လွန်ခဲ့တဲ့ ၉ နှစ်ခွဲလောက်ကနေ အာကာသထဲလွှတ်တင်ခဲ့တဲ့ မောင်းသူ
ဒါဟာ အမေရိကန်အာကာသ စူးစမ်းရေးအဖွဲ့ နာဆာရဲ့ နှစ်ပေါင်း ၅၀ ကျော် စူးစမ်းမှုတွေထဲက အောင်မြင်မှု မှတ်တိုင်အဖြစ် သမိုင်းတွင်တဲ့ အောင်မြင်မှုပါ။ ပလူတိုနဲ့ အနီးဆုံးနေရာ အထိ ကပ်နိုင်ခဲ့ ပြီးတဲ့နောက် ၁၃ နာရီလောက် အကြာမှာတော့ တနာရီကို မိုင်ပေါင်း ၃သောင်း တထောင်နှုံးနဲ့ ပျံနေတဲ့ အာကာသယာဉ်က သူ ပလူတိုဂြိုဟ်ကို ဖြတ်နေပြီဆို
ဒီအာကာသ ခရီးမှာ မပေါက်မကွဲနဲ့ ရှင်သန်နေတယ် ဆိုတာပြတဲ့ ဒီအချက်ပေးသံကို လက်ခံယူတဲ့ မြေပြင်စခန်းကတော့ အမေရိကန် အရှေ့ခြမ်း မေရီလန်း ပြည်နယ်မှာ ရှိပါတယ်။ သူ့ကို ဘယ်တီမိုးမြို့ပြင်မှာရှိတဲ့ Johns Hopkins တကသိုလ် အသုံးချရူပဗေဒဌာန ဓါတ်ခွဲခန်းကနေ ထိမ်းချုပ်နေတာပါ။
မြေပြင်ထိမ်းချုပ်တဲ့ စခန်းကို အာကာသယာဉ်ကနေ အချက်အလက်တွေ အလိုအလျှောက် ပြန်ပို့နိုင်အောင် လုပ်ပေးတဲ့ စံနစ်ကို ချိတ်ဆက်နိုင်ပြီဖြစ်ကြောင်း New Horizons အစီအစဉ် တာဝန်ခံ Alice Bowman က ကြေညာ လိုက်တဲ့အခါမှာတော့ အားလုံး သက်ပြင်းချနိုင်ခဲ့ပါတယ်။
အာကာသယာဉ် သေသေချာချာ အလုပ်လုပ်နေကြောင်း အချက်ပြမှုကို ရခဲ့တဲ့အတွက် ဒါဟာ တကယ့်အောင်မြင်မှု တရပ်လို့ New Horizons အစီအစဉ်ရဲ့ ဦးဆောင်သိပံပညာရှင်တဦး ဖြစ်တဲ
Deep Space Network လို့ခေါ်တဲ့ အာကာသ ဟင်းလင်းပြင် ကွန်ယက်ကို အခုလို ချိတ်ဆက် လိုက်နိုင်တာဟာ ဒီ New Horizons အတွက် ခြေလှမ်းလေး တလှမ်း ဖြစ်သလို လူသားတွေ အတွက်လည်း တကယ့် ကြီးကျယ်တဲ့ အောင်မြင်မှုလို့ ဆိုပါတယ်။
အမေရိကန် New York ကနေ အိနိယနိုင်ငံ မွန်ဘိုင်းလောက် ဝေးတဲ့ မိုင်ပေါင်း ၇၇၅၀ လောက် အကွာ အထိ ဒီအာကာသယာဉ် ပလူတိုနား ကပ်သွားချိန်မှာ ပလူတိုက အပိုင်းအစတွေ ထိမှန်ပြီး ပျက်စီးတာမျိုး ရှားရှားပါးပါးလည်း ဖြစ်သွား နိုင်တာမို့ တာဝန်ခံတွေက စိတ်ပူခဲ့ကြတာပါ။
အာကာသယာဉ်ကနေ အခုလို ကပ်သွားချိန်အတွင်း ပလူတိုနဲ့ ပါတ်သက်တဲ့ အချက်အလက်ပေါင်းများစွာကို မှတ်တမ်းတင် စုဆောင်းခဲ့တာမို့ အချက်အလက်တွေ ပြန်မပို့နိုင်ခင် ဒီယာဉ်မပျက်မစီး ရှိနေဖို့ လိုပါတယ်။
ဝိုင်းတော်သားတွေက Mom လို့ ခေါ်ကြတဲ့ New Horizons အစီအစဉ် တာဝန်ခံ Alice Bowman က ဒီယာဉ်ကလေး ကျန်းကျန်းမာမာ ရွှင်ရွင်လန်းလန်း ရှိနေ ပါတယ်လို့ အတည်ပြုပါတယ်။
“အာကာသ ယာဉ်ကလေး ရွှင်ရွှင်လန်းလန်း ရှိပါတယ်။ ဆက်ပြီးတော့လည်း ပျော်ပျော် ရွှင်ရွှင်နဲ့ အလုပ် ကောင်းကောင်း ဆက်လုပ် မှာပါ။ သိပံအချက်အလက်တွေ ပိုကောက်ဖို့ ရှိတဲ့အပြင် ပင်မ ကွန်ပြူတာ စံနစ်မှာလည်း အချက်အလက် မှတ်တမ်းတင်စက်ရှိပါတယ်။ ထိမ်းချုပ်ခန်းက အင်ဂျင်နီယာတွေကလည်း မှတ်တမ်းတင်စက်က နဂိုခန့်မှန်းထားတဲ့ အတိုင်း အလုပ်လုပ်နေတယ်လို့ သတင်းပို့တာမို့ ဒီအာကာသယာဉ်က အချက်အလက်တွေ ကို မှတ်တမ်းတင်နေတယ် ဆိုတာ သိရပါတယ်”
New Horizons ယာဉ်ဟာ စင်္ကြာဝဋ္ဌာရဲ့ အစွန်းမှာ ရှိတဲ့ ဂြိုဟ်သေးလေးဖြစ်တဲ့ ပလူတိုနဲ့ အနီးဆုံးနေရာကို ကပ်သွားပြီး တဲ့နောက် နောက်ထပ် ရှစ်နာရီလောက် ပလူတို ဝန်းကျင်က လေထုကို လေ့လာဖို့ စမ်းသပ်တိုင်းထွာမှု တွေဆက်တိုက်လုပ်ခဲ့သလို ပလူတိုရဲ့ ပင်မ လတစင်းဖြစ်တဲ့ Charon ကိုပါ ဓါတ်ပုံတွေ ရိုက်ခဲ့တာပါ။
ဒီ စုဆောင်းရယူတဲ့ ဓါတ်ပုံတွေနဲ့ အတူ အချက်အလက်တွေကို ကမ္ဘာကို ပြန်ပို့မှာ ဖြစ်ပါတယ်။ အခုလို အချက်အလက်တွေ စုဆောင်းနေချိန်မှာ အနှောက်အယှက် မရှိစေဖို့အတွက် ကမ္ဘာနဲ့ ခေတ္တ အဆက်အသွယ် ဖြတ်တောက်ထားဖို့လည်း စီစဉ်ထား
ဒီစီမံကိန်းဟာ အခုဆို ဒေါ်လာ သန်း ၇၀၀ လောက် ကုန်ကျနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နာဆာရဲ့ နှစ်ပေါင်း ၅၀ ကျော်စူးစမ်းမှုကနေ သိပံဆိုင်ရာ အောင်မြင်မှုက အဖိုးမဖြတ်နိုင်ဘူးလို့ နာဆာက စီမံခန့်ခွဲရေး တာဝန်ခံ Charlie Bolden ကပြောပါတယ်။
“ကျွန်တော်တို့ သမိုင်းဝင် အောင်မြင်မှု တခု ရခဲ့တယ်ဆိုတာကို ပထမဆုံး ထပ်ပြောပါရစေ။ အမေရိကန်ပြည်ထောင်စုဟာ ပလူတိုကို ပထမဆုံး ရောက်တဲ့ နိုင်ငံ ြ
ပလူတိုဟာ ရေခဲမှုန်တွေ ဥက္ကာပျံတွေ နဲ့ ပြည့်နေတဲ့ Kuiper belt ပါတ်လမ်းထဲမှာ ရှိနေပြီး အခု အာကာသယာဉ်ရောက်နေတဲ့ နေရာကတော့ ကမ္ဘာကနေ မိုင် သန်းပေါင်း ၃ ထောင်လောက် မှာပါ။ ဒီ ပါတ်လမ်း ကို ၁၉၉၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သူဟာ နက်ပကျွန်းဂြိုဟ် ထက် ပိုဝေးတဲ့ နေရာမှာ ရှိပါတယ်။ စနယား အသေးလေး အရွယ်ရှိတဲ့ New Horizons ယာဉ်ဟာ မပျက်မစီးပဲ အဲဒီနေရာကနေ ကမာကို ပြန်သတင်းပို့နေနိုင်တာမို့ ဒီအာကာသ ဟင်းလင်းပြင်ထဲက သိပံပညာရှင်တွေ မေးခွန်းထုတ်နေကြတဲ့ ပဟေဋ္ဌိ တွေအတွက် အဖြေတွေ မကြာခင် ရနိုင်တော့မှာ ဖြစ်ပါတယ်။
သူက ပြန်ပို့တဲ့ ဓါတ်ပုံကို မြင်လိုက်တဲ့အခါ မှာ သိပံပညာရှင်တွေ အဖို့ ပင်ပန်းသမ ျှတွေ ပျောက်ကုန်ပါ
“ပလူတိုကို မြင်လိုက်ရတဲ့ အခါမှာတော့ သူ့ဖွဲ့စည်းပုံက တကယ့်ကို ရှုပ်ထွေးပြီး သိပ်ကို စိတ်ဝင်စားစရာ ကောင်းတာ တွေ့ရပါ
အာကာသယာဉ်ကနေ ကမာကို ရေဒီယို အချက်ပြစံနစ် နဲ့ သတင်းပြန်ပို့တဲ့အခါ အလင်းပြေးနှုံးအတိုင်း ပို့တာမို့ ကမာကို ရောက်ဖို့ အကြမ်းဖျင်း ၄ နာရီခွဲလောက် ကြာပါတယ်။ သူကပို့ပေးတဲ့ အချက်အလက်တွေအရ ဆိုရင် အရင်က ဂြိုဟ်ကြီး ကိုးလုံးထဲမှာ ထည့်ထားတဲ့ ကမာကနေ အဝေးဆုံးမှာ ရှိနေတဲ့ ပလူတိုဟာ နဂိုတွက်ထားတာထက် နဲနဲ ပိုကြီးနေတာတွေ့ရတယ်လို့လည်း New Horizons အစီအစဉ်ရဲ့ ဦးဆောင်သိပံပညာရှင်တဦး ဖြစ်တဲ
“ပလူတိုဟာ ကျွန်တော်တို့ နဂိုက မှန်းဆထားတာထက် နဲနဲလေး ပိုကြီးနေတာ တွေ့ရပါတယ်။ ဒီဂြိုဟ်ကို အခု ကောင်းကောင်း တိုင်းနိုင်ပါပြီ။ သူ့အချင်းဝက်က ကီလိုမီတာ ၁၁၈၅ ရှိပါတယ်။ အတိုးအလေ ျှာ့ကို ၁၀ ကီလိုမီတာ ထားပါတယ်။ သူ့ကို Kuiper Belt ပါတ်လမ်းထဲက အကြီးဆုံး အစိုင်အခဲ အဖြစ် ပြောကြဆိုကြတော့မှာပါ။ အခုဆို သူ့ ထုထည်က ဘယ်လောက်ရှိတယ် ဆိုတာကို အတိအကျ သိရပြီ ဖြစ်သလို သူ့ အရွယ်အစားကလည်း ပိုပြီး ကြီးနေတဲ့အတွက် ဒါဟာ သိပံဆိုင်ရာမှာ အတော့်ကို အရေးပါပါတယ်။”
ပလူတိုကို နိုင်ငံတကာ နက္ခတ္တဗေဒ အသင်းကြီးကနေ ၂၀၀၆ ခုနှစ်မှာ ဂြိုဟ်သိမ်ဂြိုဟ်မွှား စာရင်းထဲပြောင်းထည့်ခဲ့တာ ဖြစ်ပါတယ်။အခုဆိုရင် နက်ပကျွန်းထက် ပိုဝေးတဲ့ နေရာက Kuiper Belt ပါတ်လမ်းထဲမှာ ရှိတဲ့ ထောင်သောင်းချီတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတွေ၊ ကြယ်တံခွန်တွေ ဥကာပျံတွေ ထဲမှာ ရှိတဲ့ Eris ထက် ပလူတိုက ပိုပြီး ကြီးတယ်လို့ တရားဝင် မှတ်တမ်းတင်နိုင်ပြီ ဆိုတာကို တင်ပြရင်း ဒီသီတင်းပါတ်အတွက် သိပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။