“ လုံခြုံရေးနဲ့ပတ်သက်ပြီး ထိပါးလာလို့ရှိရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများ ဆောင်ရွက် လျက်ရှိသလို ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး တံခါးဖွင့်ပြီးတော့ ဆက်သွယ် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောချင်ပါတယ်။”(ဗိုလ်ချုပ်ဇော်မင်းထွန်း-တပ်မတော်ပြန်ကြားရေး)
အမေရိကန် နဲ့ တရုတ် ၂ နိုင်ငံ အကျိုးစီးပွား ပြိုင်ဆိုင်မှုတွေအကြား တချို့ အင်ဒို-ပစိဖိတ် နိုင်ငံတွေ ကြားညှပ်သလို ဖြစ်နေပါတယ်။ တရုတ် ဘက်က ဆန့်ကျင်မှုတွေ မကြုံရအောင် အင်ဒိုနီးရှားလို တချို့ နိုင်ငံတွေကတော့ ၂ ဘက်စလုံး နဲ့ တည့်အောင်ပေါင်းနေပါတယ်။ Gunawan သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ၇ ရွာ လောက်က ဒေသခံပြည်သူ ၈၀၀ ကျော်ဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။
Bitcoin နဲ့ တခြား cryptocurrencies လို့ ခေါ်တဲ့ ဒီဂျစ်တယ်ငွေကြေးတွေရဲ့ ဈေးနှုန်းဟာ ပြီးခဲ့တဲ့လတွေ အတွင်း အရမ်းကျဆင်းသွားပါတယ်။ ဆုံးရှုံးရမယ့်အလားအလာတွေ ရှိပေမဲ့လည်း ရင်းနှီးမြုပ်နှံသူတွေ အများစုကတော့ ဒီဂျစ်တယ်ငွေကြေးတွေရဲ့ အနာဂတ်အတွက် စိတ်လှုပ်ရှားနေဆဲပါ။ ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
လူလိုက်ပါခြင်းမရှိတဲ့ အဝေးထိန်း ဒရုန်းယာဉ်တွေကို ယူကရိန်း စစ်ပွဲမှာ အများကြီးအသုံးပြုနေပါတယ်။ ဒီယာဉ်တွေကို လေထဲအမြဲပျံသန်းနိုင်အောင် လုပ်ဆောင်ရမှာတော့ စိန်ခေါ်မှုတွေ ရှိနေပြီး ယူကရိန်း ကုမ္ပဏီတခုက ကူညီလုပ်ဆောင်ပေးနေပါတယ်။ ဒီအကြောင်း Kateryna Markova သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။
" rate တခုကို ၉၀ နဲ့ဖြတ်လိုက်တယ်။ ညနေပိုင်းကျ ၉၅၊ မနက်ဖြန် ၁၀၀ ဖြစ်သွားတယ်။ ပြဿနာက ရောင်းပြီးရင်၊ ပစ္စည်းတခုထွက်သွားရင် ပစ္စည်း ပြန်ဝယ်တော့ rate ကအရမ်းဟသွားပြီ။ အဲဒီတော့ မဝယ်နိုင်မယ့်အတူတူ၊ ရောင်းပြီးရှုံးမယ့်အတူတူ နားထားလိုက်တာ အကောင်းဆုံးပေါ့နော်။" (ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်)
ကိုလံဘီယာနိုင်ငံမှာ ကမ္ဘာ့အပျင်းထူတဲ့ နေ့ကျင်းပ၊ ဗြိတိသျှ၊ ဘယ်ဂျီယံ ဆယ်ကျော်သက် တဦး လေယာဉ်နဲ့ ငါးလကြာ တဦးတည်း ကမ္ဘာပတ်ပျံသန်းပြီး အသက်အငယ်ဆုံး လေယာဉ်နဲ့ ကမ္ဘာပတ်သူအဖြစ် စံချိန်သစ်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
CA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ လက်နက် ဆက်ကိုင်ချင်တယ်ဆိုရင် တပ်မတော် ဒါမှမဟုတ် နယ်ခြားစောင့်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီဘက်က ထပ်မံဆွေးနွေးခဲ့ပါတယ်။ အလွတ်သဘော ဆွေးနွေးတာဖြစ်ပြီး ဒီ ကိစ္စ လွယ်လွယ်နဲ့ သဘောတူညီချက်ရဖို့ မဖြစ်နိုင်သေးဘူးလို့ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်သူတဦးက ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြည်တွင်းမှာပဲဒီဇိုင်း ဆွဲတည်ဆောက်ထုတ်လုပ်တဲ့ ပထမဦးဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောတစင်း စတင်တာဝန်ပေးအသုံးပြုတော့မှာပါ။ INS Vikrant လို့နာမည်ပေးထားတဲ့ ဒီလေယာဉ်တင်သင်္ဘော ကိုဘက်ပေါင်းစုံ အသုံးပြုမယ်လို့ အိန္ဒိယရေတပ်ဒုဗိုလ်ချုပ်ကြီတဦး ကပြောပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
“ဒုက္ခသည်စခန်းမှာ အဆင်ပြေတာက ဘာမှမရှိဘူး။ အကုန်လုံးက အခက်အခဲတွေချည့်ပဲ။ အစားအသောက်ကြပ်တည်းတယ်၊ သုံးစရာမရှိ နေမကောင်းဖြစ်ရင်ပိုဆိုးတယ်။ နေရာတာလည်းကလည်း အဆင်မပြေဘူး၊ ပူတယ် ကျဉ်းတယ်။ နေရတာ ငရဲကျသလိုပဲ။ ထွက်ပြေးချင်တယ် စိတ်က။”(ဒေါ်မြရီ-ကျော်တော် ရထားဘူတာကြီးဒုက္ခသည်စခန်း)
မြန်မာနိုင်ငံ မှာ ရိုးရာ ရွဲအလှပြကစားတာဟာ တိမ်မြုပ်ပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် နောက်မျိုးဆက်အတွက် လက်ဆင့်ကမ်း သင်ကြားမပေးနိုင်ဘူးဆိုရင် ပျောက်ကွယ်တော့မယ် ဒီပညာကို လေ့ကျင့်သင်ကြားပေးနေသူ ပညာရှင်တဦးက ပြောပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။
“စစ်ရှောင်တွေက လောလောဆယ်တော့ တာမခန်မှာ ၅၀ လောက်ရှိတယ်။ နောက်ပြီးတော့ ခိုမမှာက ၂၀၀ ကျော်လောက်ရှိသေးတယ်။ နောက် ရွှေတောင်ကျော်တို့၊ နန့်ရေတောင်တို့ အဲဒီ ရွာလေးတွေမှာလည်း ၁၅၀၊ ၂၀၀ လောက်တော့ ရှိကြတယ်ဗျ။ အားလုံးပေါင်းဆို ၄- ၅ ရာလောက်တော့ ရှိအုံးမယ်ဗျ။” (ဒုက္ခသည်တွေကို ကူညီပေးနေသူ)
ယံယံခေါက်ဆွဲထုတ်တွေဆိုလို့ရှိရင်လည်း အရင်က တထုပ်ကို ၄၅၀ လောက်ပဲရှိတာ အခု ၁,၀၀၀ ပေးရတယ်။ ကြက်ဥဆိုလို့ရှိရင်လည်း တလုံးကို ၅၀၀ ပေးရတယ်။ ဒီထက်ပိုပြီးတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ထားမယ်ဆိုရင် တရက်လုပ်မှ တရက်စားရတဲ့ သူတွေ တော်တော် အခက်အခဲဖြစ်ကြမှာသေချာတယ်။” (မောင်တောဒေသခံ အမျိုးသမီး)
Netflix က ထုတ်လုပ်ပြသတဲ့ Stranger Things တီဗီ ဇာတ်လမ်းတွဲထဲက ပုံစံမျိုးပြင်ဆင်ထားတဲ့ တိုကျိုမြို့က ကော်ဖီဆိုင်၊ ခေတ်ဟောင်း Pinball ဂိမ်းစက်တွေ စုထားတဲ့ နယူးဂျာစီပြည်နယ် Asbury Park ကမ်းခြေမြို့က ဂိမ်းဆိုင်စတဲ့ ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
"လက်ပံတောင်း ကြေးနီစီမံကိန်းတခွင်ပေါ့နော်။ နေရာတွေအားလုံးကို မိုင်းထောင်ထားတာ၊ အခုတွေ့တဲ့မိုင်းတွေက လက်ပံတောင်း ကြေးနီစီမံကိန်းရဲ့ အရှေ့မြောက်ဘက်က နေရာမှာ တွေ့တာပေါ့လေ။ အဲဒီတော့ ကျန်နေသေးတဲ့မိုင်းတွေ ရှိပါသေးတယ်။ အဲဒါတွေကိုလည်း ဆက်ပြီးဖော်ထုတ်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။" (ကိုမျိုး-မြောက်ယမား PDF)
တာလီဘန်လက်အောက် အငတ်ဘေးရင်ဆိုင်နေရတဲ့ အာဖဂန်ပြည်သူတွေ အတွက် လူသားချင်းစာနာမှု အကူအညီတွေ ဘယ်လို အရောက် ပို့ပေးနိုင်မလဲ ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ယူ ဆုံးဖြတ် ဆောင်ရွက်ရပါတယ်။ ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အစိုးရရဲ့ အာဖရိက မူဝါဒအသစ်ဟာ တန်းတူညီမျှရေး၊ ပွင့်လင်းတဲ့ လူအဖွဲ့အစည်းနဲ့ ဒီမိုကရေစီကို မြှင့်တင်ပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Anita Powell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။
“ကျိုင်းတောင်မြို့က ရပ်ကွက် ၇ ရပ်ကွက်မှာ လူသစ်စုဆောင်းကြတယ် ခင်ဗျ။ စာဆင့်ခေါ်တယ်ခင်ဗျ။ အဲလိုခေါ်တော့ မလိုက်ချင်တဲ့ ကလေးတွေကျတော့ ထွက်ပြေးကြတာပေါ့။ ထွက်ပြေးတော့ ကျန်ရှိတဲ့မိဘကို သူတို့က ဆွဲခေါ်သွားတယ်ခင်ဗျ။ ထွက်ပြေးတဲ့သားနဲ့ အလဲအလှယ် လုပ်ခိုင်းထားပေါ့။ RCSS/SSA ပါခင်ဗျ။ ” (ဒေသခံတဦး)
ကိုဆိုဗိုနိုင်ငံ အနေနဲ့ ရုရှားရဲ့ သတင်းတုတွေ ဖန်တီးတဲ့ လုပ်ငန်းရဲ့ လွှမ်းမိုးမှုဒဏ်ခံနေရတယ်လို့ ကိုဆိုဗိုခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Leonat Shehu နဲ့ Artan Haraqija တို့ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ နေအိမ်ကို ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေးဗျုရို FBI က ဝင်ရောက် ရှာဖွေခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေက မှတ်ချက်ပေး တုံ့ပြန်နေကြပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်ရှိတယ်ဆိုပြီး တချို့က တုံ့ပြန်ပါတယ်။ Arash Abrabasadi က ပေးပို့ထားတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်