ပဋိပက္ခတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်လို့ Kofi Anan ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ၁၀၀ ရာခိုင်နှုန်းအကောင်အထည်ဖော်ဖို့ ခက်ခဲပေမယ့်၊ လက်ရှိအားဖြင့် ၅၀ ရာခိုင်နှုံးလောက်တော့ အကောင်အထည်ဖော်နေပြီလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။
နိုင်ငံခြားသတင်းဌာနတွေက သတင်းထောက်တွေအနေနဲ့ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက် သတင်းယူရာမှာ ဘာသာစကားအခက်အခဲ၊ ဒေသခံရွာသားတွေဘက်က စိုးရိမ်မှုနဲ့ ယုံကြည်မှု မရှိတာတွေကြောင့် သတင်းအချက်အလက် တိတိကျကျရယူဖို့ အခက်အခဲတွေရှိပါတယ်။ ဒီတခေါက်သတင်းယူရမှာ အာဏာပိုင်တွေဘက်က သတင်းသမားတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပြုထားတဲ့အပြင် လုံခြုံရေးအရလည်း တာဝန်ယူဆောင်ရွက်ပေးနေတာပါ။
အသက် ၉၅နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံကျော် ဂန္တဝင် ဆိုတီး ပညာရှင် အဆိုတော် ဦးအံ့ကြီး ဟာ (၂၃-၆-၂၀၁၇) သောကြာနေ့ည ၉ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်သွားပါပြီ။
ခြင်တွေရဲ့ ပျံသန်းပုံ နည်းစံနစ်တွေကို ၂၀၁၇ မှာ ပထမဆုံး စပြီး အသေးစိတ် လေ့လာနိုင်ခဲ့တာမို့ နောင်မှာ ခြင်လောက် သေးငယ်တဲ့ ယဉ်ပျံလေးတွေ အပါအဝင် လေကြောင်း လောကအတွက် နည်းပညာသစ်တွေ ပေါ်လာတော့မယ့် အကြောင်း ဒီတပတ်မှာ ပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ မြောက်ဖျားကနေ တောင်ဘက် မြစ်ဝကျွန်းပေါ်အထိ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ ကူးသန်းသွားလာရေးမှာ အဓိက လမ်းမကြီဖြစ်ပါတယ်။ ဒီမြစ်ကြောင်းမှာ ရာသီမရွေး သွားလာနိုင်ဖို့ လိုအပ်နေတာ တွေကို မြစ်ကြောင်းထိမ်းသိမ်းရေး လုပ်ငန်းလုပ်နေတဲ့ သင်္ဘော ကက်ပတိန် ဦးစိုးမင်းအောင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
စွန့်ပစ်ပစ္စည်းသုံး ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ မီးဒဏ်ခံနိုင်မှု
မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတရုံ တည်မယ်ဆိုရင် ဘာတွေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ် ဆိုတာတွေကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
“ ဗိုလ်ချုပ်ကြီးက မဖြေသင့်ဘူးလို့ ထင်တာက ကျိုးကြောင်း မဆီလျော်သလို အဖြေလည်း မဟုတ်ပါဘူး။ ဒါဟာ အုပ်ချုပ်ရေးဘက်က အခွင့်ထူးခံနေ မနေ သိလာဖို့ မေးမြန်းတာမို့ ဒီမေးခွန်းမျိုးကို ဖြေဖို့ လိုပါတယ်။ ”
စက်ရုပ်တွေနဲ့ အစားထိုးမယ့် လူမှုဝန်းကျင်
ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံကနေ အဆိပ်ဓါတ်ငွေ့တွေ ထွက်တာ နဲအောင် နည်းပညာတွေသုံးလို့ ရတယ်ဆိုပေမယ့် ထွက်လာတဲ့ ပြာအပါအဝင် စွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်က သိပ်ကြီးမားပါတယ်။ ဒီစွန့်ပစ် ပစ္စည်းတွေရဲ့ အန္တရာယ်ကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
လူမျိုးရေး၊ဘာသာရေးမဟုတ်ဘူး။ မွတ်ဆလင်တွေ အင်္ဂလန်မှာအများကြီးရှိတာပဲ ၊ အဲဒီထဲက တစု ပေါ့နော် ၊ အဲဒါကို သေချာ surveillance လုပ်တာပေါ့နော်။ အားလုံးကိုသူက စောင့်ကြည့်နေတာပေါ့နော် ။
အာဖရိက နေစွမ်းအင်သုံး ဆိုလာပြားများ
မြန်မာနိုင်ငံ မြို့ကြီး ၆ မြို့ရဲ့ လေထု အခြေနေက လေထုညစ်ညမ်းမှုမှာ နံမယ်ကြီးတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့ထက် ဆယ်ဆ ပိုများနေချိန်မှာပဲ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေ ထပ်တည်ဖို့ စီစဉ်နေတာမို့ ဒီတပတ်တော့ ဒီစက်ရုံတွေရဲ့ အန္တရာယ်တွေ အကြောင်း ပြောပြပေးမှာပါ။
သတ္ထုကွင်းကလေးတွေ တကွင်းနဲ့တကွင်း ချိတ်ဆက်ပြီး ပျော့ပြောင်းတဲ့သတ္ထုနဲ့ အဝတ်အထည်တွေ ဖန်တီးရာမှာ ဂဟေဆက်ရာမရှိဘဲ တသားထဲဖြစ်အောင် ဖန်တီးလာနိုင်ပြီလို့ ကယ်လီဖိုးနီးယား ပြည်နယ် Jet Propulsion Lab က သိပ္ပံပညာရှင်တွေက ပြောပါတယ်။ George Putic ရဲ့သတင်းလွှာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
အင်္ဂါဂြိုဟ်ကို သွားဖို့ အမေရိကန် အာကာသ စူးစမ်းရေးဌာန NASA က လုပ်ဆောင်နေတဲ့ သုတေသနတွေထဲမှာ သိပ္ဗံဘာသာရပ်ခွဲ မျိုးစံကို အသုံးပြုပြီး အင်္ဂါဂြိုဟ်ကို သွားနိုင်ဖို့ NASA က ဘယ်လို လုပ်ဆောင်နေပါလဲ။ NASA က မြန်မာလူမျိုး သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်ကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေ ၇၊ ၂၀၁၇ - NASA အကြောင်း ဒီတပတ် မြန်မာအရေး ဆွေးနွေးခန်းအစီအစဉ်မှာ NISA သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင် ကို VOA ရုံးချုပ်မှာ ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။
အာကာသစူးစမ်းမှုတွေလုပ်တဲ့ NASA မှာ လူတွေရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေ အဆင်ပြေစေမယ့် တီထွင်မှုတွေ လုပ်နေတာပါ။ တက္ကသိုလ်တွေနဲ့ပါ ချိတ်ဆက်ထားတဲ့ ဒီတီထွင်မှု သုတေသနတွေမှာ မြန်မာနိုင်ငံက လူငယ်တွေ ဘယ်လိုပါဝင်နိုင်ပါလဲ။ NASA သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်ကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန် သမ္မတ Donald Trump က ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကို သမ္မတ အိမ်ဖြူလာဖို့ ဖိတ်ကြားခဲ့တဲ့ နောက်မှာ ဆယ်နှစ်လောက် အဆင်မပြေ ဖြစ်နေတဲ့ အမေရိကန်နဲ့ ထိုင်း ၂ နိုင်ငံကြား ဆက်ဆံရေးဟာ ခေတ်သစ်ထဲ ဝင်လာခဲ့ပြီလို့ နိုင်ငံရေးအကဲခတ် တွေက သုံးသပ်ကြပါတယ်။
အမေရိကန် THAAD ဒုံးခွင်းဒုံးစနစ်ကို တောင်ကိုးရီးယားနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့၂ ပတ်ပဲ လိုတော့တဲ့အချိန်အတွင်း အလောတကြီး တပ်ဆင်ဖို့ လုပ်နေတာမို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ထိပ်တန်းပြိုင်ဘက်တွေကြား အငြင်းပွားဖွယ်ဖြစ်လာခဲ့ပါတယ်။
ဒီတပတ် သိပ္ပံနဲ့နည်းပညာ အစီအစဉ်မှာ သဘာဝဝန်းကျင် ညစ်ညမ်းမှုအန္တရာယ် လျော့ပါးစေဖို့ တီထွင်လိုက်တဲ့ “အိုးဟို” (Ooho) လို့ နံမည်ပေးထားတဲ့ စားလို့ရတဲ့ ဘူးလေးတွေအကြောင်း ရိုက်တာ သတင်းတပုဒ်ကို ကိုးကားပြီး ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်