မြန်မာနိုင်ငံမှာ ဆန်စပါးကို ပုဂ္ဂလိကကို လွှဲလိုက်တဲ့နောက် ဆန်စပါး ဌာနက သုတေသန ပညာရှင်တွေနဲ့ လက်တွဲပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးအောင် လုပ်ဖို့ ဘာတွေ စီစဉ်နေတယ် ဆိုတာကို နေရောင်ခြည်အားသုံး အသီးနှံ အခြောက်ခံစက် ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမျိုးအောင်ကျေ်က ပြောပြပေးမှာပါ
ကမ္ဘာနဲ့ အခြေနေလုံးဝ ကွာခြားတဲ့ အာကာသဝန်းကျင်မှာ အပင်ဘယ်လိုစိုက်ရမယ် ဆိုတာကို အချိန်ကုန် ငွေကုန်ခံပြီး လေ့လာနေကြတာဟာ ကမ္ဘာပေါ်မှာ နေသူတွေအတွက် အကျိုးရှိပါရဲ့လား ဆိုတာ ဒီတပတ်မှာပြောပြပါရစေ။
အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြား အပြန်အလှန် အခွန်တွေတိုးကောက်ရင်း ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွါးမယ့် အလားအလာတွေ တိုးလာနေချိန်မှာ ၂ ဖက်စလုံးက ပြင်းပြင်းထန်ထန် ပြောဆိုနေတာတွေ့ရပြီး တချိန်ထဲမှာပဲ အခြေနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်မသွားအောင် လုပ်ပါမယ်လို့ လည်း အာမခံပြောဆိုနေကြတာ ဖြစ်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို ကိုယ်တိုင် လေ့လာပြီး၊ ဝိုင်းကူဖြေရှင်းပေးဖို့ မြန်မာနိုင်ငံကို ဧပြီလ ၂ ရက် တနင်္လာနေ့မှာ ရောက်ရှိသွားပါပြီ။ ဒီကနေ့ တနင်္လာနေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
အာကာသခရီးရှည်သွားကြမယ့် နောင်ခေတ်လူသားတွေ အတွက် သူတို့စားသုံးဖို့ လိုတဲ့ အပင်တွေကို ဆွဲငင်အား မရှိတဲ့ နေရာမှာ ဘယ်လိုစိုက်ကြမယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ ၂၀၁၁ ခုနှစ် သူအာဏာရလာခဲ့ပြီးတဲ့နောက် ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို မတ်လ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ သွားရောက်ခဲ့ပါတယ်။
ကျယ်ပြောရှုပ်ထွေးလှတဲ့ စကြာဝဠာကြီးနဲ့ သိပ်သေးငယ်တဲ့ ပရမာအနုမြူတွေအကြောင်း သာမန်လူတွေနားလည်အောင် ရှင်းရှင်းလေး ပြောပြနိုင်တဲ့ ထူးခြားတဲ့ သိပ္ပံပညာရှင် Stephen Hawking ဟာ အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။ နောင်လာနောက်သားတွေ အတုယူဖို့ ကောင်းတဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တချို့ကို ဒီတပတ်မှာ ပြောပြပါရစေ။
အနားယူသွားခဲ့တဲ့ သမ္မတဟောင်းဦးထင်ကျော်နေရာအတွက် မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ မြန်မာသမ္မတသစ်ကို ရွေးကောက်တင်မြှောက် ကြတော့မှာ ဖြစ်ပါတယ်။ သမ္မတသစ်အဖြစ် ရွေးချယ်ကြမယ့် ဒုသမ္မတ ၃ ဦးအနက် မတ်လ ၂၃ ရက်နေ့ကမှာ ဒုသမ္မတအဖြစ် အသစ်အရွေးချယ် ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်နဲ့ ပတ်သက်ပြီး ပြည်ပရောက် မြန်မာ့အရေး လေ့လာသူတွေရဲ့ အမြင်ကို တင်ပြထားပါတယ်။
ပြောနေကြတာတော့ ဦးဝင်းမြင့်လို့ ကြားပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌပါ။ သူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လိုချင်တဲ့ပုံစံနဲ့ ကိုက်တဲ့သူ တယောက် ဖြစ်ပါတယ်။ အားထားယုံကြည်ရတဲ့သူ ဒေါ်စုအပေါ်သစ္စာရှိတဲ့သူ၊ ပုဂ္ဂိုလ်ရေးသိပ်ပြင်းထန်တဲ့သူမဟုတ်သလို သူလုပ်စေချင်တဲ့ အလုပ်တွေကို လုပ်နိုင်မယ့်သူပါ။ ဒါကြောင့်ဦးထင်ကျော်နေရာမှာ အစားထိုးထိုက်မယ့်သူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိနေပြီး ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းက ချက်ချင်း အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
ကောက်ပဲသီးနှံတွေ စိုက်ပျိုးသလောက် အရာရောက်အောင်လုပ်ဆောင်ရာမှာ အစိုဓါတ်ကြောင့် မပျက်စီးစေဖို့အတွက် အချိန်မှီခြောက်သွေ့အောင်လုပ်ရေးဟာ သိပ်ကိုအရေးပါတဲ့အကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။
တောင်သူလယ်သမားတွေရဲ့ လူနေမှုဘဝ တိုးတက်လာစေဖို့ စက်မှုလယ်ယာ ပြောင်းတဲ့အခါ လယ်ကွင်းတွေရဲ့ အနေအထားက ဘယ်လောက်အရေးပါ ပါသလဲ။ ဆန်အများအပြား တင်ပို့ရောင်းချနိုင်တဲ့ နိုင်ငံတွေထဲက အိမ်နီးချင်း ဗီယက်နမ်မှာ လယ်ကွင်းတွေရဲ့ အနေထားကအစ ပြောင်းလဲပစ်ခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းက ဦးမျိုးအောင်ကျော်က ပြောပြပေးမှာပါ။
ကျနော်တို့က အမျိုးသားတွေ ကြီးစိုးတဲ့ ကမ္ဘာကြီးမှာ အသက်ရှင်နေထိုင်နေကြတာပါ။ လူ့ယဉ်ကျေးမှုမှာလည်း အမျိုးသားတွေပဲ ကြီးစိုးနေကြတာပါ။ ဒါကို အစိုးရ ယန္တရားတွေ၊ အုပ်ချုပ်စီမံခန့်ခွဲရေးအပိုင်းတွေ၊ တသီးပုဂ္ဂလ အခန်းကဏ္ဍတွေမှာ ကြုံတွေ့နေရသလို ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာလည်း ကြုံတွေ့နေရတာပါ။
မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ထူးထူးခြားခြား ဆန်အထွက် တိုးလာတာဟာ ဆန်စပါး စိုက်ပျိုးရေးကဏ္ဍမှာ ခေတ်မှီစက်ကရိယာတွေ ပိုသုံးလာတာကြောင့်ပါ။ မြန်မာ့ဆန်လုပ်ငန်းမှာ စက်ကရိယာသုံးစွဲနေတဲ့ အခြေနေကို သိရအောင် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်းက ဦးမျိးအောင်ကျော် ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
စက်ရုပ်တွေဟာ လူသားတွေရဲ့ အလုပ်အတော်များများကို အစားဝင် နေရာယူနေကြပြီလို့ စီးပွါးရေးနဲ့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ စက်ရုပ်တွေ လူသားတွေနဲ့ တွဲပြီး အလုပ်လုပ်ဖို့မှာ အခက်အခဲတွေ ရှိနေသေးတဲ့အကြောင်း George Putic ရဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ကျွန်တော်တို့ကို ခြိမ်းခြောက်တဲ့ အနေနဲ့ သူတို့ကစပြီး ကြေညာခဲ့တာမို့ ကျွန်တော်တို့ ဒီနေရာကနေ ထွက်သွားရတော့မှာပါ။ သူတို့က ကျွန်တော်တို့ကို ခြိမ်းခြောက်ဖို့ပဲ လုပ်တာပါ။ ဒါကိုကြည့်ရင် မြန်မာအစိုးရက ဘယ်လိုဖိနှိပ်တဲ့သူမျိုးလဲ ဆိုတာ ပြနေပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာနေတာက ကျွန်တော်တို့ အသက်မသေဖို့ပါ။ ဒီကနေ တကယ် သွားရတော့မှာပါ။
ဖေ့ဘုတ်အသိုင်းအဝိုင်းအတွင်း တဦးနဲ့တဦး အမုန်းပွါးစေဖို့တင်တဲ့ အကောင့်တွေကို အသုံးပြုခွင့်မပေးတဲ့ စည်းကမ်းချက်အရ မြန်မာနိုင်ငံက အရှင်ဝီရသူရဲ့ ဖေ့ဘုတ်စာမျက်နှာကို အမေရိကန်အခြေစိုက် ဖေ့ဘုတ်ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေက ပိတ်ပစ်လိုက်ပါပြီ။
ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေအတွက် နုတ်ဆိတ်မနေပဲ ထုတ်ဖေါ်ပြောကြားဖို့ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် သုံးဦးက မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် သူတို့ရဲ့ ရောင်းရင်းလည်းဖြစ်တဲ့ ၁၉၉၁ ခုနှစ်နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုက်တဲ့အပြင် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုတာ ခံရလိမ့်မယ်လို့ပါ သတိပေးခဲ့ပါတယ်။
ဆည်တခု တည်ဆောက်တော့မယ် ဆိုရင် အကျိုးရှိတဲ့ ဆည်တခုဖြစ်လာစေဖို့ ဘာတွေလုပ်ဖို့ လိုအပ်တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။
ဒီတပတ်တော့ ဆည်တွေ မကျိုးမပေါက်အောင် ဆည်မဆောက်ခင်ကတည်းက ဘာတွေလုပ်ဖို့ လိုတယ်၊ ဆောက်ပြီးဆည်တွေ အတွက် သဘာဝအန္တရာယ် ကြုံလာရင် ဘာတွေ လုပ်ရတယ် ဆိုတာတွေကို အင်ဂျင်နီယာ ဘူမိဗေဒပညာရှင် ဦးသိန်းပိုင်က ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်