၂၀၁၅ နောက်ပိုင်းကျမှ ရုပ်ရှင်ရုံ အသစ်တည်ဆောက် တဲ့ လုပ်ငန်းရှင်တွေ ပေါ်ပေါက်လာပြီး ရင်းနှီးမြှုပ်နှံမှု လုပ်နေချိန် ကိုဗစ်ဖြစ်၊ အခုနောက်ဆုံး အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ရတာပါ။ အဲဒီ ရုပ်ရှင်ရုံ လုပ်ငန်း စီးပွားရေးကိုလည်း အများကြီး ထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။
တကယ့်လက်တွေ့မှာ အင်တာနက် ဖြတ်တောက် ပိတ်ပင်မှုရဲ့ အကျိုးဆက်ဟာ သတင်းအမှောင်ချတဲ့ကိစ္စ၊ ဆန္ဒပြသူတွေကို ချိတ်ဆက် မမိတော့အောင် လုပ်တဲ့ကိစ္စလောက်မှာပဲ ရပ်တန့်သွားတာတော့ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ လူမှုရေး နယ်ပယ်ကိုလည်း အကြီးအကျယ် သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။
ပြည်သူလူထုကလည်း အဲလို အရေးပါတယ်ဆိုတာကို သိတဲ့အတွက် ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ CDM လုပ်ထားမှုကို ဆန့်ကျင်ပြီး ဘဏ်တွေကို အတင်းအကြပ် ပြန်ဖွင့်ဖို့ ကြိုးစားမယ်ဆိုရင် ဝိုင်းပြီး အရေးယူ ဒဏ်ခတ်ကြမယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
အခုတစ်ကြိမ် တိုင်းပြည်မှာ ပြည်သူတွေကို သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချ၊ အိုးအိမ်ပစ္စည်းတွေ ဖျက်ဆီး၊ လူ့အခွင့်အရေး ချိုးဖေါက် လုပ်နေတဲ့ စစ်ကောင်စီကို သံဃာထုတွေရဲ့ တုန့်ပြန်ပုံဟာ အရင် အချိန်တွေတုန်းကထက် ပိုပြီး ညီညွတ်၊ ပိုပြီး စနစ်ကျလာတာ တွေ့ရပါတယ်
အရင်က ပြည်တွင်းရေးဆို ဝင်မစွက်ဖူးလို့ ဆိုကြတဲ့ အာစီယံနိုင်ငံတွေထဲမှာတောင် စစ်အုပ်ချုပ်ရေးကောင်စီကို အသိအမှတ်ပြုပါတယ် ဆိုတာမျိုး ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးနေကြတာကြောင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ကိစ္စမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောင်မြင်မှု ရမနေပါဘူး။
နောက်ပိုင်း မဲစာရင်းကပ်တဲ့အခါ ထပ်ပြီး ဖြည့်စွက်ရတာ အများကြီးရှိတာမို့ မဲစာရင်းနဲ့ လဝက စာရင်း ကွာခြားနေတာဟာ “မဲမသမာမှု” လို့ စွပ်စွဲဖို့ နေနေသာသာ “မဲမသမာမှု ဖြစ်စေနိုင်သော” အချက် မဟုတ်တာကတော့ သေခြာပါတယ်။
အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ မြန်မာနိုင်ငံမှာ ထုတ်လွှင့်နေတဲ့ ရုပ်သံနဲ့ ရေဒီယိုလိုင်း အားလုံးကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တာကို တွေ့နိုင်ပါတယ်။ ရုပ်သံနဲ့ ရေဒီယိုမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် လုံး၀ တွေ့မြင်နိုင်တော့မှာ မဟုတ်ပါဘူး။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ ဝါအရင့်ဆုံး တော်လှန်သက်တမ်း အကြာဆုံးဖြစ်တဲ့ KNU ကရင် အမျိုးသား အစည်းအရုံးကတော့ ပိုပြီး ပြတ်သားပါတယ်။ အာဏာသိမ်းတာကို လက်မခံဘူး၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးပါ၊ အာဏာသိမ်းတာကို ဆန့်ကျင်ကြတဲ့ ပြည်သူတွေကို ထောက်ခံမယ် ဆိုသည်အထိ ပြောဆိုထားပါတယ်။
အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေကို ဆက်ပြီး ဖမ်းဆီး ထိမ်းသိမ်းတာ၊ အင်န်အယ်လ်ဒီ ရုံးတွေကို တရားမဝင် ဝင်ရောက်မွှေနှောက်ပြီး စာရွက်စာတမ်း အပါအဝင် ပစ္စည်းတွေ သိမ်းယူသွားတာတွေကလည်း အာဏာသိမ်း ကောင်စီ အနေနဲ့ အင်န်အယ်လ်ဒီ ပါတီကို နှိပ်ကွပ်နေတယ် ဆိုတာ ပြသနေပါတယ်
မြန်မာ့သမိုင်းမှာ အခုနောက်ဆုံး စစ်အာဏာသိမ်းခေါင်းဆောင်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။ အခုလို အာဏာသိမ်းဖို့အတွက် နှစ်ပေါင်းများစွာ ဘယ်လို ကြံစည်ခဲ့သလဲ၊ ဘာတွေ ဆောင်ရွက်ခဲ့သလဲဆိုတာတွေကို မြန်မာ့အရေးသုံးသပ်သူ ဦးစည်သူအောင်မြင့်က သုံးသပ်တင်ပြထားပါတယ်။ ကိုအောင်အောင်က တည်းဖြတ်တင်ဆက်ပေးထားပါတယ်။
အရင် စစ်အာဏာသိမ်းမှု နှစ်ကြိမ်ကို ကိုးကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လိုရင်းကတော့ အရင် ၂ ကြိမ်တုန်းကလို သူ့အနေနဲ့ စစ်အာဏာသိမ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်ပစ်လိုက်လို့ ရတယ် ဆိုပြီး ပြောဆိုခဲ့ခြင်းပါ။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ထူးခြားတာ တစ်ခုက လက်ရှိ အခြေအနေကို “ နိုင်ငံရေး အကျပ်အတည်း” ဆိုပြီး သုံးနှုန်းသွားတဲ့ ကိစ္စပါ။ မြန်မာနိုင်ငံမှာ တကယ်ပဲ နိုင်ငံရေး အကျပ်အတည်း တစ်ခု ဖြစ်ပေါ်နေပြီလား၊ တပ်မတော်ကများ အာဏာသိမ်းလေမလား ဆိုပြီး ပြည်သူတွေကြား ပြောဆိုဆွေးနွေးမှုတွေ တွေ့မြင်လာရပါတယ်။
NLD အစိုးရ တက်လာတဲ့အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံစံ သိသိသာသာကြီး ပြောင်းသွားပါတယ်။ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ မတူ အုပ်ချုပ်ရေး ကဏ္ဍနဲ့ ဥပဒေပြုရေးကဏ္ဍတွေမှာ ပါဝင်ပတ်သက်ဖို့ ကြိုးစားတာ၊ ပါဝင်ပတ်သက်တာ တွေ့မြင်ကြရပါတယ်။
NLD ပါတီအနေနဲ့ မလွဲမသွေ လုပ်သင့်တာကတော့ ပြည်နယ် အစိုးရဖွဲ့ရေးကိစ္စ ရခိုင်ပြည်နယ်မှာ အမတ်နေရာ အများဆုံး အနိုင်ရထားတဲ့၊ ရခိုင်ပြည်နယ် ပြည်သူတွေရဲ့ ထောက်ခံမှု အများဆုံး ရထားတဲ့ ANP ပါတီနဲ့ တွေ့ဆုံညှိနှိုင်းဖို့ပါပဲ။
အင်န်အယ်လ်ဒီ လို ပါတီကြီး တစ်ခုအနေနဲ့ ဖက်ဒရယ် ပြည်ထောင်စု ဆိုပြီး ယေဘူယျဆန်တဲ့ စကားလုံးကိုပဲ ပြောဆိုနေမယ့် အစား ဘယ်လိုဖက်ဒရယ် ပြည်ထောင်စုမျိုး တည်ထောင်မယ် ဆိုတဲ့ တိကျတဲ့ မူဝါဒ၊ လမ်းညွှန်မှု စတာတွေ ရှိနေဖို့၊ ထုတ်ပြန်ထားဖို့ လိုအပ်ပါတယ်။
အမှုပေါင်း ၅၀ ဝန်းကျင်၊ ဒါမှမဟုတ် အများစုကြီး အနိုင်ရသွားတယ် ဆိုသည့်တိုင် လက်ရှိ ပြည်ထောင်စု အဆင့် လွှတ်တော်တွေအတွက် ၃၉၆ နေရာ အနိုင်ရထားတဲ့ အင်န်အယ်လ်ဒီ ပါတီရဲ့ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အနေအထားကိုတော့ ပြောင်းလဲသွားစေနိုင်စွမ်း ရှိမှာတော့ မဟုတ်ပါဘူး။
အစိုးရအနေနဲ့ Covid-19 ကို ဒီကနေ့ အချိန်ထိ မထိန်းချုပ်နိုင်ရခြင်းမှာ အကြောင်းအချက် မျိုးစုံ ရှိနိုင်ပါတယ်။ ပထမ အရေးကြီးဆုံး အချက်ဟာ Covid-19 ရှိမရှိ လိုအပ်သလောက် စစ်ဆေး မပေးနိုင်တဲ့ အနေအထားပါ။
ပြန်ကြားရေးက ထုတ်တဲ့ အစိုးရပိုင် သတင်းစာဆိုတာဟာ အစိုးရကောင်းကြောင်း ဝါဒဖြန့်ပေးရတဲ့ ဝါဒဖြန့် သတင်းစာလို့ ဆိုရင်လည်း မမှားပါဘူး။ အရင် စစ်အာဏာရှင်ခေတ် အဆက်ဆက်ကတည်းက ရှိခဲ့တဲ့ အဲဒီ မူဝါဒဟာ အခု အင်န်အယ်လ်ဒီ လက်ထက်မှာလည်း လုံး၀ မပြောင်းမလဲပဲ ကိုင်စွဲထားဆဲပါပဲ။
ပထမဦးဆုံး ဥပဒေကို ပြင်ဖို့ ကြိုးစားပါတယ်။ ၂၀၁၈ ခုနှစ်ရောက်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို (၄) ကြိမ်မြောက် ပြင်ဆင်ပြဌာန်းတာ လုပ်နိုင်ပါတယ်။ သူ့စိတ်ကြိုက် ဖြစ်မလာတဲ့တိုင် လုပ်ငန်း အကောင်အထည် ဖော်လို့ ရလာသည်အထိ ပြင်နိုင်ခဲ့ပါတယ်။
အရေးကြီးတဲ့ အားနည်းချက်ကြီး တစ်ခုကတော့ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်မယ့် ညှိနှိုင်းရေးမှူးကြီး အဖြစ် NLDပါတီရဲ့ သစ္စာရှိ လူဟောင်း သူ့ရဲ့ မိသားစု ဆရာဝန်လည်း ဖြစ်တဲ့ ခွဲစိတ်ကု ဆရာဝန်ကြီး ဒေါက်တာ တင်မျိုးဝင်းကို တာဝန် ပေးအပ် လိုက်ခြင်းပါပဲ။
နောက်ထပ်ကြည့်ရှုရန်