အထူးအစီအစဉ် အနေနဲ့ Green Channel ကနေ MOU အပါအဝင် ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေအတွက် နိုင်ငံကူးစာအုပ်လျှောက်ထားတာကို ဆက်ပြီးခွင့်ပြုခဲ့ပါတယ်။ ဒီကနေ့ ကစပြီး အဲဒီ့ အစီအစဉ်ကိုပါ ယာယီရပ်ဆိုင်းလိုက်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်
စစ်ကောင်စီက အပစ်ရပ်ထားတဲ့အချိန် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို ခွင့်ပြုထားတယ်ဆိုပေမယ့်၊ သက်ဆိုင်ရာဒေသအာဏာပိုင်တွေဆီက ခွင်ပြချက်တောင်းရတာ အပါအဝင် နယ်မြေတိုင်းကို လွတ်လွတ်လပ်လပ်တော့ သွားလာခွင့်မရှိသေးဘူးလို့ ရခိုင်ဒေသတွင်း ကူညီကယ်ရေးလုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။
ဝင်ချင်တဲ့သူလည်းရှိတယ် ရောဂါကူစက်မှာ စိုးတဲ့သူလည်းရှိတယ်။ တံခါးဖွင့်ဖို့ ကိစ္စကို မူဆယ်မှာရော မူဆယ်မှာ ရောက်နေသူတွေရော ဥပမာပေးပြီး တွက်ကြည့်မယ်ဆိုရင် တဝက်တောင်မရှိဘူး မဖွင့်စေချင်ဘူး။ အလုပ်အကိုင် ရှားပါးတာက ရှားပါးတာပဲ ဂိတ်ပိတ်လိုက်လို့ ဒါပေမဲ့ ကျန်းမာရေးအရ ပိုဆိုးသွားမှာ စိုးရိမ်နေကြတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ အခု လတ်တလောအားဖြင့် AA ရခိုင်တပ်ဖွဲ့နဲ့ စစ်ကောင်စီကြား နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးယူထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတခုဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း စစ်တွေဆိပ်ကမ်းတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးသွားပြီးမို့ လာမယ့်နှစ်ဆန်းပိုင်းမှာ စစ်တွေဆိပ်ကမ်းဖွင့်နိုင်ဖို့ နယ်စပ်ကုန်သည်တွေ မျှော်လင့်နေကြပေမဲ့ ပြည်တွင်းကုန်းလမ်းပိုင်တည်ဆောက်ရေးတချို့ လုံခြုံရေးကြောင့် ကြန့်ကြာနေပါသေးတယ်။
ထိုင်းနိုင်ငံထဲထိန်းသိမ်းခံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အဆမတန် များပြားလာတာကြောင့်ထိုင်းအချုပ်ခန်းတွေထဲမှာထောင်နဲ့ချီတဲ့မြန်မာနိုင်ငံသားတွေဟာ နေရပ် ပြန်ဖို့စောင့်ဆိုင်းနေကြရပါတယ်။ သူတို့ဟာ အစားအသောက်နဲ့ သောက်သုံးရေ အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ ပြန်လာသူတွေကပြောပါတယ်။ ကိုစည်သူတင်ပြထားပါတယ်။
ထိုင်းနိုင်ငံထဲ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို နယ်စပ်ဂိတ်ကတဆင့် မြန်မာနိုင်ငံထဲ ပြန်ပို့ပေးနေပါတယ်။
ထိုင်းနိုင်ငံထဲ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို နယ်စပ်ဂိတ်ကတဆင့် မြန်မာနိုင်ငံထဲ ပြန်ပို့ပေးနေပါတယ်။ ဇွန်လ ၁၇ ရက် သောကြာနေ့မှာဖမ်းဆီးခံ မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို ရနောင်းကော့သောင်းနယ်စပ်ကနေ မြန်မာနိုင်ငံက ပြန်လည်လက်ခံခဲ့ပါတယ်။ ကိုစည်သူ ပြောပြပေးမှာပါ။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေတယ်လို့ မြန်မာနိုင်ငံ မှာရောက်နေတဲ့ Nippon Foundation ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါကပြောပါတယ်။
မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ Nippon Foundation ဥက္ကဋ္ဌ မစ္စတာ Yōhei Sasakawa က ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မတူကွဲပြားတဲ့ အမြင်သဘောထားရှိတဲ့ လူပုဂ္ဂိုလ်အများအပြားနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကိုစည်သူက တင်ပြပါမယ်။
“..ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ပြောတဲ့စကားအတိုင်းပဲ။ ကြွေကျသည်ဖြစ်စေ၊ ကြွေမကျသည်ဖြစ်စေ၊ ကိုယ့်လက်ထဲမှာကြွေကျတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဖာသာကိုယ် ပြန်ကောက်ပြီးတော့ ပြန်လည်ထူထောင်အောင်တော့ လုပ်ပေးရမယ့်တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲ လုပ်ဆောင်ပေးမယ်လို့ ကျနော် ပြောချင်ပါတယ်။” (ဗိုလ်ချုပ် ဇော်မင်းထွန်း)
“တရားခံ ဇင်လင်းခေါ် ကြွယ်ကြီးက ပစ္စတိုသေနတ်နှစ်လက်၊ တရားခံ ခင်ခင်ကြွယ် ခေါ် ခင်လေးက ပစ္စတိုတလက်ကိုင်ပြီးတော့ လှေကားအတိုင်း ပြေးဆင်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့ပါတယ်။ ပြန်လည်ပစ်ခတ်ဖမ်းဆီးရာမှာ တရားခံနှစ်ဦးလုံးကို အသေ ဖမ်းဆီးရမိခဲ့ပါတယ်။“ (ဗိုလ်ချုပ် ဇော်မင်းထွန်း)
ရန်ကုန် ဆန္ဒပြပွဲအတွင်း သေနတ်ထိမှန်သေဆုံးသူများကို ၎င်းတို့ ကျဆုံးခဲ့ရာနေရာများမှာ ပန်းစည်း ပန်းခြင်းများနဲ့ အောက်မေ့ဂုဏ်ပြုခဲ့ကြတဲ့ မြင်ကွင်း။ ~~~ ရနျကုနျ ဆန်ဒပွပှဲအတှငျး သနေတျထိမှနျသဆေုံးသူမြားကို ၎င်းငျးတို့ ကဆြုံးခဲ့ရာနရောမြားမှာ ပနျးစညျး ပနျးခွငျးမြားနဲ့ အောကျမေ့ဂုဏျပွုခဲ့ကွတဲ့ မွငျကှငျး။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းနေတာမှာ လှည်းတန်းမှာ အနည်းဆုံး လူ ၂ ဦး သေနတ်ဒဏ်ရာ ရသွားခဲ့ပါတယ်။
မြေနီကုန်းဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကအင်အားသုံးလူစုခွဲ (ဖေဖော်ဝါရီလ၊၂၆၊၂၀၂၁)
ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်များ သပိတ်စစ်ကြောင်း။ ~~~ ဆေးနှင့ျဆေးနှီးနှယျတက်ကသိုလျမြား သပိတျစဈကွောငျး။
စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြနေသူတွေဟာ ဆန်းသစ်တဲ့ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ကြရာမှာ ဖေဖော်ဝါရီလ (၂၅) ရက် ဒီကနေ့ကိုတော့ သနပ်ခါးတိုက်ပွဲအဖြစ် အာဏာရှင်အလိုမရှိကြောင်းနဲ့ CDM မှာပါဝင်ကြရေး လှုံ့ဆော်ဆန္ဒပြနေကြတာပါ။
အင်ဒိုနီးရှားအနေနဲ့ စစ်အာဏာရှင်ရဲ့အစီအစဉ်တွေကို မထောက်ခံဘဲ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ ရန်ကုန်မြို့အင်ဒိုနီးရှားသံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ အင်ဒိုနီးရှားသံရုံးဝန်းကျင်မှာတော့ ရဲတပ်ဖွဲ့က ပိတ်ဆို့နေရာယူထားပေမဲ့ ဆန္ဒပြသူတွေအရင်နေ့ကထက်ပိုမိုလာရောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်လျော့မသွားဘဲ ရန်ကုန်မြို့အခြေစိုက်သံရုံးရှိရာနေရာတွေနဲ့ မြေနီကုန်း၊ လှည်းတန်းတွေမှာ ထိုင်သပိတ်ဆင်နွှဲတာအပြင် စစ်ကြောင်းအစုံက ချီတက်ဆန္ဒပြသူတွေ ရန်ကုန်မြို့အနှံ့ ချီတက်ဆန္ဒပြနေကြပါတယ်။
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရှေ့ဆန္ဒပြဖို့ကြိုးစားတဲ့လူစုကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည့် မြင်ကွင်းများ။ ~~~~ ရနျကုနျမွို့ရှိ အမရေိကနျသံရုံးရှေ့ဆန်ဒပွဖို့ကွိုးစားတဲ့လူစုကို ရဲတပျဖှဲ့က ပိတျဆို့ထားသည့ျ မွငျကှငျးမြား။
နောက်ထပ်ကြည့်ရှုရန်