မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ မီးလင်းဖို့အတွက် ပြန်ပြည့်မြဲစွမ်းအင်ကို ဘယ်လို အသုံးချသင့်ပါသလဲ။ အစိုးရက အားပေးမယ် ဆိုရင် ဘယ်လို စီမံကိန်းမျိုးကို လုပ်ဖို့ လိုပါသလဲ။ REAM မြန်မာ့ပြန်ပြည့်မြဲစွမ်းအင် အသင်းက ဦးအောင်မြင့်ရဲ့ အမြင်ကို ဒီတပါတ်မှာ ပြောပြပေးမှာပါ။
လေယာဉ်တွေရဲ့ ပျံသန်းမှုကဏ္ဍအတွက် တခေတ်ဆန်းစေမယ့် စက်အသစ်တမျိုးကို Space X ကုမ္ပဏီက အာကာသထဲက စောင့်ကြည့်ဂြိုဟ်တုတွေဆီ ဒီလထဲ လွှတ်တင်ခဲ့ပါတယ်။နည်းပညာသစ်ကြောင့်ကမ္ဘာ့နေရာအနှံ့ ပျံသန်းနေတဲ့ လေယာဉ်တွေကို ခြေရာခံနိုင်တော့မှာ ဖြစ်တဲ့အကြောင်းCarolynPresuttiသတင်းပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
"သတင်းအချက်လက် ကောင်းကောင်းပေးတဲ့ ပြည်သူမရှိရင် အလုပ်မဖြစ်သလို သတင်းသမားတွေကလည်း ဒီလူတွေ ပြောချင်တာကို သယ်လာသူတွေပါ။ ဒါ့ကြောင့် အမေရိကန်နိုင်ငံကရော ဒီမိုကရေစီကပါ သင်တို့ကို လိုအပ်ပါတယ်။"
၂၀၁၆ ခုနှစ်မှာ ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍဟာ မှေးမှိန်သွားတယ်လို့ REAM မြန်မာ့ပြန်ပြည့်မြဲစွမ်းအင် အသင်းက ဦးအောင်မြင့်က ပြောပါတယ်။ ဘာ့ကြောင့် အခုလို မှေးမှိန်သွားတယ် ဆိုတာကို ကြည့်ရအောင်ပါ။
အန္တရာယ်ကြီးတဲ့ ညစောင့် အလုပ်လုပ်သူတွေနေရာမှာ ကင်မရာတွေ အစားထိုး စောင့်ကြည့်ခဲ့ပေမဲ့ ဖောက်ထွင်းတိုက်ခိုက်မှုတိုင်းကို ကာကွယ် မပေးနိုင်ခဲ့ပါဘူး။ အခုတော့ ဒီလုံခြုံရေး တာဝန်ကို လွှဲပြောင်းယူနိုင်ဖို့ အဆင့်မြင့်အဝေးထိန်း drone တွေပေါ်လာပါပြီ။ Kevin Enochs ရဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
၆ သောင်းလို့ပြောတဲ့ ကိန်းဂဏန်းတွေက တကယ်ပဲ ဗမာနိုင်ငံသားတွေ ဟုတ် မဟုတ်ဆိုတာကို မြန်မာနိုင်ငံ အစိုးရဘက်ကတော့ စိစစ်မှုတွေလုပ်မှာဖြစ်တဲ့အတွက် ဒီအရေးဟာ ချက်ခြင်းလက်ငင်းကတော့ ပြေလည်စရာတော့ မရှိဘူး။ အတင်းအဓမ္မလည်း ဘယ်အစိုးရကမှ လုပ်ဖို့မသင့်ဘူးလို့ ကျနော် မြင်တယ်ခင်ဗျ။
ဒီတပါတ်တော့ ၂၀၁၆ ခုနှစ်အတွင်း အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ NASA ရဲ့ ထူးခြားတဲ့ အောင်မြင်မှုတွေကို နာဆာက သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။
လူသားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး အတွက် ၂၀၁၆ ခုနှစ် ထဲမှာ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာရပ်ဆိုင်ရာ တီထွင်ကြံဆမှုတွေ အကြောင်းကို သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း သိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ တိုးတက်ဖို့ လုပ်ဆောင်နိုင်တာတွေနဲ့ ပါတ်သက်ပြီး ဓါတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုရဲ့ အမြင်ကို ဒီတပါတ်မှာ ပြောပြပါရစေ။
စကြဝဠာထဲက တခြားဂြိုဟ်တွေမှာ သက်ရှိတွေ ရှိနေနိုင်တယ်လို့ ပြောနေကြတာမို့ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ နေခဲ့ဖူးသလားဆိုတာကို အမေရိကန်နဲ့ ဗြိတိသျှ သိပ္ပံပညာရှင်တွေက အဆင့်မြင့် နည်းပညာသုံး စက်တွေနဲ့ သဲလွန်စတွေ ရှာနေကြပါတယ်။ ဒီအကြောင်း George Putic သတင်းလွှာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
အဇီဝ အသိဉာဏ်သုံး နည်းပညာ Artificial Intelligence ဟာ စက်မှု၊ နည်းပညာနဲ့ ဒစ်ဂျစ်တယ် ခေတ်သစ် ကိုရောက်လာစေပြီး လူမှုဘဝတွေကို ပြောင်းလဲလာစေခဲ့ပါတယ်။ ဒီနည်းပညာအတွက် သိပ္ပံပညာရှင်တွေရဲ့ ကျိုးစားမှု နောက်ဆုံး အခြေနေကို ဒီတပါတ်မှာ ပြောပြမှာပါ။
လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၁၀၀ လောက်က အသက်ရှင် နေထိုင်ခဲ့တဲ့ ဒိုင်နိုဆောရဲ့ အမြီးပိုင်းကို မြန်မာနိုင်ငံ ဟူးကောင်းတောင်ကြားထွက် ပယင်းထဲမှာ ရုပ်ကြွင်းအဖြစ် ရှားရှားပါးပါး ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
ဒီဇင်ဘာ ၁၂၊ ၂၀၁၆ - အဆင့်မြင့်ပညာရေးအတွက် Parami Institute နဲ့ စတင်လုပ်ဆောင်ဖို့၊ ရည်မှန်းချက်အပြည့်နဲ့ ကြိုးစားနေတဲ့ ဒေါက်တာကျော်မိုးထွန်း ကို ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။
တွေ့ဆုံမေးမြန်းခန်း
ဒီတပါတ်တော့ Artificial Intelligence နည်းပညာ ဖြစ်တဲ့ လူတွေ တီထွင်တဲ့ အသိဉာဏ်၊ အသက်မဲ့တဲ့ အဇီဝ အသိဉာဏ်သုံး နည်းပညာ အကြောင်း သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
Donald Trump ကို သမ္မတအဖြစ် ရွေးကောက်ခဲ့ကြပြီးမကြာခင်မှာပဲ အမေရိကန်ပြည်ထောင်စု ပြင်ပက သူပိုင်တယ်လို့ပြောထားတဲ့ လုပ်ငန်းပေါင်း ၂၀ ကို အကဲခတ် လေ့လာသူတွေက စပြီး လေ့လာဆန်းစစ်လာကြပါတယ်။ Trump ရဲ့ စီးပွားရေး လုပ်ငန်းတွေအကြောင်း Carolyn Presutti ပေးပို့တဲ့သတင်းကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
သမုဒ္ဒရာ ရေလှိုင်းတွေထဲက စွမ်းအင်ကို ထုတ်ယူနိုင်တဲ့ ကိရိယာ တီထွင်နိုင်ဖို့ အမေရိကန် စွမ်းအင်ဌာနက ပြိုင်ပွဲကျင်းပ ပေးခဲ့ရာမှာ ပထမဆုကို Oregon ပြည်နယ်က အင်ဂျင်နီယာ ၂ ယောက်က ဆွတ်ခူးခဲ့ပါတယ်။ George Putic သတင်းပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အခုထိ မအောင်မြင်သေးတဲ့ အစုဖွဲ့ပိုင် သစ်တောနဲ့ ပါတ်သက်ပြီး သစ်တောပညာရှင် ဦးဝင်းမော်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
လူသားတွေမပါဘဲ သူ့ကိုယ်ပိုင် ဆုံးဖြတ် လုပ်ကိုင်နိုင်စွမ်းရှိမယ့် စက်တွေတီထွင်နိုင်အောင် လုပ်ဖို့ သုတေသနပညာရှင်တွေ ကြိုးစားနေကြတာမှာ ဒီလိုဖြစ်လာဖို့ဆိုရင် အတွေ့အကြုံတွေကနေ သူတို့ သင်ယူနိုင်စွမ်း ရှိလာအောင် ပထမဆုံးလုပ်ရမှာ ဖြစ်ပါတယ်။ George Putic သတင်းပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
သစ်တောပြုန်းတီးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် သစ်တောတွေပြန်လည် ရှင်သန်လာဖို့နဲ့ ရေရှည်ခံအောင် ဘာတွေ လုပ်ဖို့ လိုအပ်တယ် ဆိုတာကို သစ်တောပညာရှင် ဦးဝင်းမော်က ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်