ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ရွှေလှိုင်ကျေးရွာမှာ ဒီကနေ့ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သားတဦးသေဆုံးပြီး၊ တဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီပစ်ခတ်မှုကို တပ်မတော်ဘက်က အတည်ပြုပြီး မသင်္ကာဖွယ်ရာ သံသယရှိသူတွေကို ပစ်ခတ်လိုက်တာလို့ ပြောပါတယ်။
တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တချို့မှာ လာမယ့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလားဆိုတဲ့အပေါ် ရခိုင်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက စိုးရိမ်နေပါတယ်။
တရုတ်နိုင်ငံ မြန်မာယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင် ဒေသမှာရှိတဲ့ဓာတ်သတ္ထု စမ်းသပ်တူးဖော်ရေးလုပ်ပိုင်ခွင့်ရသွားတဲ့အပေါ် ဒေသခံ တစ်ထောင် နီးပါးက စက်တင်ဘာလ ၃၀ရက် နံနက်ပိုင်းမှာ ကန့်ကွက်ဆန္ဒပြကြတာပါ။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာမှာရှိတဲ့ မူးယစ်ဆေးဖြတ်တဲ့စင်တာတခုကို မနေ့ မနက်အစောပိုင်းက အရပ်ဝတ်နဲ့သေနတ်ကိုင်ဆောင်သူတွေက ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။
ပြည်တွင်းစစ်တွေရပ်တန့်ဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့အတွက် ရန်ကုန်မြို့မှာ "ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်" ကို ကျင်းပနေပါတယ်။ ဒီအကြောင်းကို ဗွီအိုအေသတင်းထောက် စုစုက ပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်မှာ အစိုးရနဲ့ တရုတ်ကုမ္ပဏီတခု ဖက်စပ်လုပ်ကိုင်နေတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံကို ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရှမ်းပြည်နယ် အစိုးရက စမ်းသပ်လည်ပတ်ခွင့် သုံးနှစ် သက်တမ်းတိုးမြင့်ပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေးကိစ္စ စတင်နိုင်ဖို့ အခက်အခဲတွေ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြန်ဝင်လာတဲ့ ၆ ဦး အပါအဝင် အခုချိန်ထိ မြန်မာနိုင်ငံဘက်ကို ပြန်ဝင်လာသူ ၂၇၁ ဦး ရှိသွားပြီလို့ နယ်စပ်မှာရှိတဲ့ ပြန်လည် လက်ခံရေးစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေကြားက ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အပြီးမှာ ဘဏ်အပ်ငွေတွေကို ပြန်ထုတ်ပြီး ရွှေဝယ်သူများလာတာကြောင့် ပြည်တွင်းရွှေဈေးလည်း တရိပ်ရိပ်တက်လာပါတယ်။ ဒါပေမယ့် ရန်ကုန်နဲ့ မန္တလေးဈေးကွက် အခြေအနေမှာတော့ ကွာခြားမှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံက လုပ်ငန်းရှင်တချို့နဲ့ ပုဂ္ဂလိကဘဏ်တွေကြား ချေးငွေပြန်မဆပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းစီးပွားရေးလောကမှာ ဝေဖန်မှုတွေ ရှိနေတာကြောင့် ဒါကို ဗဟိုဘဏ်အနေနဲ့ ဘယ်လို ဖြေရှင်းဆောင်ရွက်ပေးမလဲဆိုတာကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။