စက်တင်ဘာ ၂၊ ၂၀၁၇ - ဒီတော့ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲဆိုတာကိုလည်း သူ့အတွေ့အကြုံနဲ့ယှဉ်ပြီးတော့ ဦးခင်ရီက အကြံပြုထားပါတယ်။ ဒေါ်ခင်မျိုးသက်က ရန်ကုန်မြို့မှာ ဝန်ကြီးဟောင်း ဦးခင်ရီနဲ့ တွေ့ဆုံမေးမြန်းထားတာကို နားဆင်ကြည့်ပါ။
ရခိုင်မြောက်ပိုင်းဒေသမှာ ကြုံတွေ့နေရတဲ့ လူမျိုးရေးပြဿနာအတွက် နှစ်နိုင်ငံအကြား တံတိုင်းကာရံတာအပါအဝင် နိုင်ငံသားစီစစ်ရေးလုပ်ငန်း လုပ်ဆောင်မှုတွေ ရှိခဲ့ပြီး၊ ကြီးမားတဲ့အခက်အခဲတွေနဲ့လည်း ကြုံခဲ့ရတယ်လို့ ဝန်ကြီးဟောင်း ဦးခင်ရီက ပြောပါတယ်။ ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။
သြဂုတ် ၃၀၊ ၂၀၁၇ - အကြမ်းဖက်မှုတခုအဖြစ် ကိုင်တွယ်အရေးယူဖို့ လက်ရှိအစိုးရက နှောင့်နှေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီပြဿနာ နဲ့ပတ်သက်ပြီး VOA မြန်မာပိုင်း ရန်ကုန်ရုံးခွဲရောက် ဒေါ်ခင်မျိုးသက် က ဦးခင်ရီ ကို တွေ့ဆုံမေးမြန်ထားပါတယ်။
ရခိုင်ပြဿနာဖြစ်ခဲ့တာ သမိုင်းအစဉ်အဆက်ဖြစ်ခဲ့တဲ့ကိစ္စပါ။ ဟိုတုန်းက ဒီဒေသထဲမှာရှိနေတဲ့ ဘင်္ဂါလီနဲ့ ဒေသခံ ရခိုင်တိုင်းရင်းသား နဲ့ ဖြစ်တဲ့ ပြဿနာ သပ်သပ်ပေါ့။ အခုဒီနေ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တုန်းက ဖြစ်သွားတဲ့ ပြဿနာကျတော့ ဒီလို လူမျိုးစုချင်းရန်ဖြစ်တဲ့ ပြဿနာမဟုတ်တော့ဘူး။ သူက နိုင်ငံရေးရည်မှန်းချက်တခုအတွက် စခန်းသိမ်းတိုက်ပွဲ ၊ နယ်မြေသိမ်းတိုက်ပွဲ ၊ နယ်မြေတခုကို သိမ်းပိုက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်လာတဲ့ ဟာမျိုးဖြစ်တဲ့အတွက်ကြောင့် အခုပြဿနာက ယခင်ဟာထက် ပိုပြီးတော့ ရှုပ်ထွေးတယ်၊ နက်နဲတယ်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဟာ လူမျိုးစုချင်း ရန်ဖြစ်တဲ့ ပြဿနာမဟုတ်တော့ဘဲ၊ အရင်ကထက်ပိုပြီး ရှုပ်ထွေးနက်နဲလာနေကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီက VOA ကို ပြောပါတယ်။ ဦးခင်ရီကို ဒေါ်ခင်မျိုးသက်တွေ့ဆုံမေးမြန်းထားပါတယ်။
သြဂုတ် ၂၇၊ ၂၀၁၇ - ကရင်ပြည်နယ်ရဲ့ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ နည်မျိုးစုံနဲ့ ကြိုးစားနေပေမယ့် တခြားနည်းလမ်းတွေ အဆင်မပြေတဲ့အတွက် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို အသုံးပြုဖို့ ဆုံးဖြတ်ထားတယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
ကရင်ပြည်နယ်ရဲ့ စွမ်းအင်လိုအပ်ချက်မှာ တခြားနည်းလမ်းအဆင်မပြေလို့ ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံတည်ဆောက်ဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ တနှစ်ကျော် အတွေ့အကြုံတွေနဲ့ ပတ်သတ်ပြီး ဒေါ်နန်းခင်ထွေးမြင့်ကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
သြဂုတ် ၂၀၊ ၂၀၁၇ - အဓိက နိုင်ငံရေး ဇာတ်ကောင်တွေဖြစ်တဲ့ စစ်ဖက်နဲ့ အရပ်သားအစိုးရကြား အပေးအယူဟာ ညီတူညီမျှ ဖြစ်နေဖို့ လိုအပ်တယ်လို့ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Roland Kobia က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး ရှေ့ဆက်တိုးနိုင်ဖို့ စစ်ဘက်နဲ့ အရပ်သားအစိုးရတို့ကြား အပေးအယူမျှဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံမှာ ၄ နှစ်တာ တာဝန်ထမ်းခဲ့တဲ့ EU မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Roland Kobia က ပြောကြားလိုက် ပါတယ်။ ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
ကရင်ပြည်နယ် အစိုးရဟာ အများဝေဖန်နေတဲ့ ကြားကပဲ ပတ်ဝန်းကျင်ညစ်ညမ်းမှု များတဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကနေ စွမ်းအင်ကို ရယူဖို့ ကြိုးစားနေပါတယ်။
ကရင်ပြည်နယ်ရဲ့ စွမ်းအင် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပေမဲ့ တခြားနည်းလမ်းတွေ အဆင်မပြေတဲ့အတွက် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို အသုံးပြုဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။ သံအမတ်ကြီး Roland Kobia ကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းခဲ့တဲ့အထဲက ကောက်နှုတ်ချက် တချို့ကို ရှုစားနိုင်ကြပါပြီ။
မြန်မာနဲ့ အီးယူ သံတမန်ရေး ကူးသန်းဆက်ဆံမှု အပြည့်အဝ စလုပ်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ပထမဆုံး အီးယူ ဥရောပ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ Roland Kobia ဟာ ဒီလကုန်မှာ သူ့ရဲ့ ၄ နှစ်တာ တာဝန်ချိန် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် တာဝန်ထမ်းဆောင် ခဲ့တဲ့ ကာလအတွင်း ကိုယ်တိုင် မြင်တွေ့ရတဲ့ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာလရဲ့ အနေအထားနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီးဖြေဆိုထားပါတယ်။
သြဂုတ် ၅၊ ၂၀၁၇ - မြန်မာနိုင်ငံဆိုင်ရာ WHO ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost ကို ရန်ကုန်ရုံးချုပ်မှာ VOA က ဒေါ်ခင်မျိုးသက် က သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ H1N1 ရာသီတုပ်ကွေး ကူးစက်ပျံ့မှုကို ထိန်းချုပ်ကာကွယ်ဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မြန်မာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ WHO ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost ကို VOA ကဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ H1N1 ရာသီ တုပ်ကွေးရောဂါ ကူးစက်ပျံ့မှုကို ထိန်းချုပ်ဖို့နဲ့ ကာကွယ် တားဆီး နိုင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ လက်တွဲပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ WHO အဖွဲ့ရဲ့ ဌာနေကိုယ်စားလှယ်က VOA ကို ပြောပါတယ်။တချိန်ထဲမှာပဲ လိုတာထက် ပိုပြီး စိုးရိမ် မလွန်ကြဖို့နဲ့ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်အောင် လက်ကိုသန့်ရှင်းအောင် ထားရေးဟာ အရေးကြီးပြီး တတ်နိုင်သမျှ လက်ကိုသန့်စင်တဲ့ ပိုးသတ် ဆေးရည် ကို အသုံးပြုကြဖို့လဲ တိုက်တွန်းလိုက် ပါတယ်။
ဇူလိုင် ၃၀၊ ၂၀၁၇ - ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တာဝန်အပါအဝင်၊ ကုလသမဂ္ဂမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ် ကို VOA က ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး UNICEF ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ရဲ့ တရုတ်နိုင်ငံ ဌာနေ ကိုယ်စားလှယ်တာဝန် အပါအဝင် ကုလသမဂ္ဂမှာ နှစ်ပေါင်း ၂၀ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကို ဗွီအိုအေမြန်မာပိုင်းက ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။
ဇူလိုင် ၂၃၊ ၂၀၁၇ - တက္ကသိုလ်များ အာကာသစူးစမ်းရေးအဖွဲ့ USRA ရဲ့ ၂၀၁၆ ဆုရှင် တဦးဖြစ်တဲ့ NASA Glen Research Center က မြန်မာသိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်ကို ဝါရှင်တန်ဒီစီ VOA Studio မှာ ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။
ရခိုင်ပြဿနာ အဖြေရှာတဲ့ နေရာမှာ အပြုသဘောဆောင် ချဉ်းကပ်ဖို့ လိုနေသလို မတူညီတဲ့ ၂ ဘက် အသိုင်းအဝိုင်း အတွက် အခြေခံ လိုအပ်ချက်တွေကို မျှမျှတတ မြှင့်တင်ပေးဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်