မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်က ဘယ်လို နည်းပညာတွေ အသုံးချလုပ်ဆောင်နေတယ် ဆိုတာနဲ့ မြန်မာ လူငယ် နည်းပညာရှင်တွေရဲ့ လုပ်ဆောင်နေမှုတွေ အကြောင်း ဒစ်ဂျစ်တယ် ကဝေ ကုမ္ပဏီက ကိုအောင်ခမ်းက ပြောပြပေးမှာပါ
ကမ္ဘာသစ် ဂြိုဟ်သစ် ရှာဖွေနေသူတွေ အတွက် နက္ခတ္တ ဗေဒပညာရှင်တွေရဲ့ နောက်ဆုံး တွေ့ရှိချက်ကို Illinois တက္ကသိုလ် spoon river college က ပါမောက္ခ ဒေါက်တာ ဝင်းသာထွေးက ပြောပြပေးမှာပါ
မြန်မာနိုင်ငံမှာ အစွန်းရောက် အမျိုးသားရေးဝါဒ ကြီးထွားလာနေတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တွေ့နေရပြီး ဒါဟာ မကြာခင် ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် လုံခြုံစိတ်ချရမှုကို ထိခိုက်စေနိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က ပြောကြားခဲ့ပါတယ်။
အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှင်သန်ရပ်တည်ဖို့ အရေးပါတဲ့ ရေ တကယ်ရှိနေတယ် ဆိုတာကို NASA က အောက်တိုဘာလဆန်းမှာ ထပ်ပြီးအတည်ပြုခဲ့ပါတယ်။ ဒီနောက်ဆုံး တွေ့ရှိချက်ကို နာဆာက သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ။
neutrino အမှုန်လေးမှာ အလေးချိန်ရှိကြောင်း တိုင်းတာပြသ နိုင်တဲ့အတွက်၂၀၁၅ ခု ရူပဗေဒနိုဘယ်ဆုကို ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်က Takaaki Kajita နဲ့ ကနေဒါနိုင်ငံ Queens တက္ကသိုလ်က Arthur B. McDonald တို့ကို ချီးမြှင့်ခဲ့ပါတယ်။ ဒီတွေ့ရှိမှုရဲ့ အရေးပါပုံကို ရူပဗေဒ ပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။
"ရွေးကောက်ပွဲကျင်းပပေးဖို့ လုပ်နေတဲ့အချိန်မို့ အခုလို ကိုယ့်ယုံကြည်မှုအတွက် ထုတ်ဖော် ပြောဆိုသူတွေရဲ့ ရပိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ ဖမ်းဆီးမထားဘဲ လွှတ်ပေးရမှာပါ"
မဲစာရင်း စစ်ဆေးရာမှာ ကြုံနေကြရတဲ့ အခက်အခဲတွေနဲ့ ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှား ကြမယ် ဆိုတာတွေကို NLD မဲစာရင်း စီစစ်ရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဟိန်နဲ့ မဲစာရင်းစစ်ဖို့ ဆော်သြနေတဲ့ လူငယ်အဖွဲ့က မရွှေဆက် တို့နဲ့ အတူ မြန်မာ့အရေးစောင့်ကြည့်သူ ဦးစည်သူအောင်မြင့်တို့က ဒီတပါတ်မှာ ဆွေးနွေးထားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံက နည်းပညာရှင်တွေ ဘယ်ကဏ္ဍကနေ ပါဝင်လှုပ်ရှားနေကြတယ် ဆိုတာကို IT နည်းပညာ ကျွမ်းကျင်သူ ဒစ်ဂျစ်တယ် ကဝေ ကုမ္ပဏီက ကိုအောင်ခမ်းက ပြောပြပေးမှာပါ
တိုင်းရင်းသားဒေသတွေကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးထွက်နေတာမို့ တိုင်းရင်းသားတွေနဲ့ NLDပါတီ ရဲ့ အနာဂါတ်လက်တွဲနိုင်ချေနဲ့၊ အကျိုစီးပွါးချင်း ထိပ်တိုက်တွေ့နိုင်သလား ဆိုတာတွေကို NLDတိုင်းရင်းသားအရေးတာဝန်ခံ ဦးထွန်းထွန်းဟိန်၊ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းတို့နဲ့ ဆွေးနွေးထားပါတယ်
မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ထူးထူးကဲကဲ ရေကြီးရေလျှံတာဟာ သစ်တောပြုန်းတီးမှုရဲ့ အထူး သတိပေးချက် တခုမို့ မြန်မာ့သစ်တော ထိမ်းသိမ်းစောင့်ရှောက်ရေးကို အလေးထားကြဖို့ သစ်တောပညာရှင် ဦးဝင်းမော်ရဲ့ သတိပေးချက်ကို ဒီတပါတ်မှာ ပြောပြပါရစေ။
အခြေခံ လုပ်အားခလစာ လစာတိုးမြှင့် သတ်မှတ် ပေးလိုက်တဲ့နောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေနဲ့အတူ အလုပ်သမားတွေအတွက် စားဝတ်နေရေး နဲ့ အလုပ်ခွင်မှာ အဆင်ပြေစေဖို့ ဘာတွေ လုပ်ပေးသင့် တယ်ဆိုတာတွေကို အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်း၊ UMFCCI က ဒေါက်တာသက်သက်ခိုင်တို့နဲ့ ဆွေးနွေးထားပါတယ်။
သဘာဝဘေး ကျရောက်တဲ့အခါ စီမံခန့်ခွဲတဲ့ နည်းပညာရပ်နဲ့ ပါတ်သက်ပြီး လူပေါင်းသိန်းချီ သေဆုံးခဲ့ရတဲ့ ၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒ္ဒရာထဲက ဆူနာမိဒဏ်ခံရချိန်မှာရော သောင်းနဲ့ချီ သေဆုံးခဲ့ရတဲ့ ၂၀၀၈ တရုတ်စီချွမ်းငလျင် ဒဏ်ခံရချိန်တွေမှာပါ ကုလသမဂ္ဂ ဒေသဆိုင်ရာအကြီးအကဲဖြစ်တဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ်က ပြောပြပေးမှာပါ
အင်္ဂါတိုက်ရိုက်လေလှိုင်း အစီစဉ်မှာ မြန်မာအမျိုးသမီးတွေရဲ့ နိုင်ငံရေးစိတ်ပါဝင်စားမှု အခြေနေတွေ၊ ပါတီ၊ လွှတ်တော်နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးပိုင်းတွေက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့အတူ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်လုပ်ဆောင် နိုင်ဖို့ လုံလောက်တဲ့ အားပေးမှုတွေ၊ အခွင့်အလန်းရမှု အနေထားတွေကို ဆွေးနွေးထားပါတယ်
ဒီနှစ်မိုးရာသီ အဆက်မပြတ်ရွာတဲ့ မုတ်သုန်မိုးနဲ့ မုန်တိုင်းကြောင့် မြန်မာနိုင်ငံတဝှမ်း ရေကြီးရေလျှံတဲ့ဒဏ်ခံရပြီး ချင်းပြည်နယ်မြို့တော် ဟားခါးကိုတောင် ပြောင်းရွှေ့ရမလို ဖြစ်နေတာပါ။ ဒီရေကြီးမြေပြိုမှုတွေနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းအတွင်းရေးမှုး ဦးစိုးသူရထွန်းကို မေးမြန်းတင်ပြပေးထားပါတယ်။
စင်္ကြာဝဋ္ဌာ နေမိသားစု ထဲမှာ ကမ္ဘာကနေ အဝေးဆုံးမှာ ရှိနေတဲ့ ပလူတို ဂြိုဟ်ငယ်ကလေး အထိရောက်အောင် လူသားတွေ အောင်အောင် မြင်မြင် သွားနိုင်ပြီ ဆိုတာကို ဒီတပါတ်မှာ ပြောပြမှာပါ
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးကုမ္ပဏီတွေ များလာတာနဲ့အမျှ ဆက်သွယ်ရေး တာဝါတိုင်ကြီးတွေ မမြင်စဖူး မြင်လာရတာမို့ ဒီတိုင်ကြီးတွေက ဘာအန္တရာယ်ပေးမလဲလို့ သိချင်သူတွေအတွက် ဒီတိုင်ကြီးတွေက ထုတ်လွှတ်နေတဲ့လှိုင်းတွေအပြင် တခြားသတိထားရမယ့်လျှပ်စစ်သံလိုက်လှိုင်းတွေ အကြောင်း ရှုပဗေဒပညာရှင် ဆရာဒေါက်တာတင်လှိုင်က ပြောပြမှာပါ
ပလပ်စတစ်ဟာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ မပျောက်ပျက်နိုင်တဲ့ အတွက် ပလပ်စတစ်ကို လွယ်လွယ်ကူကူ စွန့်ပစ်ရင် ရေမြေ သဘာဝဝန်းကျင်နဲ့ လူသားတွေအတွက်ပါ အနရာယ် ဖြစ်စေတာကို ဒီတပါတ်မှာ ပြောပြပေးမှာပါ။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှား ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရသူပေါင်းဟာ ၂၀၁၄ ခုနှစ်မှာ ၅၉ သန်းခွဲအထိ ရှိလာနေပြီလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး က ပြောကြား လိုက်ပါတယ်။
"၂၀၁၅ ခုနှစ်မှာ လိုငွေပြတာပေါ့ Deficit က မြန်မာကျပ်ငွေ ဘီလီယံပေါင်း ၃၈၀၀ လောက် လိုငွေပြတာပေါ့။ ဝန်ထမ်းတွေ လစာပေးလိုက်တာ ကျပ် ဘီလီယံပေါင်း ၂ သောင်း ၂ ထောင့် ၉၀၀ လို့ ကြားတယ်ပေါ့။ အဲဒီတော့ လိုငွေကို သူတို့ ဖြည့်ရမယ်လေ။"
တောင်သူလယ်သမား အများစု နေထိုင်တဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေး ကဏ္ဍတိုးတက်ဖို့ သုတေသနကဏ္ဍဟာ အရေးပါပါတယ်။ အခုမြန်မာနိုင်ငံမှ ဘာသုတေသနတွေ လုပ်ဆောင်နေတယ် ဆိုတာကို ကြည့်ရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်