မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်နေချိန်မှာ လိုအပ်ချက်အရ ၁၄ ရက်တာ အသွားအလာ ကန့်သတ်တဲ့ Quarantine လုပ်ဆောင်မှုမျိုးကို မလိုက်နာဘဲ ဖောက်ဖျက်ခဲ့ရင် ကူးစက်ဥပဒေအရ အရေးယူလို့ရကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံတွင်းမှာ COVID-19 သံသယနဲ့ စောင့်ကြည့်ခံရတဲ့ စာရင်းထဲက သေဆုံးခဲ့သူဟာ ၈ ဦး ရှိသွားပါပြီ။ ကြို့ပင်ကောက်မြို့နယ်ထဲက သေဆုံးသူ တဦးကိုတော့ သေဆုံးပြီးမှ ရောဂါပိုးရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ ဓာတ်ခွဲစမ်းသပ်မှု လုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ COVID-19 သံသယနဲ့ စောင့်ကြည့်ခံနေရသူတွေထဲက သေဆုံးခဲ့သူဟာ ၇ ဦး ရှိသွားပါပြီ။ အဲဒီသေဆုံးလူနာတွေထဲက ၅ ဦးမှာတော့ ကိုရိုနာရောဂါပိုး မရှိဘူးလို့ အဖြေထွက်ခဲ့ပြီး၊ ကျန်တဲ့ ၂ ဦးကိုတော့ ဓာတ်ခွဲအတည်ပြုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 သံသယနဲ့ ဆေးရုံတင်စောင့်ကြည့် ခံနေရချိန်မှာပဲ သေဆုံးသူ ၅ ဦးအထိရှိသွားပါပြီ။ အဲဒီထဲက ၄ဦးမှာတော့ ဓာတ်ခွဲစစ်ဆေးချက်အရ ကိုရိုနာရောဂါ မရှိဘူးလို့ အဖြေထွက်ခဲ့ပြီး ကျန်တဦးကိုတော့ ဓာတ်ခွဲအတည်ပြုနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။
ထိုင်းနိုင်ငံက ပြည်ဝင်ခွင့်ပိတ်ထားချိန်မှာ မြန်မာ-ထိုင်း နယ်စပ်ဂိတ်ပေါက်ကနေ သွားလာဖို့ပြင်ဆင်ထားတဲ့ တရုတ်နိုင်ငံသား ၅၀၀ ကျော်ဟာ တာချီလိတ်မှာပဲ ဒဏ်ကြေးပေးဆောင်ပြီး နေထိုင်နေတယ်လို့ သိရပါတယ်။
COVID-19 ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေအပေါ် ရောဂါကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ပြီး ဆေးရုံမှာ သီးခြားခွဲထား စောင့်ကြည့်မှု Hospital Quarantine လုပ်ဆောင်ဖို့အတွက်လည်း နေရာနှစ်နေရာကို ထပ်မံတိုးချဲ့လုပ်ဆောင်နေပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအားဖြင့် လူ ၃,၀၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ တပြိုင်ထဲစစ်ဆေးနိုင်ဖို့ လိုအပ်တဲ့ ဓာတုနဲ့ စက်ပစ္စည်းတွေ အလုံအလောက်ရှိထားပြီလို့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ကြာသပတေးနေ့က ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးတခုပြီးတဲ့နောက် ပြန်ကြားရေးဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဗွီအိုအေကို အဲဒီလိုပြောတာပါ။
နိုင်ငံတကာက ဖိအားပေးနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ သဘောတူညီချက်က လက်တွေ့မလုပ်နိုင်သေးပေမဲ့ အခုလို သီခြားကိုယ့်အစီအစဉ်နဲ့ ကိုယ်ဝင်ရောက်လာသူတွေ ရှိလာနေတာပါ။
COVID - 19 ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း ဒုတိယအမြင့်ဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ လိုအပ်တဲ့ အကူအညီရှိလာခဲ့ရင် မြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားဖို့ သံရုံးတာဝန်ရှိသူက ပြောပါတယ်။
COVID- 19 နဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ သတင်းထုတ်ပြန်ချက်ထဲမှာ စောင့်ကြည့်လူနာ ၂ ဦးနဲ့ သံသယလူနာ ၁ ဦးတို့ဟာ ရောဂါရှိ၊ မရှိ အဖြေမထွက်ခင်ကာလမှာပဲ တခြားရောဂါတွေကြောင့် သေဆုံးခဲ့တယ်လို့ လတ်တလော သုံးသပ်ထားပါတယ်။
COVID- 19 ကြောင့် နေရပ်ပြန်လိုကြောင်း ဆက်သွယ်လာသူတွေထဲက ကျန်ရှိသူတွေကို ပြန်ပို့နိုင်ဖို့အတွက် တရုတ်အာဏာပိုင်တွေဆီ မေတ္တာရပ်ခံစာ ပေးပို့ထားတယ်လို့လည်း မြန်မာသံရုံးတာဝန်ရှိသူက ပြောပါတယ်။
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ် အကျဉ်းထောင်က COVID-19 ကူးစက်ခံထားရတဲ့ အကျဉ်းသားနှစ်ဦးဟာ မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုပြီး အကျဉ်းထောင် စီမံခန့်ခွဲဌာနက မြန်မာသံရုံးကို အကြောင်းကြားလာပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ကနေ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ကျောင်းသူ ၁၀ ဦးကို ဝေဘာဂီအထူးကု ဆေးရုံကြီးမှာ Hospital Quarantine ၁၄ ရက် ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
ပြည်ပကနေ မြန်မာနိုင်ငံတွင်း ဝင်လာသူတွေအနေနဲ့ COVID-19 ကူးစက်မှု ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ မှတ်တမ်းစာရွက်မှာ တိတိကျကျ ဖြည့်စွက်ပေးဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ပန်ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း ဝင်ရောက်ဖို့ စီစဉ်ထားတဲ့ Silver Cruise အပျော်စီးသင်္ဘောဟာ COVID- 19 ရောဂါပိုး ကူးစက်ခံနေရတဲ့ နိုင်ငံတွေကနေ လာရောက်တာ ဖြစ်တဲ့အတွက် မြန်မာ့ဆိပ်ကမ်းကို ကပ်ခွင့်မပြုပဲ ငြင်းပယ်လိုက်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူကပြောပါတယ်။
COVID-19 ရောဂါပိုးကို ကူးစက်မြန် ဒါမှမဟုတ် တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် သတ်မှတ်တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ကြေညာပါတယ်။ ဒီအမိန့်ကို မလိုက်နာရင် ထောင်ဒဏ် ငွေဒဏ် ချမှတ်နိုင်တဲ့အကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
COVID- 19 ကူးစက်သူဦးရေ တောင်ကိုရီးယားမှာ များလာနေပေမယ့် မြန်မာလုပ်သားတွေကိုတော့ အခုချိန်ထိ ရောဂါကူးစက်မှုမရှိသေးဘဲ၊ ဒီလုပ်သားတွေရဲ့ မိသားစုဝင်တွေအနေနဲ့လည်း စိုးရိမ်မှုမလွန်ကဲဖို့ကို မြန်မာသံရုံးတာဝန်ရှိသူက ပြောပါတယ်။
COVID- 19 ကိုရိုနာရောဂါပိုး စောင့်ကြည့်နဲ့ သံသယလူနာ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ ဒီရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြည်သူတွေကိုအသိပညာ ပေးတဲ့အပိုင်းကို အဓိကထားဆောက်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ COVID- 19 အတည်ပြုလူနာ မရှိသေးပေမယ့် ရောဂါစောင့်ကြည့်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်