ရှေးဦးသူနာပြုစုနည်း သင်တန်းတွေဟာ ကလေးမွေးထားရတဲ့ မိဘတွေအတွက် အရေးပေါ် အခြေအနေမှာ ကလေးကို ပြုစုဖို့ ဗဟုသုတ နဲ့ ကိုယ်ဘာသာယုံကြည်မှုကို တိုးစေပါတယ်။ ဒီအကြောင်း အေပီ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပေးမှာပါ။
" အဓိက နှစ်မျိုးပဲရှိတယ်။ ပုလဲဓာတ်မြေဩဇာနဲ့ ကွန်ပေါင်းဓာတ်မြေဩဇာ။ နှစ်မျိုးလုံးကို တရုတ်ဘက်က ရောင်းပေးလိုက်ပြီ။ ဒါပေမယ့် ရုရှားက မြေဩဇာသွင်းမယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်း လိုင်စင်တွေ မချပေးတော့ဘူး။ အဲလိုမျိုးလုပ်နေတဲ့အခါကျတော့ ကုန်သည်တွေ၊ တောင်သူလယ်သမားတွေလည်း အဆင်မပြေဘူးပေါ့နော်။" (လုပ်ငန်းရှင်)
ကျုးဘားသတင်းသမား Abraham Jiménez Enoa ဟာ ကျုးဘားတော်လှန်ရေး မိသားစု က မွေးဖွားလာသူဖြစ်ပေမဲ့၊ အမှန်တရားတွေ တင်ဆက်ဖို့အတွက် အဲ့ဒီဘဝကို စွန့်လွှတ်ခဲ့ပါတယ်။ တခြား လွတ်လပ်တဲ့ ကျုးဘားသတင်းအသံတွေလိုပဲ သူဟာလည်း ပြည်ပရောက်နေပါပြီ။ Graham Keeley သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြပေးပါ့မယ်။
ပြည်တွင်းထုတ်ကုန်တွေ ဘာမှမရှိတော့ဘူး။ နောက်က လက်ရှိနိုင်ငံခြား investment တွေလည်း ထွက်သွားတာပဲ။ အခုက လက်ရှိက ကိုယ်ထည် သွင်းလိုက်တယ်၊ ကျန်တာ လက်ကလေးတခု တပ်လိုက်တယ်၊ အဲဒါပြီးသွားပြီ။ နဂိုတုန်းကဆို အသေးစိတ်ကအစ ဒီမှဖျင်လိပ်ပဲ သွင်းလိုက်တယ်။ ကျန်တဲ့ဟာတွေ ဒီမှာ အကုန်လုပ်သွားတာ။" (အထည်ချုပ်လုပ်ငန်းရှင်)
ဂင်းနစ်ကမ္ဘာ့အရပ်အမြင့်ဆုံး အမျိုးသမီး ဘဝမှာ ပထမဆုံးအကြိမ် လေယာဉ်စီးနိုင်၊ တမိနစ်အတွင်း အလေးမဝိတ်ပြားနဲ့ ထိုင်ထ အကြိမ် ၄၀ ကျော် လုပ်သူ အပါအဝင် လာမယ့်နှစ် ၂၀၂၃ အတွက် ဂင်းနစ်မှတ်တန်းစံချိန်သစ် တင်လိုက်တာတွေ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကြမ်းဆိုရင် ၁ တင်းကို ၆ သောင်းလောက်ပေးရတယ်။ ဆီဆိုရင် ၁ ပုံးကို ၄/၅ သောင်းပေးရတဲ့ဟာ အခု ၁ သိန်း ၆ သောင်း၊ ၁ သိန်း ၇ သောင်းလောက် ပေးရတာပေါ့ဗျာ။ အရင်ကဆိုရင် ၁၅၀ တန် ပတ်တီး ၁ လိပ်ကို (အခု) ၁,၆၀၀ ပေးပြီးဝယ်နေရတယ်။” (ကနီ ဒေသခံ)
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ အမျိုးသားတန်းတူရေးအတွက် ဗမာပြည်နယ် ဖွဲ့စည်းဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က မကြာသေးခင်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆွေးနွေးတင်ပြတာကို စစ်ကောင်စီဘက်ကလက်မခံကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောရေးဆိုခွင့်ရှိသူက VOA ကို ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေကြား အရပ်သား ၁၃ ယောက်သေဆုံး၊ ၂၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၁၇ လုံးနဲ့ ဘုရားကျောင်း ၂ ကျောင်း ထိခိုက် ပျက်စီးသွားတယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF က သတင်း ထုတ်ပြန်ထားပါတယ်။ ြ
အမြင့်ပေ ၂၀,၀၀၀ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်ထဲ ကမ္ဘာ့ဆွဲအားမဲ့ အခြေအနေဖန်တီးပြီး ဘောလုံးကန်၊ လေယာဉ်ပေါ်ကနေ လေထီးခုန်တဲ့ အသက် ၈၈ နှစ် ဘိုးဘိုး၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ မြို့ပေါ်ကို တိမ်းရှောင်နေကြရတာကြောင့် တောင်သူလယ်သမားတွေ ပြောင်းရိတ်သိမ်းချိန်၊ ပဲစိုက်ချိန်တွေအတွက် ထိခိုက်နေရပါတယ်။
တရားဝင် လုပ်သားစေလွှတ်မှုနဲ့ ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အိမ်ပြန်ပို့ရမယ့် အနည်းဆုံးငွေပမာဏကို သတ်မှတ်သွားဖို့ မြန်မာအလုပ်သမားရေးဌာနဘက်က စီစဉ်နေတာဖြစ်ကြောင်း အလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။
နယူးယောက်မြို့က တိုင်းမ်စကွဲရင်ပြင်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒိုင်နိုဆောတကောင် နှိုးဆော်၊ ဂျပန်နိုင်ငံ သဘာဝဘေး ကယ်ဆယ်ရေးမှာ သုံးဖို့ စက်ရုပ်တပိုင်း ပိုးဟပ်တမျိုး တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နဲ့ကပ်လျက် တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိတာကြောင့် အသွားအလာကန့်သတ် ပိတ်ပင်တာတွေ ၅ ရက် တင်းကျပ်ထားပါတယ်။
“မြန်မာစစ်တပ်ကို လက်နက်ကြီးတွေနဲ့ စည်းမရှိ ကမ်းမရှိမပစ်နိုင်အောင် နိုင်ငံတကာနဲ့ ဝိုင်းဝန်းပြီးတော့ ထိန်းချုပ်ဖို့၊ လက်နက်ရောင်းနေတဲ့ နိုင်ငံတွေက လက်နက်မရောင်းဖို့၊ အိမ်နီးနားချင်းနိုင်ငံက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဝိုင်း ထိန်းကျောင်းဖို့ လိုတယ်”(ခိုင်သုခ-AA)
ဂျိမ်းစ်ဘွန်းရုပ်ရှင် အနှစ် ၆၀ ပြည့် အထိမ်းအမှတ် ကမ္ဘာ့အကြီးဆုံး ပြောင်းဖူးခင်း ဝင်္ကဘာကြီးတခု ရှီကာဂိုမှာ ဖန်တီး၊ လမ်းပေါ်က ချိုင့်ခွက်ကို မှန်စီကြွေပြား ပန်းချီပုံတွေနဲ့ လိုက်ဖာနေတဲ့ အနုပညာရှင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ် တင်ဆက်သူ မထက် ထက်ခိုင်ကို စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ အမှုတွေထဲက တမှုဖြစ်တဲ့ ပုဒ်မ ၅၀၅-ကနဲ့ ဗဟန်း တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံသားတွေဟာ ရှေ့တန်းစစ်မျက်နှာ ပြင်တွေမှာ တိုက်နေရရုံသာမက စီးပွားရေး စစ်မျက်နှာမှာလည်း တိုက်နေရပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ ရှင်သန်ဖို့ ရုန်းကန်နေရုံတင်မကပဲ အကူအညီအနည်းငယ်နဲ့ အောင်မြင်နေပါတယ်။ Lesia Bakalet ပေးပို့ထားတဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မှော်ပုံကျေးရွာကို ဒီမနက်အစောပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကုန်စုံဆိုင်တစ်ဆိုင်ကို မီးရှို့သွားသလို ဆိုင်ရှင်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မလေးရှားထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံထားရသူတွေထဲက တချို့ဟာ နိုင်ငံရေးအရ အကာကွယ်ပေးသင့်သူတွေပါဝင်နေတာကြောင့် တချို့ကို နေရပ်ပြန်မပို့ရေး မလေးရှားအစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့ အရပ်ဘက်အဖွဲ့တွေအချင်းချင်း ဆွေးနွေးနေကြောင်း ရခိုင်ဒုက္ခသည်များဗဟိုရဲ့ နာယကချုပ် ဦးဥတ္တရက ဗွီအိုအေကို ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ အမျိုးသားတဦးရွှေဖရုံသီးဧရာမကြီးတလုံးကို ထွင်းကာလှေလုပ်ပြီး မိုင် ၄၀ နီးပါးရောက်အောင်လှော်နိုင်လို့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန်သစ်တင်၊ စပိန်နိုင်ငံမှာနှစ်စဉ်ကျင်းပမြဲ ခရမ်းချဉ်သီးပေါက်ပွဲကျင်းပ၊ ဒီလိုကမ္ဘာတလွှားကထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့မခင်ဖြူထွေးတို့တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်