မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဓါတ်ခွဲနမူနာယူစစ်ဆေးတွေ့ရှိသူ တသိန်းကျော်သွားပြီမို့၊ ဓါတ်ခွဲစစ်ဆေးမှုတွေကို အခုထက် ပိုမိုတိုး-လုပ်သွားဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ထမ်းတချို့က မြင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုံစမ်းမေးမြန်းထားပါတယ်။
ရေမဆေးကျောက်တူးသမား ရွှေ့ပြောင်းလုပ်သား သိန်းချီရှိနေတဲ့ ကချင်ပြည်နယ်ဖားကန့်ဒေသအတွင်း ကိုဗစ်၁၉ ကာကွယ်ရေး အစီအမံတွေ ပိုတင်းတင်းကျပ်ကျပ် ဆောင်ရွက်လာနေတဲ့အကြောင်း မဆုမွန် က စုစည်းတင်ပြပေးထားပါတယ် ။
လာမယ့်သီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ် Bhasan Cher ကျွန်းဆီကို ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကနေ ဒုက္ခသည်တွေ ဒုတိယအသုတ် ပြောင်းရွှေ့ကြဖို့ ပြင်ဆင်နေကြပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံးပြန်ဖြစ်လာကြောင့် ကိုရီးယားအစိုးရကနေ တင်းကြပ်မှုတွေ ပိုလုပ်လာတဲ့အတွက် ကိုရီးယားရောက်မြန်မာတွေ အထူးဂရုစိုက်လိုက်နာကြဖို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိက သတိပေးပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲ ရလဒ်အရ ဆက်ပြီးတော့ တာဝန်ယူမယ့် နောက်အစိုးရသက်တမ်းမှာ အကြောင်းအမျိုးမျိုးကြောင့်ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ အကျဉ်းထောင်ဥပဒေ ထွက်ပေါ်လာရေးအပါအဝင် အကျဉ်းသားတွေ ရဲ့ လူ့အခွင့်အရေးတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးပါလို့ NLD အစိုးရကို တိုက်တွန်းကြပါတယ်။
မြန်မာနိုင်ငံတဝန်း COVID-19 ရောဂါကူးစက်မှုက တသိန်းနီးပါး ရှိလာနေပြီး တကမ္ဘာလုံးနဲ့ယှဉ်ရင် ကူးစက်မှုနှုန်းက မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထက်ကို ကျော်လွန်သွားပြီဖြစ်တဲ့အတွက် ပြည်သူတွေ အထူးသတိထား ကာကွယ်နေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဒေါက်တာခင်ခင်ကြီးက သတိပေး ပြောဆိုလိုက်ပါတယ်။
သဘာဝဘေးအန္တရာယ်တွေနဲ့ လူမနေသင့်ဘူးလို့ ကုလနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်တကြီးတားမြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းဆီ ကိုယ့်သဘောဆန္ဒနဲ့သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဒီကနေ့ ဆိုက်ရောက်သွားကြပါပြီ။ စခန်းတွေထဲမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကရော ဒီအပေါ် ဘယ်လိုမြင်ကြပါသလဲ။
ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ပြင်းထန်တဲ့ရာသီဥတု ဆောင်းအအေးဒဏ်ခံနိုင်ရေး ဒုက္ခသည်တွေ ပြင်ဆင်နေကြသလို-စုပြုံ နေထိုင်နေကြရတဲ့မိသားစုတွေကြား အန္တရာယ်ရှိနေပါတယ်။
ကိုဗစ် ၁၉ ကူးစက်သူ ၉၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၀၀၀ လောက်အထိ ဖြစ်လာနေတဲ့ မြန်မာနိုင်ငံမှာ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူကို ပညာပေးတာအပြင်အရေးပေါ်အမိန့်ထုတ်ပြန်ချက်တွေကို မလိုက်နာသူတို့ကို အရေးယူမှုတွေနဲ့ တင်းတင်းကျပ်ကျပ် ကြပ်မတ်ဆောင်ရွက်သင့်ပြီလို့ ဆေးပညာရှင်တွေကသတိပေးပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ အဆုံးသတ်ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဂျပန်နိုင်ငံက ကြားဝင်ကြိုးစားပေးနေတဲ့အပေါ် ရွေးကောက်ခံ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူပေါင်း ၈၈,၀၀၀ နီးပါးအထိ ရှိလာပြီး ၁,၈၈၀ ကျော်အထိ သေဆုံးမှုတွေ ရှိနေတဲ့အတွက် လူထုကြားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်အောင် လူထုလှုပ်ရှားမှုတွေနဲ့ ပညာပေးနေပါတယ်။
ကချင်ပြည်နယ်ထဲ ကိုဗစ်ပိုးတွေ့ရှိမှု နေ့စဉ်များလာတာနဲ့အမျှ ဖားကန့်လုံးခင်းဘက်မှာတော့ အသွားအလာကန့်သတ်မှု စည်းကမ်းတွေ ပိုတိုးချလိုက်ပြီး ပြည်သူတွေနေအိမ်ထဲမှာပဲနေကြဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က သတိပေးပေမဲ့ အများစုလိုက်နာမှု အားနည်းတယ်လို့ ဒေသခံတွေကပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါ တတိယလှိုင်း ရိုက်ခတ်ကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေး ကိုရီးယားအစိုးရ ထုတ်ပြန်တဲ့ ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်သစ်တွေ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ အထူးလိုက်နာကြပါလို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
စစ်ရေးတင်းမာမှု ပဋိပက္ခတွေ ပစ်ခတ်မှုတွေရှိနေတဲ့ ကျောက်မဲမြို့ အပါအဝင် ရှမ်းပြည်နယ်ရဲ့ နယ်မြေဒေသ တည်ငြိမ်ရေးနဲ့ ဒေသတွင်း တရားဥပဒေစိုးမိုးမှုရှိရေးတွေမှာ အစိုးရ တာဝန်ရှိသူတွေဘက်က တာဝန်ယူမှု တာဝန်ခံမှု အားနည်းချက်တွေနဲ့ စိန်ခေါ်မှုတွေရှိနေတယ်လို့ ရှမ်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရှမ်းဒေသခံတွေ ပြောဆိုလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ အနိုင်ရမှု AA တိုင်းရင်းသား လက်နက်ကိုင်တပ်က ချီးကျုးဂုဏ်ပြုတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ဟာ အပြုသဘောဆောင်တဲ့ သဘောထားအဖြစ် NLD ပါတီဘက်က ပြောဆိုလိုက်ပေမယ့် AA ရဲ့ ထုတ်ပြန်ချက်ပါ ရခိုင်ဒေသခံ ဖမ်းဆီးခံတွေ ပြန်လွှတ်ပေးရေး တောင်းဆိုမှုတွေကိုတော့ ငြင်းပယ်လိုက်ပါတယ်။
ကမ္ဘာ့ကလေးများနေ့မှာ ကလေးသူငယ်တွေရဲ့ ကလေးဘဝ လုံခြုံမှု မျှော်လင့်ချက်အနာဂတ် ပညာရေး ကျန်းမာရေးပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ကာကွယ်မှုတွေပေးဖို့ မြန်မာနိုင်ငံက ကလေးတွေအတွက် ကလေးအခွင့်အရေး လုံခြုံရေး အထူးကာကွယ်ပေးဖို့ အရေးတကြီးလိုအပ်နေပါတယ်လို့ ကလေးအခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆိုလိုက်ကြပါတယ်
၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လက်ရှိအာဏာရပါတီ NLD ကို ICJ းရဲ့ ကြားဖြတ်ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်နိုင်ရေး OIC နဲ့နိုင်ငံတကာက တိုက်တွန်းတောင်းဆိုကြဖို့-နောက်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ လက်ရှိမြေပြင် စစ်ရေးအခြေအနေတွေနဲ့ Arakan Rohingya Union အဖွဲ့က OIC ကိုအစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။
သံချပ်ကြောင့် ထောင်ကျခံရသူတွေ ပြန်လွှတ်ပေးဖို့ AI အဖွဲ့ကြီး နဲ့ နိုင်ငံရေးအကျဉ်းသားရေးဆောင်ရွက်သူတွေက တောင်းဆို
လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်ပေါင်း ၁,၁၀၀ ကျော်မှာ မဲဆန္ဒနယ်နေရာအများဆုံး ၉၀၀ ကျော် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ လက်ရှိအာဏာရပါတီ NLD ဆက်အုပ်ချုပ်မယ့် ရှေ့အစိုးရသက်တမ်းအပေါ် အကြံပြုချက် အမြင်သဘောထားတွေ ဘယ်လိုရှိသလဲဆိုတာ စုစည်းတင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရုံး လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ကြက်ခြေနီတံဆိပ် အမှတ်အသားကို ဝတ်ဆင်ထားတဲ့အပေါ် မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သဘောထား ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်