သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သစ်တောထိမ်းသိမ်းဖို့ သတိပေးနေတဲ့ ရေကြီးရေလျှံမှု


မြန်မာနိုင်ငံနဲ့နယ်စပ် ယူနန်ခရိုင်အတွင်းက ပရိဘောဂစက်ရုံရှေ့က တရားမဝင်တင်ပို့ထားတဲ့ မြန်မာသစ်တွေ။ (မေ ၂၅၊ ၂၀၁၂)
မြန်မာနိုင်ငံနဲ့နယ်စပ် ယူနန်ခရိုင်အတွင်းက ပရိဘောဂစက်ရုံရှေ့က တရားမဝင်တင်ပို့ထားတဲ့ မြန်မာသစ်တွေ။ (မေ ၂၅၊ ၂၀၁၂)

သစ်ပင်လေးတပင်ဟာ မြက်ပင်တပင် ဖြစ်ပစေ ဘယ်လောက်ပဲ ငယ်ငယ် ရေကို ထိမ်းထားနိုင် ပါတယ်။ A tree is a small dam လို့ ပြောကြပြီး သစ်ပင်ကလေး တပင်ဟာ ရေကာတာလေး လိုပါပဲ ရေကို ထိမ်းထားနိုင် ပါတယ်။ သူက မြေကြီးကို ထိမ်းထားနိုင်သလို မြေကြီးထဲက ရေအစိုဓါတ်ကိုလည်း ထိမ်းထားနိုင်ပြီး သူမရှိရင်တော့ မြေကြီးကော ရေကိုပါ ထိမ်းမထားနိုင်ပါဘူး။

ဒါ့ကြောင့် သစ်ပင်မရှိတဲ့ ဒေသတွေမှာ မြေကြီးတွေဟာ ရေတိုက်စားမှု ခံရပြီး ဒီမြေစာတွေ မြစ်ထဲချောင်းထဲ ရောက်ကုန်တာမို့ siltation လို့ခေါ်တဲ့ နှုံးတွေကျပြီး ရေတိမ်သွားတဲ့ အခါ မြစ်ချောင်းတွေထဲ ရှိရမယ့် ရေတွေဟာ ဘေးကိုလျှံတဲ့ အတွက် ရေကြီးတဲ့ အန္တရာယ်ကို ဖြစ်စေပါတယ်။ ဒီလိုပုံစံနဲ့ မြစ်ရေကြီးတာဟာ သစ်တောထိမ်းသိမ်းဖို့ လိုနေပြီဆိုတာကို သတိပေးနေတာလို့ သစ်တောပညာရှင် ဦးဝင်းမော်က ပြောပါတယ်။

အရင်ပြဌာန်းထားတဲ့ သစ်တော ဥပဒေထဲမှာ ချောင်းတွေ မြောင်းတွေရဲ့ ဘေးမှာ ၂၂ ကိုက် အကွာဝေး ရှိတဲ့ သံကြိုးတကြိုးစာ တောလုံးဝ မခုတ်ဖို့ တားမြစ်ထားပါတယ်။ တောကိုလုံးဝမထိရ ဆိုတဲ့ထဲမှာ သစ်ပင်၊ ဝါးပင်၊ မြက်ပင်တွေပါ ပါပါတယ်။ အခုအချိန်မှာတော့ အဲဒီစံနစ်ဟာ ပျောက်သလောက်နီးပါး ဖြစ်နေပြီး ချောင်းမြောင်းတွေကို အဝေးလှမ်း မြင်နိုင်ပြီဖြစ်သလို ရှိနေသင့်တဲ့ တောလမ်းလည်း မရှိတော့တာမို့ ဒါဟာ မြစ်ရေကြီး ရေလျှံမှုရဲ့ အစလို့လည်း ပြောပါတယ်။

World Forestry Congress ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံတွေထဲမှာ ဘရာဇီးလ်နဲ့ အင်ဒိုနီးရှားပြီးရင် တတိယနေရာမှာ လိုက်နေတဲ့ နိုင်ငံဖြစ်နေပါတယ်။ ဒီလို ဖြစ်လာရတဲ့ အရင်းခံအကြောင်းရင်းထဲမှာ သစ်ခိုးထုတ်မှုက အဓိက ကျနေတယ်လို့ ဆိုပါတယ်။ သစ်တောဌာနအပိုင်းက တည်တံ့တဲ့ သစ်တောတွေ ရအောင် ထိမ်းသိမ်းနေတယ်လို့ ပြောပေမယ့် သစ်တောထဲက သစ်တွေကို တရားမဝင် ခိုးထုတ် နေတာကိုတော့ နိုင်နိုင်နင်းနင်း ကာကွယ်နိုင်စွမ်း မရှိပါဘူး။

မြန်မာနိုင်ငံမှာ အရင်က အရောက်အပေါက်နဲပြီး လူနေမထူထပ်တဲ့ ဒေသတွေ အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ပဲခူးရိုးမဟာ သစ်တောတွေနဲ့ လွှမ်းနေခဲ့ပေမယ့် အခုအခါမှာ လူတွေရဲ့ မသိနားမလည်မှု၊ သိရက်နဲ့ လဒ်စားမှုတွေအပြင် စည်းမဲ့ကမ်းမဲ့ သစ်တောခုတ်မှုတွေကြောင့် တောပြုန်းတဲ့ ဒဏ်ကို ခံနေရတာပါ။ အခုနောက်ပိုင်း ပိုဖွံ့ဖြိုးလာပြီး လမ်းပမ်း ဆက်သွယ်ရေး ပိုကောင်း လာတဲ့အခါမှာတော့ လမ်းဘေးဝဲယာ သစ်တောတွေပါ ပျောက်ကုန်ပြီ ဖြစ်ပါတယ်။

ကျွန်းပင်တွေရဲ့ မိခင်နေရပ်ရင်း ဖြစ်တဲ့ ပဲခူးရိုးမ The home of the teak မှာ ကျွန်းပင် ရှာမရဖြစ်လာသလို တရုတ် ဘက်က ပိတောက်နဲ့ ထမလန်းကို ကြုံးဝယ်နေတာမို့ သစ်မာပင်တွေထဲက ဒီ ၂ မျိုးဟာ ပျောက်သလောက် ဖြစ်ကုန်ပြီ လို့လည်း ပြောပါတယ်။ သစ်တောဌာနက ကျွန်းပင်တွေ ပြန်စိုက်ပေမယ့် ဒါဟာ နောင် အနှစ် ၆၀ ကျော်မှ သုံးနိုင်မှာမို့ နောင် ဒီလို သစ်တော ပြုန်းတီးတဲ့ အဖြစ်မျိုး မရောက်စေဖို့ ဥပဒေစိုးမိုးရေးကို ဦးစားပေးဖို့ လိုနြေ့ပီလို့လည်း ပြောပါတယ်။

တာရှည်ခံတဲ့ သစ်တောထိမ်းသိမ်းရေးအတွက် working plan ချပြီး စံနစ်တကျ လုပ်ဆောင်ရမှာပါ။ ဒါ့အပြင် social, financial and environment လို့ခေါ်တဲ့ စီးပွါးရေးအရ တွက်ချေကိုက်ဖို့၊ သဘာဝ ပါတဝန်းကျင် ခိုင်ခန့်နေဖို့အပြင် ဒေသခံတွေ မသုံးစွဲရပဲ နိုင်ငံခြားပဲ ထုတ်ရောင်းတာလိုမျိုး မမ ျှတမှုတွေ လည်း ကင်းဖို့ လိုပါတယ်။

သစ်တောတွေ ကို ပြုန်းတီးအောင် လူကလုပ်တာမို့ သစ်တောမပြုန်းအောင် လူတွေကို အဓိက ထိမ်းဖို့လိုအပ်တယ် လို့လည်း ဦးဝင်းမော်က ပြောပါတယ်။

XS
SM
MD
LG