စစ်ရှောင်ဒုက္ခသည်တွေရဲ့ ဘဝကို ကချင်စစ်ပွဲ ၈ နှစ်ပြည့်မှာ သရုပ်ဖော်တင်ဆက်ခဲ့လို့ စက်တင်ဘာ ၂ ရက်က ထောင်ဒဏ်အမိန့်ချခံရတဲ့ ကချင်လူငယ် နှစ် ယောက်အတွက် ဒေသခံတွေက မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့မှာ ဒီနေ့ စပြီး ၃ ရက်ဆက်တိုက် ဆန္ဒထုတ် ဖော်ထုတ်နေကြပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မြေဧက ၅၀၀ ကျော်ပေါ်က အမေရိကန်ဒေါ်လာ ၁ ဘီလီယံကုန်ကျမယ့် Korea-Myanmar Industrial Complex ကိုရီယား-မြန်မာ စက်မှုမြို့တော်စီမံကိန်းကို စတင်လိုက်ကြောင်း တောင် ကိုရီးယားသမ္မတရဲ့ ဒီနေ့ ရန်ကုန်ခရီးစဉ်အတွင်းမှာ ကြေညာ လိုက်ပါတယ်။
ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန်ကို တပ်မတော်က ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၀၀နဲ့ ဦးတိုက်လျှောက်ထားမှုဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အတားအဆီးဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူတွေကပြောပါတယ်။
ကယားပြည်နယ်ဝန်ကြီးချုပ်ကို အမျိုးသားသစ္စာဖောက်ဆိုပြီး ကြေညာချက်ထုတ်လို့ အရေးယူခံရတဲ့ ကရင်နီလူငယ် ၆ ဦးအမှုမှာနိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ စွဲချက်မိန့်ကို တရားရုံးက လက်ခံစစ်ဆေးမယ်လို့ အမိန့်ချလိုက်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ဘေးဒုက္ခသည် ထောင်နဲ့ချီပြီး အိုးအိမ်စွန့် ထွက်ပြေးနေကြရပါတယ်။
မြန်မာနယ်စပ် တရုတ်နိုင်ငံရွှေလီ မြို့ နယ်စပ်တလျှောက် ဒီနေ့ မြန်မာအချိန် ၉ နာရီခွဲလောက်မှာ တရုတ်စစ်တပ်ရဲ့စစ်ရေးလေ့ကျင့်တာတွေရှိခဲ့ပါတယ်။ ဒီအတောအတွင်းမှာ မြောက်ပိုင်းမဟာမိတ်တွေဖြစ်တဲ့ TNLA, AA နဲ့ MNDAA သုံးဖွဲ့ကို တရုတ်အစိုးကရ ကူမင်းမြို့မှာ မနေ့က တနာရီခွဲကြာ ခေါ်ယူတွေ့ဆုံတယ်လို့ သိရပါတယ်။
မြန်မာပြည်တွင်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို တွန်းအားပေးနိုင်ဖို့နဲ့ အနာဂတ်မှာ မြန်မာ၊ ဂျပန်၊ အမေရိကန် ဒီသုံးနိုင်ငံကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလာအလာတွေနဲ့ပတ်သက်ပြီး ဒီနေ့ရန်ကုန်မှာတွေ့ဆုံ ဆွေးနွေးကြပါတယ်။
မြန်မာ့ကုန်သွယ်ရေးကဏ္ဍ အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေကို ဥရောပသမဂ္ဂ EU က ဒေါ်လာ ၈ သန်း ငွေကြေးထောက်ပံ့မယ့် ARISE Plus Myanmar အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၃၁နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့မှာ ဒီကနေ့ တရားဝင်ကျင်းပခွင့်ရရှိပေမဲ့ တကယ့်ရှစ်လေးလုံး တောင်းဆိုသံတွေကို အကောင်အထည်ပေါ်ဖို့အတွက် ရှေ့ဆက်ရမယ့်ခရီး အများကြီးကျန်နေပါသေးတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။
မနေ့က ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေတအောင်စကို မနေ့က ၁၄၉၁ ဒေါ်လာထိရောက်ခဲ့ပြီး ပြည်တွင်းရွှေဈေးကွက်မှာလည်း ဒီနေ့ သြဂုတ်လ ၇ရက်ညနေမှာ အခေါက်ရွှေ တကျပ်သားကို ၁၂သိန်းနီးပါး ဖြစ်လာပါတယ်။
ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ၃၁နှစ်ပြည့် နှစ်ပတ်လည်ကို ရန်ကုန်မြို့ လယ် မဟာဗန္ဓုလပန်းခြံထဲ အများပိုင်နေရာမှာ ပထမဆုံးကျင်းပဖို့စီစဉ်ထားပါတယ်။
ကုသမှုခံယူပြီး၊ ပုံမှန်အနေအထားမရောက်သေးတဲ့ ကြားကာလမှာ စိတ်ကျန်းမာရေးဝေဒနာရှင်တွေကို ပန်းချီအနုပညာနဲ့ ဖေးမကုစားခြင်းဖြင့်၊ စိတ်ရဲ့ဖြေရာ၊ စိတ်ခွန်အား၊ တိုးလာစေတယ်ဆိုတာကို လက်တွေ့ပြသတဲ့အနေနဲ့ The Room အခန်း လို့နံမည်ပေးထားတဲ့ ပန်းချီပြပွဲတရပ်ကို ရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ အောင်ဗလကျေးရွာကြား မောင်တောမြို့နယ်သွားတဲ့လမ်းပေါ်မှာ ဒီနေ့ သြဂုတ် ၁ရက် မနက် ၈နာရီလောက်မှာ မိုင်းပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ ယာဉ်တန်းကို တိုက်ခိုက်ခံရတယ်လို့ တပ်မတော်ဘက်က အတည်ပြုပါတယ်။
ဒီဖိုရမ်ဟာ ပြည်တွင်း LGBT နဲ့ လူ့အခွင့်အရေးအပေါ် အခြေခံထားတဲ့ ပထမဆုံးဖိုရမ်ဖြစ်ပြီး ဆွေးနွေးပွဲအတွင်းမှာ LGBT အသိုင်းအဝိုင်းတွေကို ထိခိုက်နေတဲ့ လူမှုဘ၀၀န်းကျင်နဲ့ ဥပဒေကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတာပါ။
မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာ မြေနုကျွန်းပိုင်ဆိုင်မှုအတွက် ခိုက်ရန်ဖြစ်ရာက လူအများအပြား သေဆုံးခဲ့ရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးပြီး ရေရှည်ပြေလည်အောင် ဖြေရှင်းမယ့်အကြောင်း တိုင်းဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူတွေက ကတိပြု ပြောဆိုလိုက်ကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် တပြည်လုံးအတိုင်းအတာနဲ့ အခြေခံမြေပြင်လူဦးရေ စာရင်းကောက်ယူနေပြီဆိုပေမယ့်၊ တည်ငြိမ်မှုတွေမရှိတဲ့ ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲလုပ်နိုင်ပါ့မလားဆိုတာ အများက စိတ်ဝင်စားနေပါတယ်။
မနေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ မှာ ဦးခေါင်းကို သေနတ်ထိမှန်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ရာအခြေအနေဆိုးလာပြီး ဒီနေ့မနက်အစောပိုင်း စစ်တွေ ဆေးရုံကို မပြောင်းခင်မှာပဲ သေဆုံးသွားပြီဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးအပါအဝင် သက်ဆိုင်ရာဌာနအကြီးအကဲအချို့ကို အဂတိလိုက်စားမှုစွဲချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်တဦးက ပြောပါတယ်။
ရခိုင်လက်နက်ကိုင် AA ကိုငွေကြေးအရကူညီထောက်ပံ့တာ၊ ထောက်ခံစည်းရုံးတာတွေလုပ်တယ်ဆိုပြီး စင်္ကာပူအစိုးရကပြည်နှင်ဒဏ်ပေးလိုက်တဲ့ ရခိုင်လူငယ် ၆ ဦးကို မြန်မာလုံခြုံရေးတာဝန်ရှိသူတွေဖက်က ထိန်းသိမ်းထားပြီး၊ ခုအချိန်အထိ ဘယ်မှာ ထားရှိသလဲဆိုတာကို အတိအကျ အတည်မပြုနိုင်သေးပါဘူး။
မြန်မာမူဆယ်နယ်စပ်ကနေတင်ပို့တဲ့ စိုက်ပျိုးရေးထွက်ကုန်တွေဟာ တရုတ်ရဲ့ အစိုးရရဲ့ အဂတိတိုက်ဖျက်ရေးအပါအဝင်၊ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေကြောင့် နောက်ပိုင်းမှာ ကန့်သတ်ခံရတွေ တဖြည်းဖြည်းများလာပါတယ်။
နောက်ထပ်ကြည့်ရှုရန်