Covid- 19 ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှု အဆင့် ၄ - စိုးရိမ်အဆင့် ရောက်နေပြီဖြစ်တဲ့ တောင်ကိုရီးယားမှာ မြန်မာအလုပ်သမား ၄၀,၀၀၀ နီးပါးရှိပြီး ရောဂါပိုး ကူးစက်ခံရတဲ့ မြန်မာလုပ်သား လုံးဝ မရှိသေးဘူးလို့ တောင်ကိုရီးယားဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။
ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ကလေးငယ်ရဲ့ အမည်ရင်းနဲ့ မိသားစု အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ သမ္မတက ညွှန်ကြားထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
Covid-19 ရောဂါရှိ မရှိ ဒီကနေ့ကစပြီး မြန်မာနိုင်ငံတွင်းမှာပဲ စတင်စစ်ဆေး အတည်ပြုနိုင်ပြီ ဖြစ်ပြီး ဓာတ်ခွဲနမူနာတွေကို ထိုင်းနိုင်ငံက ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပို့စရာ မလိုတော့ဘူးလို့ ရန်ကုန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL တာဝန်ရှိသူက ပြောပါတယ်။
ဗစ်တိုးရီးယားလို့ ထင်ရှားတဲ့ ကလေးငယ်လေးရဲ့အမှုမှာ သံသယတရားခံအဖြစ် စွပ်စွဲခံခဲ့ရတဲ့ ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးလိုက်တဲ့အပေါ် ပြင်ဆင်မှုတင်ပေးဖို့ ခရိုင်ဥပဒေရုံးနဲ့ မှုခင်းတပ်ဖွဲ့မှူးရုံးတို့က တင်ပြထားတာကို မန္တလေးတိုင်း ဒေသကြီး ဥပဒေချုပ်ရုံးက ပယ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL မှာ COVID- 19 ရောဂါ ရှိ မရှိ စစ်ဆေးနိုင်ပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူကပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စိုက်ထူတာဟာ အသွင်သဏ္ဍာန်အရ လုပ်ဆောင်တာမဟုတ်ဘဲ အနှစ်သာရရှိရှိ လုပ်နေကြတာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နေပြည်တော် သပြေကုန်းအဝိုင်းမှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုလိုက်တာပါ။
အရှေ့တောင်အာရှ နိုင်ငံတွေက ကဏ္ဍအသီးသီးမှာ ဦးဆောင်လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေကို ရွေးချယ်ဆုချီးမြှင့်တဲ့ ၂၀၂၀ အရှေ့တောင်အာရှ အနာဂတ် အမျိုးသမီး စွမ်းဆောင်ရှင် ဆု (Women of the Future Awards Southeast Asia 2020) အတွက် ဆန်ခါတင်ရွေးချယ်ခံထားရတဲ့ စာရင်းထဲမှာ မြန်မာအမျိုးသမီး ၄ ဦးလည်း ပါဝင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်စစ်ဆေးတာကို မြန်မာနိုင်ငံထဲမှာပဲ ဒီရက်ပိုင်းအတွင်း စလုပ်နိုင်တော့မယ်လို့ ကူးစက် ရောဂါတိုက်ဖျက်ရေး ဗဟိုဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၁ ဦးနဲ့ စောင့်ကြည့်လူနာ ၁၈ ဦး ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဒီကနေ့မှာပြောပါတယ်။ ဒီရောဂါပိုး ကူးစက်ခံထားရသူ မြန်မာနိုင်ငံမှာ မရှိသေးပေမယ့်လည်း လူထူထပ်တဲ့နေရာတွေနဲ့ ပွဲလမ်းသဘင်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်တယ်လို့အကြံပြုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က တရုတ် နိုင်ငံသား ၅ ဦး မြန်မာနိုင်ငံဘက် တရားမဝင် ဝင်လာတဲ့အကြောင်း ရွှေလီရဲတပ်ဖွဲ့က မူဆယ်ခရိုင်ရဲတပ်ဖွဲ့ကို ကြာသပတေးနေ့က အကြောင်းကြားခဲ့ပါတယ်။
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စောင့်ကြည့်ခံထားရတဲ့ လူနာတွေထဲက ၅ဦးမှာ ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိ၊ မရှိ စောင့်ကြည့်နေသူ ၇ ဦး ရှိသွားပါပြီ။ အဲဒီလူတွေကို သီးခြားခွဲထားပြီးတော့ စောင့်ကြည့်နေပြီး ဗိုင်းရပ်စ်ပိုးရှိမရှိ အတည်ပြုဖို့လည်း လုပ်နေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် အနည်းဆုံး ၃ ဦးကို တွေ့ရှိထားကြောင်း သမ္မတရုံးတာဝန်ရှိသူက သတင်းထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးသွားကြသူတွေထဲက ၂၆ဦးပါဝင်တဲ့ အိမ်ထောင်စု ၉စုဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အခုနှစ်ဆန်းပိုင်းမှာပဲ မြန်မာနိုင်ငံထဲ ပြန်လည် ဝင်ရောက်လာကြပါတယ်။
မန္တလေးတက္ကသိုလ် စားသောက်ဆိုင်တန်း တည်ဆောက်တာနဲ့ ပတ်သက်ပြီး တင်ဒါမခေါ်ပဲ ရင်းနှီးသူကို ဆောက်လုပ်ခွင့် ပေးခဲ့တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ကို ပညာရေးဝန်ကြီးဌာနက ရာထူးနေ အငြိမ်းစား ပေးပြီး အရေးယူလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ corona ဗိုင်းရပ်ကူးစက်ပြန်နှံမှု စတင်သလို ရောဂါကူးစက်မှုအဆိုးဆုံးဖြစ်နေတဲ့ ဝူဟန်မြို့ကို ပညာသင်ရောက်ရှိနေတဲ့ မြန်မာကျောင်းသား အယောက် ၆၀ နေရပ်အမြန်ပြန်နိုင်ရေး အတွက် မြန်မာအစိုးရနဲ့ တရုတ်အာဏာပိုင်တွေ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ Corona ဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက် တိုးလာနေသလို၊ ပြည်ပနိုင်ငံတွေမှာပါ ကူးစက်မှုတွေ ရှိလာနေတဲ့အတွက် စိုးရိမ်မှုတွေ ကြီးထွားလာနေသလို ကာကွယ်ရေး အစီအစဉ်တွေကိုလည်း တိုးမြှင့်နေကြပါတယ်။
တရုတ်သမ္မတရဲ့ မြန်မာပြည် ၂ ရက်တာ ခရီးစဉ်အတွင်းမှာ ချုပ်ဆိုခဲ့တဲ့ နှစ်နိုင်ငံကြား သဘောတူညီမှု ၃၃ခု ထဲက တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာနဲ့ ပတ်သက်ပြီး မြစ်ဆုံစီမံကိန်း စောင့်ကြည့်လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံကို မနက်ဖြန်မှာရောက်ရှိမယ့် တရုတ်သမ္မတ Xi Jinping ထံ မြစ်ဆုံစီမံကိန်းအပြီးုတိုင် ဖျက်သိမ်းပေးဖို့ အိတ်ဖွင့်ပေးစာကို ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက ပေးပို့ဖို့ စီစဉ်နေပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မှုခင်းရဲတပ်ဖွဲ့မှူးသုံးဦးနဲ့ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် page တာဝန်ခံတို့ကို ကလေးသူငယ် အခွင့်ရေးဆိုင်ရာ ချိုးဖေါက်မှုနဲ့ တရားစွဲဆိုနိုင်ဖို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) က နိုင်ငံတော်သမ္မတထံ စာတင် လျှောက်ထားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်