အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာကျင်းပနေတဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက တနင်္လာနေ့မှာ ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့တာမှာ ၂ ပွဲနိုင် ၁ ပွဲရှုံးခဲ့ပါတယ်။
Denmark နိုင်ငံ Copenhagen မြို့တော်ထဲက သစ်တောတခုထဲမှာ စွန့်ပစ်ပစ္စည်း၊ သစ်တိုသစ်စတွေနဲ့ ဧရာမသစ်သားရုပ်ကြီးတွေကို အနုပညာလုပ်ဖန်တီးထားပါတယ်။ သစ်တောတွေ မပြုန်းတီးစေအောင် ပြန်သုံးသစ်သားတွေ အသုံးဝင်တယ်ဆိုတာကို လက်တေ့ွပြသထားတဲ့ အရုပ်ကြီးတွေကို တေ့ွရဖို့ မစုမြတ်မွန်က ခေါ်သွားပါလိမ့်မယ်။
ရေခဲမုန့်ပုံစံမျိုးစုံကို ဓါတ်ပုံရိုက်ချင်စရာကောင်းအောင် ဖန်တီးထားပြထားတဲ့ ရေခဲမုန့်ပြတိုက်တခု အမေရိကန်ပြည်ထောင်စု Los Angeles မြို့မှာဖွင့်ထားတဲ့အကြောင်း မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံမှာ ဇွန်လ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေက အာဏာရပါတီ အတွက်မျှော်လင့် ထားသလို မဖြစ်ခဲ့ပါဘူး လွှတ်တော်မှာ Conservative အမတ်အများစု အနေအထား ဆုံးရှုံးခဲ့ပြီး ညွှန့်ပေါင်းအစိုးရဖွဲ့ရတော့မယ့် အခြေအနေကိုရောက်ခဲ့ပါတယ်။
Bosnia-Herzegovina နိုင်ငံ ဆာရာယေဗိုမြို့တော်က အမျိုးသားပြတိုက်မှာ ညအိပ်လေ့လာနိုင်တဲ့ ထူးထူးခြားခြား အစီအစဉ်တခုရှိပါတယ်။ ရှေးဟောင်းသုတေသနကနေ သဘာဝသမိုင်းအထိပြတိုက်လာသူတွေ ကိုယ်တိုင်ပါဝင်လေ့လာနိုင်အောင်လုပ်ထားတာပါ။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေခေါ်သွားပါလိမ့်မယ်။
မုန်တိုင်းကြောင့် အသေအပျောက်ရှိတယ်လို့ ခုချိန်ထိ မကြားရသေးပေမဲ့ စစ်တွေမြို့အပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းစတဲ့ မြို့တွေမှာလည်း အိမ်ခေါင်မိုးတွေလန်ထွက်၊ တဲအိမ်တွေပြိုကျပျက်စီး၊ သစ်ပင်တွေကျိုးကျခဲ့ပါတယ်။
ထိုင်းနိုင်ငံက ပင်လယ်ကမ်းခြေအလှတွေကိုသာ လူသိများပေမဲ့ ကမ္ဘောဒီယားမှာ သဘာဝအလှတွေနဲ့ ပြည့်နေတဲ့ အပန်းဖြေကမ်းခြေတွေရှိတယ်ဆိုတာ သိသူနည်းနေပါသေးတယ်။ ဒါ့ကြောင့် လူမများလှဘဲ အေးအေးချမ်းချမ်းအနားယူနိုင်မယ့် ကမ္ဘောဒီယားက ပင်လယ်ကမ်းခြေတွေဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ် ကနေခေါ်သွားပါလိမ့်မယ်။
အာဆီယံနိုင်ငံတော်တော်များများနဲ့ ရေပြင်နယ်နိမိတ် အငြင်းပွားနေတဲ့နေရာမှာ တရုတ်က အတင်းနေရာယူ ပိုင်နက်ချဲ့ထွင်နေတဲ့ကိစ္စအပေါ် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာ ခုထိ ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခြင်းမရှိသေးပါဘူး။
ပြင်သစ်နိုင်ငံမှာ မေလ ၇ ရက်နေ့ကျင်းပမယ့် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အလယ်အလတ်ဝါဒီ Emmanuel Macron နဲ့ အမျိုးသားရေးဝါဒီ Marine Le Pen တို့ကြိုးစားမဲဆွယ်နေကြပါပြီ။
ကမ္ဘာတဝန်းအသည်းရောဂါဆိုင်ရာ အစီရင်ခံစာကို April ၂၁ ရက်က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ထုတ်ပြန်ခဲ့တဲ့ထဲမှာ Chronic Hepatitis Virus လို့ခေါ်တဲ့ အသည်းရောင် အသားဝါပိုး B နဲ့ C ကူးစက်မှုကို အဓိကထောက်ပြထားပါတယ်။
မော်စကိုမြို့တော်ထဲက ပန်းချီပြခန်းတခုမှာ ထူးခြားတဲ့ အရုပ်မလေးတွေကိုပြသထားပါတယ်။ မြင်ဖူးနေကျ လူပုံအရုပ်မလေးတွေမျိုးထက်ကို ပုံစံထူးခြားတဲ့ အရုပ်တွေဖြစ်ပြီး အနုစိတ် လက်နဲ့ ဖန်တီးရတာမို့ အရမ်းအနုပညာ လက်ရာမြောက်သလို တန်ကြေးလည်း အတော်မြင့်ပါတယ်။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးသစ်ဖြစ်လာတဲ့ Neil Gorsuch က အမေရိကန်ဖွ့ဲစည်းပုံနဲ့ ဥပဒေတွေကို စောင့်ထိန်း ကာကွယ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
Brexit လို့ သိကြတဲ့ EU ဥရောပ သမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်မယ့်ကိစ္စကို ဒီလ မကုန်ခင်မှာ ဥရောပကောင်စီကို တရားဝင် အကြောင်းကြားမယ်လို့ ဝန်ကြီးချုပ်Theresa May က ဗြိတိန် အောက်လွှတ်တော်ကို အင်္ဂါနေ့က ပြောကြား လိုက်ပါတယ်။
ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အထင်ကရဆုကြီးဖြစ်တဲ့ Oscar ဆုကိုပေးဖို့ ရွေးချယ်ဆုံးဖြတ်တဲ့နေရာမှာ အနုပညာဖန်တီးမှုကို အဓိကထားပေမဲ့ နိုင်ငံရေးနဲ့ပါတ်သက်တဲ့ စဉ်းစားရွေးချယ်မှု မကင်းဘူးဆိုတဲ့အကြောင်း။
ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်နိုင်ဖို့ကြိုးစားနေတဲ့ မော်စကို
အမေရိကန် Barack Obama ဟာ သမ္မတတာဝန်နဲ့ နောက်ဆုံးခရီးစဉ်အဖြစ် Greece, Germany, နဲ့ Peru နိုင်ငံတွေကို သွားဖို့ နိုဝင်ဘာ ၁၄ ရက် တနင်္လာနေ့က ဝါရှင်တန်မြို့တော်ကနေ ထွက်ခွာသွားပါပြီ။
စွန့်စွန့်စားစားခရီးသွားနိုင်မယ့် Zambia
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ သီတင်းတပါတ်ပဲ လိုတော့ချိန်မှာ Democratic သမ္မတလောင်း Hillary Clinton ရဲ့ Email နဲ့ပါတ်သက်လို့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ FBI ကပြီးခဲ့တဲ့ သောကြာနေ့က ကြေညာခဲ့ပြီးနောက် ဒီကိစ္စအပေါ် စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
Republican သမ္မတလောင်း Donald Trump ကအမျိုးသမီးတွေအပေါ် စော်ကားတဲ့ သဘောထားမျိုးနဲ့ ပြောဆိုခဲ့တဲ့ Video ဟောင်းတခု ထွက်ပေါ်လာခဲ့ပြီးနောက် ထင်ရှားတဲ့ Republican ပါတီဝင်တော်တော်များများက သူဟာ သမ္မတဖြစ်ဖို့ မသင့်တော်ဘူးလို့ လူသိရှင်ကြားပြောကြားခဲ့ကြပါတယ်။
ရှုပ်ထွေး နက်နဲတဲ့ ရခိုင်ပြည်နယ်ထဲက ပြဿနာတွေအတွက် ဘက်မလိုက်ဘဲ သမာသမတ်ကျကျနဲ့ အဖြေရှာသွားမယ်လို့ ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ Noble ငြိမ်းချမ်းရေးဆုရှင် ကုလသမဂ္ဂအတွင်းအရေးမှူးချုပ်ဟောင်း Kofi Annan ကပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်