လွှတ်တော်အသီးသီးအတွက် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးတဲ့ကာလကို စက်တင်ဘာ ၈ ရက်၊ မနက်ဖြန်က စလုပ်နိုင်ပြီလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပေမဲ့ စည်းရုံးရေးလုပ်ငန်းတွေကို ကျန်းမာရေး အကန့်အသတ်တွေနဲ့ပဲ ခွင့်ပြုသွားဖို့ရှိတယ်ဆိုတဲ့ သတင်းကို ပြောပြမှာပါ။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကျယ်ဂေါင်မြို့က မြန်မာကုန်စည်ပို့ဆောင်ရေး ဂိတ်တွေကို တရုတ်နိုင်ငံသားတွေ အစုရှယ်ယာ မပါရင် ပိတ်ပစ်မယ့်အကြောင်း သတိပေးချက်ကို ယာယီရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ပြောပြမှာပါ။
ကိုဗစ်ကပ်ရောဂါကာလ ရန်ကုန်တိုင်းအတွင်း စက်ရုံပေါင်း ၁၇၀ ကျော်နဲ့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ အလုပ်သမား ၄ သောင်းကျော် ရှိမယ်လို့ အစိုးရက ခန့်မှန်းထားပေမဲ့ လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောလိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုဟာ တာဝန်ယူစဉ်ကာလမှာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်ကို ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ အများစုက လက်ခံခဲ့တဲ့အတွက် လွှတ်တော်ကအတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီသီတင်းပတ် အစောပိုင်းက ၂၄ နာရီအတွင်း ကူးစက်သူ ၁၀၀ အထိရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၆၀၀ ကျော်ရှိလာခဲ့တာကြောင့် အိမ်နီးချင်းနိုင်ငံတွေ စိုးရိမ်လာနေကြပြီး နယ်စပ်လုံခြုံရေးတွေ တိုးမြှင့်လာနေကြတာပါ။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကျယ်ခေါင်မြို့ ထဲက မြန်မာလူမျိုးပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်တွေကို တရုတ်နိုင်ငံသားနဲ့ အစုစပ်လုပ်မှသာ လုပ်ငန်းလုပ်ခွင့်ပြုတော့မယ်လို့ တရုတ်ဘက်က ညွှန်ကြားချက်ထုတ်လိုက်တဲ့ အကြောင်းပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စံချိန်ချိုးလောက်အောင် တိုးလာတာကြောင့် ကျင်းပဖို့လပိုင်းလောက်သာ လိုတော့တဲ့ ရွေးကောက်ပွဲအပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာနေတဲ့အကြောင်း ပြောပြပေးပါမယ်။
အိန္ဒိယနိုင်ငံကို တင်ပို့မယ့် မတ်ပဲတွေ သတ်မှတ်ထားတဲ့ရက်မှာ အပြည့်အ၀ မပို့နိုင်ပဲ ဖြစ်နေရတာကြောင့် အချိန်တိုးပေးဖို့ မြန်မာနိုင်ငံက တောင်းဆိုထားတဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံကို တနင်္လာနေ့က ရောက်လာတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ကိုဗစ်ကပ်ရောဂါအလွန် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးဖို့ ကတိပြုလိုက်တဲ့အကြောင်း ပြောပြပါမယ်။
တရုတ်နိုင်ငံ Shandong ပြည်နယ်က မြန်မာလုပ်သားရာချီ လုပ်ကိုင်နေတဲ့ စက်ရုံ ၂ ခုကို ဒီကနေ့မနက် အစောပိုင်းမှာ ရဲအင်အား အများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်။
တပ်မတော်နဲ့ ကချင်လက်နက်ကိုင် KIA ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေ နေရပ်ပြန်ရေးအတွက် နှစ်ဘက်အကြိမ်ကြိမ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး အခုတော့ ရွာ ၁၇ရွာကို ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ သဘောတူခဲ့ကြောင်း ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ Hkalam Samsonက ပြောပါတယ်။
ရှမ်းပြည်နယ်မှာ ပုဂ္ဂလိက ဘဏ်ခွဲ သုံးခု ပိတ်လိုက်ရတာဟာ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က စီးပွားရေး လုပ်ငန်းတွေအပေါ် အခွန်ကောက်ခံနေတာနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပေးပါမယ်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ဟာ အသင်းအဖွဲ့ မှတ်ပုံတင်ထားခြင်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်က ငြင်းဆိုလိုက်တာပါ။
တရုတ်နိုင်ငံနဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဇုံမှာ COVID-19 ကပ်ရောဂါ ကင်းရှင်းတဲ့ မြန်မာယာဉ်မောင်း ၂၀၀ လောက် သီးသန့်စီစဉ်ထားပေးဖို့ တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုကို ညှိနှိုင်းနေပါတယ်။
ရွေးကောက်ပွဲမှာ ပြည်နယ်တွေက သက်ဆိုင်ရာ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ အနိုင်ရရေး ပထမဆုံးအကြိမ် ပူးပေါင်းမှုအဖြစ်နဲ့လည်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနော်ခုန့်က ဗွီအိုအေကို ပြောပြပါတယ်။
Facebook လူမှုကွန်ရက်မှာ တောရိုင်းတိရစ္ဆာန်တွေ ရောင်းချတဲ့ကြော်ငြာတွေဟာ ၂၀၁၆ ခုနှစ်လောက်မှာ ၂၀၀ ကျော်လောက်သာ ရှိခဲ့ရာက နောက်ပိုင်းမှာ သိသိသာသာ တိုးလာနေတယ်လို့လည်း WWF ရဲ့ ပြည်တွင်းတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲကျရင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူတွေ မဲပေးခွင့်ရဖို့ မရေမရာ ဖြစ်နေသလို၊ တည်ငြိမ်မှုမရတဲ့ ဒေသတွေမှာ လုံခြုံရေး စိတ်မချရတဲ့အတွက် ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့လည်း မသေချာတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အများစုနဲ့ ထိန်းချုပ်ထားတဲ့ လွှတ်တော် သက်တမ်းမှာ ဥပဒေပေါင်း ၁၀၀ ကျော် ပြဋ္ဌာန်းနိုင်ခဲ့တယ်ဆိုပေမဲ့ အရေးကြီးတဲ့ ဥပဒေပြုရေး အပိုင်းတွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဥပဒေပညာရှင်တချို့က ထောက်ပြနေတဲ့အကြောင်းကို ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကို တပ်မတော်သား ကိုယ်စားလှယ်တွေ နေရာယူထားသလို အစိုးရရဲ့ အရေးပါတဲ့ နေရာတွေကိုလည်း ချုပ်ကိုင်ထားတာတွေကို NLD အစိုးရက လျှော့ချဖို့ ကြိုးပမ်းတာတွေ ရှိပေမဲ့ အောင်မြင်မှုမရတဲ့အပေါ် မေးခွန်းထုတ်သူတွေ ရှိနေပါတယ်။
အင်တာနက်ပေါ်မှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ရဲ့ ( ၄၄)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲရဲ့ အခြေခံအဆင့် ပွဲစဉ်တွေမှာ မြန်မာအသင်းက ၃ရက် ဆက်တိုက် အနိုင်ရနေတဲ့အကြောင်း ပြောပြပေးပါမယ်။ ကျနော်ကတော့ ဇော်ထက်ပါ။
နောက်ထပ်ကြည့်ရှုရန်