သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါဂြိုဟ်ကရေ


These dark, narrow, 100-meter-long streaks confirm evidence that liquid water flows on Mars surface. (Credit: NASA/JPL/University of Arizona)
These dark, narrow, 100-meter-long streaks confirm evidence that liquid water flows on Mars surface. (Credit: NASA/JPL/University of Arizona)

အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှင်သန်ရပ်တည်ဖို့ အရေးပါတဲ့ ရေ တကယ်ရှိနေတယ် ဆိုတာကို NASA က အောက်တိုဘာလဆန်းမှာ ထပ်ပြီးအတည်ပြုခဲ့ပါတယ်။

အင်္ဂါဂြိုဟ်ကို ပါတ်နေတဲ့ Mars Reconnaissance Orbiter ဂြိုဟ်တုကနေ ရိုက်ထားတဲ့ ဓါတ်ပုံကနေ အင်္ဂါဂြိုဟ်ရဲ့ ရာသီဥတု ပြောင်းလဲချိန်မှာ ရေစီးကြောင်းပုံတွေ တွေ့ရတာပါ။ ဒီရေဟာ ဟိုက်ဒရိုဂျင် ၂ လုံးနဲ့ အောက်စီဂျင်တလုံး ပေါင်းစပ်ထားတဲ့ ရေသန့်သန် စီးနေတာ မဟုတ်ပါဘူး။ Brine ဒါမှမဟုတ် perclorate လို့ခေါ်တဲ့ ကလိုရင်းပမာဏ သိပ်များတဲ့ ဆားရေတမျိုး စီးနေတာ ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ ရာသီဥတု နွေးလာချိန် နွေရာသီမှာ စီးဆင်းပြီး အရမ်းအေးတဲ့ ဆောင်းတွင်းမှာ ခဲသွားတာပါ။ ဒါဟာ အင်္ဂါဂြိုဟ်မှာ ရေတကယ်ရှိတယ် ဆိုတာကို ခိုင်မာတဲ့ သက်သေအဖြစ် ပြောနိုင်ပါတယ်။

အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိသလားလို့ မေးရင်ရှိပါတယ်တဲ့ ဒါပေမယ့် အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေလားလို့ မေးရင်တော့ မရှိဘူးလို့ ဆိုပါတယ်။ ဘာကြောင့်ပါလဲ။ အင်္ဂါဂြိုဟ်ရဲ့ အချင်းဟာ ကမ္ဘာထက်ဝက်ပဲ ရှိသလို ဆွဲအားကလည်း ထက်ဝက်လောက်ပဲ ရှိနေပြီး အလေးချိန်ကတော့ ကမ္ဘာထက် ဆယ်ပုံတပုံပဲ ရှိတာပါ။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄ ထောင်လောက်က ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်အပါအဝင် ဂြိုဟ်ကြီးတွေ စဖြစ်ချိန်မှာ သေးငယ်တဲ့ အင်္ဂါဂြိုဟ်ရဲ့ အလယ်ဗဟိုမှာ သံရည်ပူတွေ ရှိပြီး လျှပ်စစ် စက်ကွင်းလည်း ရှိခဲ့တာမို့ ကမ္ဘာနဲ့ တူပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အင်္ဂါဂြိုဟ်ပေါ်မှာ ကမ္ဘာလို လျှပ်စစ်စက်ကွင်း မရှိတော့တဲ့အတွက် နေကလာတဲ့ သံလိုက်မုန်တိုင်း solar wind တွေက အင်္ဂါဂြိုဟ်ပေါ်က အမှုန်တွေကို အာကာသထဲရောက်အောင် ထုတ်ပစ်လိုက်နိုင်ပါတယ်။ ဒီအခါမှာ အင်္ဂါဂြိုဟ်ပေါ်မှာ လေထု အရမ်းပါးသွား သလို လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၃ ထောင်လောက်က ရှိနေတဲ့ ရေတွေဟာလည်း ဂြိုဟ် မျက်နှာပြင်ပေါ်မှာ မရှိတော့ပဲ ဖြစ်သွားတာပါ။

ဂြိုဟ် မျက်နှာပြင်ပေါ်မှာ ရေမရှိပေမယ့် အင်္ဂါဂြိုဟ်ရဲ့ ရာသီဥတုဟာ အမြဲတမ်း ပျမ်းမျှ အပူချိန်ဟာ အနှုတ် ၆၀ ဒီဂရီစင်တီဂရိတ် ရှိနေတာမို့ ရေခဲရှိနိုင်ပါတယ်။ ရေခဲဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်အောက် ဆယ်ပေ ဆယ့်ငါးပေလောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ပေါ် လွှတ်တင်ထားတဲ့ curiosity တို့ audyssey တို့လို စက်ရုပ်တွေရဲ့ တိုင်းတာမှုတွေကနေ မျက်နှာပြင်အောက်မှာ ရေဒီယို ဓါတ်သတ္တိကြွနေပြီး ဂါမာရောင်ခြည် ထွက်နေတဲ့ နေရာမှာ ဟိုက်ဒရိုဂျင် ပါဝင်မှုနှုံး မတန်တဆ များနေတာကို သိခဲ့တာပါ။ ဟိုက်ဒရိုဂျင်ဟာ သီးသန့်မနေနိုင်ပဲ ရေနဲ့ တွဲနေရသလို အောက်ဆီဂျင်နဲ့ တွဲနေရတာမို့ အင်္ဂါဂြိုဟ်မျက်နှာပြင်အောက်မှာ ရေအများအပြား ရှိရမယ်လို့ တွက်ကြတာ ဖြစ်ပါတယ်။

နောင် လေးငါးနှစ်လောက်မှာ နာဆာကနေ အင်္ဂါဂြိုဟ်ပေါ် ထပ်ပြီး လွှတ်တင်မယ့် စက်တွေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်ကနေ အာက်ဆီဂျင်ကို ခွဲထုတ်ပေးမယ့်စက်၊ လူသားတွေ အသက်ရှုရာမှာ မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ရအောင် သန့်ပေးမယ့် စက်ကိုပါ လွှတ်တင်ပေးဖို့ ရှိတယ်လို့လည်း ဒေါက်တာပဒေသာတင်က ပြောပါတယ်။

XS
SM
MD
LG