မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ လူမှုကွန်ရက် အသုံးပြုမှုတွေ ပိုမို တွင်ကျယ်လာပြီး သတင်းအချက်အလက် စီးဆင်းမှုတွေ မြန်ဆန်လာတာနဲ့ အမျှ သတင်းမှန်-သတင်းမှား ခွဲခြား စိစစ်နိုင်ဖို့ အရေးကြီးတယ်လို့ သတင်းမီဒီယာနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းနေသူတွေက ပြောပါတယ်။
ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာနိုင်ငံဘက်က လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးစီးဆောင်ရွက်သွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၀ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးထားတဲ့ ဦးဝှေ့တင်းအမြန်ဆုံး လွတ်မြောက်ဖို့အတွက် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပေါင်း ၂၂ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တနေ့တခြား များပြားလာနေတဲ့ အမှိုက်ပြဿနာကို ဖြေရှင်းဖို့အတွက် တနေ့ကို ပလပ်စတစ်အမှိုက် ၂ တန် ချေဖျက်ပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အမှိုက်ချေဖျက်စက်ကို သန်လျင် သဘာဝတရားရိပ်သာမှာ စမ်းသပ်လည်ပတ်နေပါပြီ။
နိုင်ငံတကာက နာမည်ကြီးကားဘရန်းတွေနဲ့ အိမ်နီးချင်းနိုင်ငံထုတ်ကား အမျိုးအစားတွေအပါအဝင် တစ်ပတ်ရစ်ကားတွေကိုပါ တနေရာထဲအစုံအလင် မြင်တွေ့ရပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ကားကို စမ်းသပ်မောင်းနှင်လို့ရတဲ့ အစီအစဉ်တွေနဲ့အတူ ရန်ကုန်မြို့မှာ ကားပြပွဲကြီးတခုကို ကျင်းပနေပါတယ်။
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာနိုင်ငံဘက်က လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ ဂမ်ဘီယာနိုင်ငံက အခုလ ၁၁ ရက်နေ့မှာ အမှုတင်သွင်းလိုက်ပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နားမှာ တပ်မတော်စစ်ကြောင်း ရီမုမိုင်းခွဲ တိုက်ခိုက်ခံရပေမယ့် ထိခိုက်မှုကြီးကြီးမားမား မရှိဘူးလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ထဲက ရွာသာယာကျေးရွာမှာ ဒေသခံတွေကို မြန်မာစစ်တပ်က ခေါ်ယူူစစ်ဆေးနေတာတွေကြောင့်ဒေသခံတွေအကြား စိုးရိမ်ထိတ်လန့်နေကြပါတယ်။ စစ်တပ်ဘက်တော့ ဒါဟာစစ်ဆင်ရေးအခြေအနေမှာ ဆောင်ရွက်တာဖြစ်ပြီး ခေါ်ယူ စစ်ဆေးပြီးတဲ့သူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းနိုင်ငံများအဖွဲ့ (IORA) မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ မြန်မာနိုင်ငံရဲ့ လျှောက်ထားချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သေးသိမ်တဲ့သဘောထားကိုပြသရာရောက်ကြောင်း မြန်မာနိုင်ငံခြားရေးဌာနက တုံ့ပြန်လိုက်ပါတယ်။
မြန်မာအစိုးရက ဖွဲ့ထားတဲ့ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) အဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်တွေအတွက် သက်သေအထောက်အထားတွေ စုံစမ်းစစ်ဆေးနိုင်ရေး ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ ပြင်ဆင်နေပါတယ်။
ရန်ကုန်တက္ကသိုလ် အဆင့်မြင့်တင်ရေး Master Plan ထဲက တခုဖြစ်တဲ့ တက္ကသိုလ်ပတ်လမ်း တည်ဆောက်တာနဲ့ ပတ်သက်ပြီး နှစ်ရှည်ပင်တွေ ခုတ်လှဲခံရတာကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဒီအစီအစဉ်ကို ဖျက်သိမ်းပေးဖို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေထဲက ကိုယ့်သဘောနဲ့ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာသူ ၁၇ ယောက် ရှိခဲ့ပြီး မနေ့တုန်းကလည်း ၄၀ ကျော် ပြန်လည် ရောက်ရှိလာခဲ့ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက သံချပ်ထိုးဖျော်ဖြေတာမှာ တပ်မတော်ကိုထိခိုက်စေတဲ့ စာသားတွေနဲ့ အပြုအမူတွေပါဝင်လို့ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁နှစ်ကျခံဖို့ မရမ်းကုန်းမြို့နယ်တရားရုံးက ဒီကနေ့ အမိန့် ချမှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့တာပါ။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေမှာ ဒေသခံအမျိုးသားတွေကို RCSS ဘက်က ဖမ်းဆီးခေါ်ဆောင်တာတွေ ဒီလထဲမှာ ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ ခေါ်ဆောင်ခံရသူ မိသားစုဝင်တွေက ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝဒေသမှာ ဒီနှစ်ထဲ AA လက်နက်ကိုင်အဖွဲ့က ဒေသခံတွေကို မကြာခဏ ဖမ်းဆီးသွားခဲ့ပြီး အဲဒီထဲက ၈၂ ယောက်ပြန်မလွတ်သေးတဲ့ အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို အကြောင်းကြားထားတယ်လို့ ချင်းပြည်နယ် ဝန်ကြီးကပြောပါတယ်။
နယ်မြေအငြင်းပွားမှုလို့ ယူဆရတဲ့ ပြဿနာကြောင့် KNU နဲ့ NMSP တို့ကြား အောက်ခြေပိုင်းတပ်တွေ အခုလအတွင်း ပစ်ခတ်မှုတွေမကြာခဏ ရှိခဲ့တာကြောင့် နှစ်ဘက်ခေါင်းဆောင်တွေ ဒီကိစ္စပြေလည်ရေး အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမယ့် မနေ့က အောက်တိုဘာ ၂၃ ရက်နေ့မှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။
မန္တလေးတက္ကသိုလ်ဝင်းထဲမှာ တည်ဆောက်ထားတဲ့ စားသောက်ဆိုင်တန်းကိစ္စနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုတွေဟာ ကြန့်ကြာလွန်းနေပြီး စုံစမ်းပြီးတဲ့ ရလဒ်ကို မေးတဲ့အခါမှာလည်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်နဲ့ ပညာရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေဟာ ကွဲလွဲနေကြောင်း ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက ပြောပါတယ်။
မွန်ပြည်နယ်၊ မရမ်းချောင်းနဲ့ ဗလဲဒွန်ဖိုက်ဘက်မှာရှိတဲ့ မွန်ပြည်သစ်ပါတီစခန်းနှစ်ခုကို ဒီမနက် အစောပိုင်းမှာ KNU အဖွဲ့ကလို့ ယူဆရတဲ့ လက်နက်ကိုင်ဆောင်ထားသူ ၁၀ဦး လောက်က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အနီးမှာ တပ်မတော်နဲ့ တအောင်း လက်နက်ကိုင်အဖွဲ့ တို့ ဒီမနက် ၆နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်