အမျိုးအမည်မသိသေးတဲ့ နမိုးနီးယား အဆုတ်ရောင် ရောဂါတမျိုးကို မကြာသေးခင်က တရုတ်နိုင်ငံမှာ စတင်တွေ့ရှိ ခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ ကြိုတင်ကာကွယ်ရေး တွေ လုပ်ဆောင်နေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက တာဝန်ရှိသူ တွေက ပြောပါတယ်။
၇၂ကြိမ်မြောက် ကချင်ပြည်နယ်နေ့ကို ကချင်ပြည်နယ် အစိုးရက ဦးဆောင်ကျင်းပမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ဒီပွဲမှာ ရိုးရာအတိုင်း မနောပွဲကို ထည့်သွင်း ကျင်းပမှာဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မှာ ဖြစ်ကြောင်း ပြည်နယ် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗစ်တိုးရီးယားအမှုအတွက် တရားမျှတမှု ပေါ်ပေါက်ရေးကို မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM) က စတင်ဆောင်ရွက်တော့မှာပါ။ ILAM ကိုအမှုအပ်ခဲ့တဲ့ တရားလိုဖြစ်သူ စာရေးဆရာ ထင်လင်းဦးကလည်း တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတာ သေချာစေဖို့အတွက် ဒီအမှုမှာ လိုက်ပါဆောင်ရွက်တာလို့ ဆိုပါတယ်။
ဒီကနေ့မှာ ကျရောက်တဲ့ ၂၀၂၀ နှစ်သစ်ကစလို့ မြန်မာပြည်သူပြည်သား အပေါင်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အတူယှဉ်တွဲ နေနိုင်အောင် ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ ဆန္ဒပြု ကြပါတယ်။
၂၀၁၉ နှစ်ကုန်လို့ ၂၀၂၀ နှစ်သစ်ထဲ ရောက်တော့မှာမို့ ရခိုင်ပြည်ထဲက ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ ဒေသခံတွေအနေနဲ့ နှစ်သစ်ကူးကာလမှာ သူတို့ရဲ့နေအိမ်ကို အန္တရာယ်ကင်းကင်း ပြန်ချင်တဲ့ ဆန္ဒတေ ွရှိနေပါတယ်။
ဒီကနေ့ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့မှာ မြန်မာနိုင်ငံအရပ်ရပ်က ဒေသအသီးသီးမှာ နေထိုင်တဲ့ ကရင်တိုင်းရင်းသားတွေ ပွဲတော်ကျင်းပ ဆင်နွှဲနေကြပါတယ်။
ခရစ္စမတ်ပွဲတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အလေးအမြတ်ထားရတဲ့နေ့ ဖြစ်တာကြောင့် မိသားစုစုံညီ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ဖို့က သူတို့ရဲ့ရည်ရွယ်ချက်ပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည် စခန်းတွေကနေ နေရပ်ရင်း ပြန်ချင်ကြောင်း ပြောနေကြတဲ့ ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေကို သူတို့ရဲ့ လုံခြုံရေး အတွက် သီးသန့်လုံခြုံရေးချထားတယ်လို့ မကြာသေးခင်ကမှ အဲဒီဒုက္ခသည်စခန်း တွေကို သွားရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားရဲ့ အမည်အရင်းအပါအဝင်၊ အမှုမှာပါရှိတဲ့ အချက်အလက်တွေကို ချပြခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။
မြန်မာနိုင်ငံမှာ လူအများအာရုံစိုက်တဲ့ ဗစ်တိုရီးယားအမှုလို့ လူသိများတဲ့ သက်ငယ်မုဒိန်းမှု တခုနဲ့ ပတ်သက်ပြီး မနေ့က နေပြည်တော်မှာကျင်းပတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲမှာ ကျုးလွန်ခံရသူ ခလေးငယ်ရဲ့အမည်နဲ့ မိသားစုနဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကို ရဲအရာရှိက ဖွင့်ပြောသွားတာကြောင့် ဝေဖန်မှုနေကြပါတယ်။
ဗစ်တိုးရီးယားအမှုက သံသယတရားခံကိုအောင်ကြီးကို မနေ့က တရားရှင် ပြန်လွှတ်ပေးခဲ့တဲ့အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီကနေ့ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်ရာမှာ ကျူးလွန်ခံရသူ ဗစ်တိုးရီးယားရဲ့ အမည်ရင်းကို အကြိမ်များစွာ အသုံးပြုသွားတာကို ဥပဒေပညာရှင်တွေက ဝေဖန် ရှုတ်ချလိုက်ကြပါတယ်။
ဗစ်တိုးရီးယားအမှုက သံသယတရားခံ ကိုအောင်ကြီးကို တရားရှင် ပြန်လွှတ်ပေးခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီကနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲအကြောင်း မစုစုက တင်ပြထားပါတယ်။
နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက သုံးနှစ်အရွယ် မိန်းကလေး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာနဲ့ ပတ်သက်ပြီး သံသယ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးကို ဒီကနေ့ တရားရုံးက လွှတ်ပေးလိုက်ပါပြီ။ ဒီကနေ့ (၁၃) ကြိမ်မြောက်ရ ုံးချိန်းမှာ ဆရာမနှင်းနုအပါအဝင် ဆရာမ နှစ်ဦးကို စစ်ဆေးခဲ့တာပါ။
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတွေမှာ ဒေသခံတွေ မိုင်းထိတာများလာကြောင့် တိုက်ပွဲအတွင်းမှာ မိုင်းအသုံးမပြုဖို့ နှစ်ဘက် လက်နက်ကိုင်အဖွဲ့ကို မေတ္တာ ရပ်ခံနေပါတယ်။
ရခိုင်ဒေသမှာ စစ်ပြေးဒုက္ခသည်အရေအတွက် တနေ့ထက်တနေ့ ပိုများလာနေပြီး စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့ကြားမှာပဲ အထူးသဖြင့် အမျိုးသမီးတွေရဲ့ တကိုယ်ရေကျန်းမာရေးနဲ့ လုံခြုံရေးကိစ္စတွေက စိုးရိမ်စရာဖြစ်လာနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ရင်ဆိုင် ဖြေရှင်းဖို့ နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာရှိတဲ့ ICJ နိုင်ငံတကာတရားရုံးကို သွားရောက် နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက်၊ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။
လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်ဖြေရှင်းဖို့ နယ်သာလန်နိုင်ငံ၊ The Hague မြို့က ICJ တရားရုံးကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွေ ပြည်တွင်းပြည်ပမှာ ကျင်းပနေပါတယ်။ ဒီကနေ့ ရန်ကုန်မြို့က ထောက်ခံပွဲအကြောင်း မစုစုက သတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က မနေ့ညက ဖမ်းဆီးလိုက်တဲ့ စက်လှေဟာ ဒီကနေ့မနက်မှာ နေရပ်ကို ပြန်ရောက်လာပါပြီ။ စက်လှေပေါ် ပါလာသူတွေကို AA အဖွဲ့က ယာယီ ထိန်းသိမ်းပြီး အားလုံးကို ပြန်လွတ်လိုက်တာပါ။
NLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးထားတာ မနေ့က ဒီဇင်ဘာ ၃ရက်နေ့မှာ တလပြည့်ခဲ့ပါပြီ။ အဲဒီလို တလပြည့်တဲ့နေ့မှာပဲ ဦးဝှေ့တင်းအပါအဝင် AA အဖွဲ့က ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့အတွက် ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက် အစိုးရတာဝန်ရှိသူတွေက အစီအစဉ်ဆွဲဆောင်ရွက်နေကြပေမယ့်လို့ နှစ်ဘက် သဘောတူညီချက် အစီအစဉ်အရ ပြန်လည်ဝင်ရောက်သူတွေ ဒီနေ့အထိ မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာကြတဲ့ ဒုက္ခသည် အရေအတွက်ကတော့ ၄၀၀ ကျော်လာပါပြီ။
နောက်ထပ်ကြည့်ရှုရန်