မျှတတဲ့စပါးဈေးကွက် ဖြစ်လာဖို့အတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က အခြေခံရည်ညွှန်း စပါးဈေးကို တင်းတရာ ကျပ်ငါသိန်း သတ်မှတ်လိုက်ပြီး အဲဒီအတိုင်း ရောင်းဝယ်ဖောက်ကားအောင် စောင့်ကြည့်သွားမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အခုရက်ပိုင်းအတွက် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက် သေကြေတဲ့အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိလာတာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကျိုးဖြစ်မှာမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီမြေတွေကို ရောင်းချမယ့်အကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က အောက်တိုဘာလ ၂ရက်မှာ ကြေညာခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးမှာ ဒီကနေ့ လျှောက်လွှာတွေကို စတင်ရောင်းချခဲ့ပါတယ်။
အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ အစိုးရကကြိုးစားနေပေမဲ့ အကျဉ်းထောင်တွင်း အကျဉ်းသားတွေအဆမတန်များပြားနေတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျဉ်းသား အခွင့်အရေးဆုံးရှုံးမှုတွေပါ ရှိနေတယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေ က ဝေဖန် ထောက်ပြ နေပါတယ်။
သြဂုတ်လ ၁၂ ရက်ကနေ့က ရန်ကုန် မဟာဗန္ဓုလပန်းခြံရှေ့မှာ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်ကျင်းပခဲ့တဲ့ ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ နော်အုန်းလှကို ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မနဲ့ ထောင်ဒဏ် ၁၅ ရက် ဒီနေ့ အမိန့်ချလိုက်ပါတယ်။ အပြည့်စုံကို ကိုဇော်ထက်က တင်ပြထားပါတယ်။
သြဂုတ်လ ၁၂ရက်ကနေ့က ရန်ကုန်မဟာဗန္ဓုလပန်းခြံရှေ့မှာ ၆၉ နှစ်မြောက် ကရင် အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပခဲ့တဲ့ ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ နော်အုန်းလှကို ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မနဲ့ ထောင်ဒဏ် ၁၅ရက် ဒီနေ့အမိန့်ချလိုက်ပါတယ်။
နိုင်ငံတကာနဲ့ကိုက်ညီတဲ့ မြန်မာစာ ယူနီကုဒ်စနစ်ကို ကွန်ပျူတာနဲ့ လက်ကိုင်ဖုန်းတွေမှာ ဒီကနေ့ အောက်တိုဘာ ၁ရက်နေ့ကစပြီး တပြိုင်နက်တည်း ပြောင်းလဲသုံးကြဖို့ မြန်မာအစိုးရက ညွန်ကြားထားပါတယ်။
ဒီမိုကရေစီစနစ်ကို ပူးပေါင်း အကောင်အထည်ဖော်ဖို့နဲ့ လက်ရှိနိုင်ငံရေးအနေအထားမှာ ဒီမိုကရေစီအစစ်အမှန် မရသေးတဲ့အတွက် ဒါကိုဖော်ဆောင် ပြီးမှသာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ်ကို ဝိုင်းပြီးပုံဖော်ကြမယ်လို့ NLD ပြောခွင့်ရက ပါတီတည်ထောင်တဲ့ ၃၁နှစ်ပြည့်မှာ ပြောလိုက်ပါတယ်။
စစ်အာဏာရှင်စနစ်က မြန်မာနိုင်ငံလွတ်မြောက်ရေး လှုပ်ရှားမှုတွေထဲက ထင်ရှားတဲ့ လူထုလှုပ်ရှားမှုတခုဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးဟာ ဒီကနေ့ဆိုရင် ၁၂နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာ့သမိုင်းက အကြီးဆုံး ထောင်တွင်းသပိတ်တိုက်ပွဲလို့ ခေါ်ဆိုလို့ရနိုင်တဲ့ ၁၉၉၀ ခုနှစ်က နိုင်ငံရေး အကျဉ်းသားဟောင်း တွေရဲ့ အင်းစိန်ထောင်တွင်း သပိတ်ကြောင့် အာဏာရှင်တွေရဲ့ ကိုင်တွယ်ထိန်းချုပ်တဲ့ပုံစံ ပြောင်းလဲသွားခဲ့တယ်လို့ အဲဒီ သပိတ်တိုက်ပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့သူတွေက ပြောပါတယ်။
၁၉၉၀ ခုနှစ်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အင်းစိန်ထောင်တွင်းသပိတ်ကြောင့် အာဏာရှင်တွေရဲ့ ကိုင်တွယ်ထိန်းချုပ်တဲ့ပုံစံ ပြောင်းလဲသွားခဲ့တယ်လို့ အဲဒီသပိတ်တိုက်ပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့သူတွေက ပြောပါတယ်။ သပိတ်တိုက်ပွဲ နှစ်ပတ်လည်အခမ်းအနားမှာ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ကိုဇော်ထက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေးကိစ္စတွေမှာ အထောက်အကူဖြစ်နိုင်ဖို့ရည်ရွယ်ပြီး UPDJC က အတွင်းရေးမှူးအဖွဲ့ဝင် ၁၅ ဦး ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နော်ဝေနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ကို ငြိမ်းချမ်းရေး လေ့လာရေးခရီးအဖြစ် မြန်မာနိုင်ငံကနေ ထွက်ခွာကြမှာပါ။
ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ပေးခံထားရသူ နှစ်ဦးရဲ့အယူခံကို ထိုင်းနိုင်ငံ ဗဟိုတရားရုံးက ပယ်ချလိုက်ပြီဖြစ်ပေမယ့် သက်သေ အထောက်အထား အသစ်တွေ ပြန်တင်ပြနိုင်မယ် ဆိုရင်တော့ အမှုကို အစကနေ ပြန်စစ်ဆေးနိုင်ကြောင်း ဒီအမှုကို လုပ်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။
ပြည်တွင်းစစ်ရပ်တန့်နိုင်ဖို့နဲ့ တဘက်သတ် အပစ်အခတ်ရပ်စဲနိုင်ဖို့ ရည်ရွယ်ပြီး ဒီနှစ်ကုန်အထိ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်စဲမယ့်အကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ ထဲမှာ တပ်မတော်နဲ့ တအောန်းလက်နက်ကိုင် TNLA ကြားဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရပေမဲ့ ဒီနေ့မနက်ကစလို့ အများစုက နေရပ်ကိုစပြီး ပြန်နေကြပြီလို့ စစ်ရှောင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ၊ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့က ကိုယ်စားလှယ်တွေ နှစ်ဘက်အပစ်အခတ် ရပ်စဲရေးအတွက် ဒီကနေ့ ကျိုင်းတုံမြို့မှာ ဆွေးနွေးခဲ့ကြတာမှာ သဘောတူညီချက်တချို့ရခဲ့ပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက် တစုံတရာမချနိုင်ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆမ်မြို့နယ်အတွင်းမှာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေတာမှာ တအောန်းလက်နက်ကိုင် TNLA နဲ့ နှစ်ဘက်ပစ်ခတ်မှုတွေ ရှိတဲ့အကြောင်း တပ်မတော်ဘက်က အတည်ပြု ပြောဆိုပါတယ်။
တပ်မတော်အပေါ် အသရေဖျက်မှုနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က မြစ်ကြီးနားမြို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာကို တပ်မတော်ဘက်က ပြန်လည်ရုပ်သိမ်းပြီး ရက်ပိုင်းအတွင်းမှာဘဲ KBC ဥက္ကဋ္ဌနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့က မန္တလေးမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။
မြန်မာစစ်တပ်က ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘာသာရေး လွတ်လပ်ခွင့်တွေ ရှိနေတယ်လို့ အမေရိကန်သမ္မတနဲ့ တွေ့ဆုံစဉ် သူပြောခဲ့တဲ့အပေါ်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အရာရှိ တဦးက တရားလို လုပ်ပြီး မြစ်ကြီးနား တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာပါ။
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လေ့လာထားတဲ့သုတေသန အချက်အလက်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက် အကျိုးရှိသလို မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ကိုယ့်တိုင်းပြည်က အကြောင်းအရာတွေ လေ့လာသုတေသနလုပ်ပြီး ပြန်အသုံးချနိုင်ဖို့ဖို့အတွက် PLRI အင်စတီကျူက စာတမ်း ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်