မလေးရှားနိုင်ငံမှာ ကိုဗစ်၁၉ ရောဂါပိုး ကူးစက်မှုထောင်ချီဖြစ်လာနေတဲ့အထဲ မြန်မာအလုပ်သမား ရာနဲ့ချီ မှာပါ ကူးစက်ခံနေရလို့ ကျန်တဲ့မြန်မာအလုပ်သမားတွေမှာပါ ရောဂါပိုးကူးစက်မှုရှိ-မရှိ လုပ်ငန်းခွင်တွေအထိ လိုက်လံ စစ်ဆေးပေးနေတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အခက်အခဲကြုံနေရတာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် သုံးနိုင်ငံ အစိုးရတာဝန်ရှိသူတွေ ဆွေးနွေးတဲ့အပေါ်မှာရိုဟင်ဂျာဒုက္ခသည်တွေက ကြိုဆိုလိုက်ပါတယ်။
KIA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား စစ်ရေးပဋိပက္ခတွေကြောင့် ဆယ်စုနှစ်တခုစာ IDP ဒုက္ခသည်စခန်းတွေထဲ ထွက်ပြေးခိုလှုံခဲ့ရတဲ့ သိန်းချီတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေထဲက တချို့ အခု သူတို့နေရပ်ရင်းတွေကို ပြန်နိုင်ရေး ကချင်ဒုက္ခသည်အရေး လှုပ်ရှားနေသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေကြား စီစဉ်ဆောင်ရွက်နေပါပြီ။
မြန်မာနိုင်ငံတွင်းမှာ COVID-19 ရောဂါပိုး ကူးစက်မှုနှုန်း နေ့စဉ် ၁,၀၀၀ အောက်အထိ ကျဆင်းလာပေမယ့် ရောဂါထိန်းချုပ်ရေးအတွက် လိုအပ်ချက်တွေ၊ စိုးရိမ်စရာတွေ ရှိတုန်းပဲလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောနေပါတယ်။
ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းထဲ အိမ်ရာနဲ့ချီ မီးလောင်ကျွမ်းလို့ ထောင်ချီတဲ့ မီးဘေးဒဏ်သင့်ဒုက္ခသည်အများအပြား ရာသီဥတုဒဏ်နဲ့ နေထိုင်ရေး စားနပ်ရိက္ခာပိုင်း အတော့်ကို အခက်တွေ့နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။
ကိုဗစ်ကပ်ရောဂါထိန်းချုပ်နိုင်ရေး နိုင်ငံကိုအရေးပေါ်အခြေအနေကြေညာလိုက်ပြီဖြစ်တဲ့ မလေးရှားနိုင်ငံထဲ မလေးရှားအစိုးရ ချမှတ်ထားတဲ့ကပ်ဘေး စည်းမျဉ်းစည်းကမ်းတွေကို မလေးရှားရောက်မြန်မာအလုပ်သမားတွေ အထူးသတိထားလိုက်နာကြဖို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက သတိပေးတိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးနေ့မှာ လူ့အခွင့်အရေးတောင်းဆိုတဲ့ လှုပ်ရှားသူတွေကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အနေအထား ဖြစ်နေတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပြည်ထောင်စုအဆင့် လွှတ်တော်တွေကို အခု ဖေဖော်ရီလ ၁ ရက်နေ့ ခေါ်ယူမှာဖြစ်ပါတယ်။
ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်တွေ အထူးလိုက်နာကြဖို့ မလေးရှားမြန်မာသံရုံးဘက်က အထူးသတိပေးသလို-အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ ဂျပန်နိုင်ငံမှာလည်း စည်းမျဉ်း စည်းကမ်းတွေပိုတင်းမြှင့်ချထားတဲ့အခြေအနေနဲ့ တောင်ကိုရီးယားဘက်မှာလည်း မြန်မာတွေ သတိနဲ့နေထိုင်သွားလာနေကြရပါတယ်။
၂၀၂၀ရွေးကောက်ပွဲမှာ မဲစာရင်းအမှားအယွင်းတွေနဲ့ မဲမသမာမှုတွေရှိခဲ့တယ်လို့ တပ်မတော်နဲ့ အတိုက်အခံကြံ့ခိုင်ရေးပါတီက ကန့်ကွက်ပြောဆိုမှုအပေါ် ရွေးကောက်ပွဲကော်မရှင်ဘက်က စုံစမ်းဖြေရှင်းသင့်ပါတယ်လို့ ယူဆမှုတချို့ရှိပါတယ်။
ဂျပန်နိုင်ငံမှာ နှစ်သစ်ကူးကာလ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှု မြင့်မားလာနေတဲ့အတွက် မြို့တော်တိုကျိုနဲ့ အနီးတဝိုက်က ခရိုင်သုံးခု ကို အရေးပေါ်အခြေအနေကြေညာဖို့ပြင်လာနေတာကြောင့် ဂျပန်ရောက်မြန်မာတွေကြား စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့ မူဘောင်အောက်မှာ ပါတီစွဲမထားပဲ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ဝန်ကြီးချုပ်ကစ တာဝန်ပေးသွားဖို့ ကချင်ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါက်တာမနမ်တူးဂျာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ခေါင်းဆောင်အသီးသီးရဲ့ နိုင်ငံကိုပြောကြားတဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာတွေထဲ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးရဖို့ အဓိကထားဆောင်ကျဉ်းပေးသွားမယ်လို့ ပြည်သူကို ကတိပြုကြသလို ပြည်သူတွေဘက်ကလည်း နိုင်ငံ့အရေး ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းကြပါတယ်။
ရခိုင်ပြည်နယ်တွင်း နောက်ဆက်တွဲရွေးကောက်ပွဲတွေကို ဒီနှစ်မကုန်ခင် ကျင်းပပေးဖို့ ရခိုင်ပါတီ အဖွဲ့အစည်းတွေက တောင်းဆိုနေပေမယ့်၊ ဒီနှစ်အတွင်း ကျင်းပနိုင်ခြေ အလားအလာကတော့ မျှော်လင့်ချက် နည်းနေပါတယ်။
အာဏာရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အရေး တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေဆီကို ပထမဆုံး သွားရောက်ကြဖို့ ဒီကနေ့ နေပြည်တော်က ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
Bhashan Char ကျွန်း ဆိုတာကတော့ မြန်မာနိုင်ငံက တိမ်းရှောင်ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေထိုင်တဲ့ လူဦးရေ ထူထပ်များပြားလွန်းလှတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တချို့ကို ရွှေ့ပြောင်းနေရာချထားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားတဲ့ ပင်လယ်ထဲက မြေနုကျွန်း တကျွန်းဖြစ်ပါတယ်။
အခု လာမယ့် ၂၀၂၁ NLD အစိုးရ ဒုတိယသက်တမ်းမှာတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ အမှန်တကယ်လုပ်ဖို့ လိုမယ်လို့ လှုပ်ရှားသူတွေက တောင်းဆိုနေပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်မားနေဆဲကာလ ပြည်သူတွေ လူထုအခြေပြုဆေးခန်းတွေဆီ လာပြတာ အတော်လေးနည်းပါးသွားတဲ့အခြေအနေဟာ စိုးရိမ်စရာပါလို့ လူထုအခြေပြုဆေးခန်း တာဝန်ခံဒေါက်တာကျော်မင်းထွန်းကပြောပါတယ်။
COVI-19 ကူးစက်မှုကြောင့် ဝေဒနာခံစားခဲ့ရာကနေ ပြန်ပြီးကောင်းမွန်လာတဲ့ ဒိန်းမတ်နိုင်ငံ အခြေစိုက် မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်က ရောဂါအန္တရာယ် ကြီးမားတဲ့ အတွေ့အကြုံကို ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ ပြည်သူအများလုံးဝမပေါ့ဆကြပဲ အထူးသတိထားကာကွယ်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်းက ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ရေးအတွက် AA ရခိုင်လက်နက်ကိုင်အဖွဲ့ရော ရခိုင်ပါတီတွေကပါ တိုက်တွန်းနေပေမယ့် အခုအချိန်အထိတော့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေဘက်က တိတိကျကျ တုံ့ပြန်တာ မရှိသေးပါဘူး။
နောက်ထပ်ကြည့်ရှုရန်