်ထမ်း အများဆုံးရှိတဲ့ ဒီမြို့နယ်အတွက် အများစုက စိုးရိမ်မှုတွေ ရှိနေကြတာပါ။
COVID-19 ကြောင့် တကမ္ဘာလုံး စီးပွားရေးကျနေချိန်၊ ကုန်ထုတ်လုပ်ငန်းတွေ ရပ်ဆိုင်းထားချိန် အလုပ်သမားအခွင့်အရေး တောင်းဆိုလာတဲ့သူတွေပေါ် အစိုးရက ဖမ်းဆီး၊ ထောင်ချတာတွေ မလုပ်သင့်ဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
COVID-19 ရောဂါ ကာကွယ်ဖို့ မြန်မာ- တရုတ် နယ်စပ်ကုန်စည်ပို့ဆောင်ရေးမှာ တရုတ်ဘက်က စည်းကမ်းချက်တွေ၊ မူဝါဒတွေ အမျိုးမျိုး ပြောင်းနေပါတယ်။ မကြာခဏအပြောင်းအလဲတွေဖြစ်လို့ ကုန်စည်ပို့ဆောင်ရေးမှာ မြန်မာဘက်က အခက်အခဲ ဖြစ်ရပါတယ်။
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာ လအတော်ကြာ ပိတ်မိနေပြီး နေရပ်ပြန်ဖို့ ဆန္ဒရှိတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်အတွက် တရုတ်နိုင်ငံ မြန်မာသံရုံးဘက်က စီစဉ်နေတယ်ဆိုတဲ့ သတင်းကို တင်ပြပေးမှာပါ။
စက်ရုံပေါင်း ၈,၀၀၀ ကျော်ရှိတဲ့ မန္တလေးတိုင်းက စက်ရုံ ၃၀၀ လောက် ပြန်ဖွင့်ခွင့်ရပြီး လုပ်ငန်းလည်ပတ်နေပါပြီ။ ဒါကတော့ ကျန်းမာရေးဝန်ကြီးဌာန ဦးစားပေး စစ်ဆေးတဲ့အထဲက စက်ရုံတွေဖြစ်ပါတယ်။ မန္တလေးတိုင်း လူဝင်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က မန္တလေးအခြေအနေကို အခုလိုပြောပြပါတယ်။
တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့ ဇန်နဝါရီလ မြန်မာပြည်ခရီးစဉ်အတွင်း နှစ် နိုင်ငံချုပ်ဆိုခဲ့တဲ့ စီမံကိန်းစာချုပ် ၃၃ ခုထဲမှာ တရုတ်တင်ပို့မယ့် မြန်မာ့ဆန်တွေကို ပိုးမွှားကင်းစင်အောင်လုပ်ပေးဖို့ သဘောတူစာချုပ် ချုပ်ဆိုထားပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေမှာ COVID-19 ရောဂါကာကွယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ပြင်ဆင်ထားခြင်းရှိ၊ မရှိ စစ်ဆေးနေတဲ့အချိန် အလုပ်သမားတွေ မနစ်နာအောင် လူမှုဖူလုံကြေး ၄၀ ရာခိုင်နှုန်းကို ပေးသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အားဌာနက ဧပြီလ ၂၈ ရက်က တရားဝင် ထုတ်ပြန်ထားပါတယ်။
ဒီမေလ ၁၅ ရက် ဆိုတာ အိန္ဒိယ အစိုးရက COVID-19 ရောဂါကြောင့် သက်တမ်းထပ်တိုးပေးထားတာဖြစ်ပြီး၊ ဒီထက်အချိန်ထပ်တိုးပေးဖို့ ဖြစ်နိုင်ချေနည်းတဲ့အပေါ်မှာ ကုန်သည်တွေက စိုးရိမ်လာကြတာပါ။ လှိုင်သာယာမှာ စက်မှုဇုန် ၁ ကနေ ၇ မှာ စက်ရုံ ၃၀၀ လောက်က ပဲသန့်စင်စက်ရုံတွေပါ။
မူဆယ်မြို့နယ် ပန်ခမ်းရပ်က အဆောက်အဦတလုံး မနေ့ကညပိုင်း က လက်နက်ကြီးငယ်နဲ့ ပစ်ခတ်ခံရပြီး အဲဒီက ပေါက်ကွဲကျည်တချို့ တရုတ်ပြည်ဘက်ကို ကျခဲ့ပါတာပါ။ ဒါကြောင့် ဒီကိစ္စကိုစုံစမ်းပေးဖို့ တရုတ်ယူနန် အစိုးရဘက်က မူဆယ်မြို့ တာဝန်ရှိသူတွေကို ဒီကနေ့ အကြောင်းကြားစာပေးပို့ထားပါတယ်။
မြန်မာပြည်တွင်း COVID-19 ရောဂါကူးစက်မှု အခြေအနေတွေကြောင့် မြန်မာပြည်နဲ့ အဝင်အထွက်နယ်စပ်ကို ဒီနေ့ ဧပြီလ ၂၄ ကစပြီး နှစ်လတိတိ တားမြစ်လိုက်တယ်လို့ တရုတ်ယူနန်အစိုးရက ကြေညာခဲ့သလို တရုတ်သတင်းစာတချို့က သတင်းအသေးစိတ်ကို ဖော်ပြခဲ့ပါတယ်။
COVID-19 ကပ်ရောဂါဆိုင်ရာအကြပ်အတည်းအခြေအနေကြောင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ နိုင်ငံတော်အဆင့် မူဝါဒတွေ၊ ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်း အရင်းအမြစ်တွေ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေမှာ လိုအပ်ချက် ကြီးကြီးမားမားရှိနေတာဆိုတာ ပေါ်လွင်နေပါတယ်။
အစိုးရတာဝန်ရှိသူတွေနဲ့ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် ဆွေးနွေးကြတဲ့ ဒီနေ့ ဧပြီလ ၂၁ ရက် မနက်မှာ အစိုးရဘက်ကတော့ စက်ရုံတွေမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်တွေအတိုင်း လိုက်နာထားတာ ရှိ၊ မရှိ စစ်ဆေးနေပြီလို့ ဆိုပါတယ်။
အလုပ်သမားဝန်ကြီးဌာနဟာ အခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ထိန်းချုပ်ဖို့ ဦးစားပေးအဆင့် သတ်မှတ်ထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်တွေအတိုင်း စစ်ဆေးပြီးမှ ဖွင့်ခွင့်ပေးမယ်လို့ ဧပြီလ ၁၉ ရက်က သတင်းထုတ်ပြန်ခဲ့တာပါ။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီးမှ မြန်မာတနိုင်ငံလုံးက စက်ရုံအလုပ်ရုံတွေကို ဖွင့်ခွင့်ပြုမယ်လို့ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက မနေ့က ဧပြီလ ၁၉ ရက်က ညနေပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင် အစိုးရတာဝန်ရှိသူတွေ ပေးပို့လာတဲ့ စာရင်းအတိုင်းဆိုရင် ပြန်ပို့မယ့် မြန်မာလုပ်သားတွေက ၁၈,၀၀၀ ကျော်လောက်ရှိပါတယ်။ အများစုက ကြံနဲ့ အာလူးလို စိုက်ပျိုးရေးလုပ်ငန်းတွေက ဖြစ်ပြီး စိုက်ပျိုးရာသီကုန်သွားတဲ့အတွက် ပြန်လာမယ့်သူတွေဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်