ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က Kensington နန်းတော် နှစ်တရာပန်းဥယျာဉ်ကြီးကို ဝေလမင်းသမီး Diana အမှတ်တရဥယျာဉ်ကြီးအဖြစ် အထိမ်းအမှတ် လုပ်ထားပါတယ်။ Diana ကွယ်လွန်တာ အနှစ် ၂၀ ပြည်အထိမ်းအမှတ်နဲ့ အသွင်ပြောင်း ဖန်တီးထားတဲ့ပန်းဥယျာဉ်ကြီးဆီ ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ထားပါတယ်။
ရခိုင်ပြည်နယ်ငြိမ်းချမ်းတိုးတက်ရေးအတွက် Mr. Kofi Annan ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရက အကောင်အထည်ဖော်တဲ့နေရာမှာ လုံခြုံရေးတပ်ဖဲ့ွဝင်တွေဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အေရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာမီဒီယာတွေရဲ့ သတင်းတင်ပြမှုတွေဟာ ဘက်လိုက်တယ်လို့ မြန်မာနိုင်ငံထဲမှာ အများစုမြင်နေကြပါတယ်။ တချို့သတင်းလုပ်ငန်းကြီးတွေအပေါ် အစ္စလာမ်အဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှုရှိနေတယ်လို့လည်း တော်တော်များများစွပ်စွဲနေကြပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ကမ္ဘာတဝန်းကပြည်သူတွေရဲ့ ယုံကြည်မှုပြန်ရအောင်လုပ်ရမယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ ဗူျရိုကရေစီစနစ်နဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် ကုလသမဂ္ဂအဖဲ့ွအနေနဲ့ ထိထိရောက်ရောက် စွမ်းဆောင်နိုင်မှုမရှိဘူးလို့ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲမှာ သမ္မတ Trump ကပြောကြားခဲ့တာဖြစ်ပါတယ်။
တောင်တန်းဒေသမှာ ခြေသလုံးအိမ်တိုင်နေကြတဲ့ဒေသခံတွေရဲ့ ဓလေ့ကိုလေ့လာနိုင်လို့ Kyrgyzstan နိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ မျက်စိကျကြပါတယ်။ Kyrgyzstan ကလည်း သဘာဝအလှကို အခြေခံပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်အောင်ကြိုးစားနေတာပါ။ ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ထားပါတယ်။
ရခိုင်ပြဿနာနဲ့ ပါတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပိုလုပ်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell က Bangladesh နိုင်ငံဘက် ထွက်ပြေးနေကြသူတွေ တနေ့တခြား ပိုပြီး တိုးလာနေချိန်မှာ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်သင့်သလဲဆိုတာ အမေရိကန် အသံလွှင့်ဌာနတခုဖြစ်တဲ့ npr နဲ့ ဆွေးနွေးစဉ်မှာ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ မိဘတွေနဲ့ အတူ ကလေးဘဝထဲက တရားမဝင် လာရောက် အခြေချ နေထိုင်သူတွေကို နေရပ် ပြန်မပို့ရေး အကာအကွယ် ပေးထားတဲ့ DACA ဆိုတဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်ပါပြီ။
BRICS လို့အတိုကောက်ခေါ်တဲ့ Brazil၊ Russia၊ India၊ တရုတ် နဲ့ တောင်အာဖရိကနိုင်ငံတွေ ပါဝင်တဲ့ စီးပွားရေးအင်အားကောင်းစနိုင်ငံများထိပ်သီး စည်းဝေးပွဲကို တရုတ်နိုင်ငံအရှေ့တောင်ပိုင်း Xiamen မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံက မစ်ဇိုင်း ဒုံးကျည်တစင်း အင်္ဂါနေ့က ပစ်လွှတ်ခဲ့ပြီးနောက် အင်္ဂါနေ့က လုံခြုံရေးကောင်စီမှာ တခါးပိတ် အစည်းအဝေး လုပ်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံ Berlin မြို့တော်မှာ နှစ်စဉ် ဘီယာပွဲတော်ကျင်းပရင် မြို့လယ်က ၁ မိုင်ခွဲကျော်ရှည်လျားတဲ့ သမိုင်းဝင်လမ်းမကြီးကို ဘီယာဥယာဉ်ကြီးအဖြစ် အသွင်ပြောင်းလိုက်ကြပါတယ်။ နိုင်ငံတကာဘီယာမျိုးစုံကို မြည်းကြည့်နိုင်မယ့် ဘီယာဥယျာဉ်ကြီးအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ မစုမြတ်မွန်တင်ဆက်ပေးထားပါတယ်။
ရုရှားနိုင်ငံကနေ အမေရိကန် ပြည်ထောင်စုကို ယာယီလာရောက်မယ့်သူတွေ အတွက် ဗီဇာ ထုတ်ပေးမှုကို အမေရိကန်က ရပ်ဆိုင်းထားပါတယ်။
ပြင်သစ်တောင်ပိုင်းရဲ့ အထင်ကရနေရာတွေထဲမှာ လှပတဲ့ခရမ်းရောင် Lavender ပန်းခင်းကြီးတွေလည်းပါ ပါတယ်။ ဒေသထွက် နာမည်ကျော် Lavender ရေမွှေးဆီ ထုတ်လုပ်ပုံနဲ့ ဒီပန်းခင်းတွေကို ရာသီဥတုဖောက်ပြန်မှုရဲ့ဆိုးကျိုးတွေက ဘယ်လို ဒုက္ခပေးနေလဲဆိုတာ ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ထားပါတယ်။
တောင်ကိုရီးယားရဲ့သဘောတူညီချက်မပါဘဲ မြောက်ကိုရီးယားအပေါ် အမေရိကန်က တိုက်ခိုက်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတက အာမခံချက်ပေးထားကြောင်း တောင်ကိုရီးယားသမ္မတ Moon Jae-in ကပြောကြားခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေလျော့ကျအောင် ဆွေးနွေးအဖြေရှာဖို့တိုက်တွန်းနေတဲ့ တောင်ကိုရီးယားသမ္မတက အမေရိကန်နဲ့ သဘောမတူနိုင်တဲ့ကိစ္စမျိုးတွေကိုတော့ သမ္မတသက်တမ်းရက် ၁၀၀ ပြည့်သတင်းစာရှင်းပွဲမှာ သတိထားရှောင်ရှားဖြေသွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူမျိုးရေးခွဲခြားမှု၊ အမုန်းပွားမှုတွေအတွက် နေရာမရှိဘူးလို့ သမ္မတ Donald Trump ကပြောကြားလိုက်ပါတယ်။ Virginia ပြည်နယ် Charlottesville မြို့မှာ ၁ ယောက်သေဆုံးပြီး ၂၀ လောက်ဒဏ်ရာရခဲ့တဲ့ လူမျိုးရေးအခြေခံတဲ့ အကြမ်းဖက်ဆန္ဒပြပွဲတွေအပေါ် သမ္မတက ပြင်းပြင်းထန်ထန် ရှုံ့ချပြောကြားခြင်းမရှိဘူးလို့ ဝေဖန်ခံနေရချိန်မှာ သမ္မတ Trump ကခုလိုပြောကြားခဲ့တာပါ။
ဂန္ဓဝင်ဂီတပညာရှင်ကြီး Mozart ရဲ့ ဇာတိမြို့ဖြစ်တဲ့ Austria နိုင်ငံ Salzburg မြို့မှာ ကြရမှာ နွေရာသီရောက်တိုင်း ဂန္တဝင်ဂီတဖျော်ဖြေပွဲတွေ ၊ အော်ပရာပြဇာတ်တင်ဆက်မှုတွေကို ၁ လကျော်ကျင်းပလေ့ရှိပါတယ်။ ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ မစုမြတ်မွန်က တင်ဆက်ထားပါ တယ်။
အမေရိကန်ပိုင် Guam ကျွန်းနဲ့ မိုင် ၂၀ လောက်အကွာရောက်မယ့် ပဲ့ထိန်းဒုံးပစ်လွှတ်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားဖက်က ပြောကြားခဲ့ပြီးနောက် အန္တရာယ်လမ်းကြောင်းပေါ်မှာရှိနေကြတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ကာကွယ်ရေးအင်အားကို တိုးမြှင့်ထားလိုက်ကြပါတယ်။
အာရှနိုင်ငံတွေမှာ ရှိနေတဲ့မှာ မြောက်ကိုရီးယားတို့ရဲ့စီးပွားရေး လုပ်ငန်းတွေ၊ လျို့ဝှက် လှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့နဲ့ မြောက်ကိုရီးယား အစိုးရနဲ့ အဆက်ဖြတ်ဖို့ တိုက်တွန်းတဲ့ ခရီးစဉ်လို့ မြင်နိုင်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ခရီးစဉ်
မြောက်ကိုရီးယားရဲ့ Nuclear လက်နက်တွေဟာ အမေရိကန်ကိုသာ ပစ်ဖို့ရည်ရွယ်ပြီး အမေရိကန်အပေါ် ပြင်းပြင်းထန်ထန် ဆုံးမဖို့ အသင့်ပဲလို့ မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။ ပြင်းထန်တဲ့အရေးယူဒဏ်ခတ်မှုသစ်တွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့အပေါ် မြောက်ကိုရီးယားက ခုလိုတုံ့ပြန်လိုက်တာပါ။
အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် Jeff Sessions ရဲ့ လုပ်ဆောင်ချက်တွေကို သမ္မတ Donald Trump က ထပ်မံ ဝေဖန်လိုက်ပြီးနောက် ရှေ့နေချုပ်ကို ရာထူးက ဖယ်ရှားဖို့ သမ္မတက ပြင်ဆင်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ဝါရှင်တန် နိုင်ငံရေးအသိုင်းအဝိုင်းမှာ ပိုပြီး ထွက်ပေါ်နေပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ၂ ရက်ကျင်းပခဲ့တဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ် အသင်းက နံပတ် ၆ နေရာ ရရှိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်