ဖေဖေါ်ဝါရီ ၁၈၊ ၂၀၁၈ - မန်မာနိုင်ငံ ရွှေတူးဖော်ရေး အခြေအနေ၊ လုပ်ငန်းဆိုင်ရာ၊ ပတ်ဝန်းကျင်ထိခိုက်မှု အနေအထားများကို သိရှိရအောင် သက်ဆိုင်သူများကို တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်း ကသာခရိုင်ထဲက ရွှေထွက်တဲ့ ကောလင်း-ဝန်းသိုဒေသမှာ ရွှေတူးဖော်မှုတွေနဲ့ ပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုတွေဘယ်လိုရှိပါလဲ။ ရိုက်ကူးသူ ကိုစည်သူနဲ့အတူ ဒေါ်ခင်မျိုးသက်က အထူးအစီအစဉ် အပိုင်း(၂) ကိုတင်ဆက်ပေးထားပါတယ်။
ဒီနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကုလသမဂ္ဂ လူ့အခွင့်ရေး ကြေညာစာတမ်းရေးဆွဲတဲ့ အနှစ် ၇၀ မြောက် အထိမ်းအမှတ်ကို ဆင်နွှဲဖို့ ကုလသမဂ္ဂ စီစဉ်ရေးမှုးတွေ အခုကတည်းကစပြီး လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၈ -့မြန်မာမင်းတွေလက်ထက်ကတည်းက ရွှေတူးလာတဲ့ ဝန်သိုပင်လယ်ကူးဒေသမှာ လက်ရှိရွှေတူးဖော်နေတဲ့ အနေအထားကို သိရအောင် အဲဒီမှာ ရွှေတူးဖော်နေတဲ့ တခုတည်းသော ကုမ္ပဏီရဲ့ Mine တာဝန်ခံ Engineer ဦးသင်းနိုင်ဦး ကို ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။
ရှေးမြန်မာမင်းတွေလက်ထက်ကတည်းက ရွှေတူးလာတဲ့ ဝန်းသို-ပင်လယ်ဘူး ဒေသမှာ လက်ရှိရွှေတူးဖေါ်နေတဲ့ အနေထားကိုသိရအောင် အဲဒီမှာ ရွှေတူးဖေါ်နေတဲ့ တခုတည်းသောကုမ္မဏီရဲ့ မိုင်းတာဝန်ခံ အင်ဂျင်နီယာ ဦးသင်းနိုင်ဦးကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းပြီး အထူးအစီအစဉ် အပိုင်း(၁) တင်ဆက်ပေးထားပါတယ်။
ဒု-သမ္မတဟာ အခုဂျပန်နိုင်ငံကို ရောက်ရှိသွားပြီဖြစ်ပြီး ဂျပန်နိုင်ငံကို မထွက်ခွါခင်ကတော့ အိုလံပစ် အားကစားပွဲတော် အတွင်း မြောက်ကိုရီးယား အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောကြားခဲ့တာပါ။
ဆည်တည်ဆောက်မှုရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေမှာ ကောင်းကျိုးရော ထိခိုက်မှုတွေပါ ရောနေလေ့ ရှိပေမယ့် ဧရာဝတီမြစ်ကြောင်းပေါ်မှာ ဆည်ဆောက်မယ် ဆိုရင်တော့ နိုင်ငံ့အတွက် ထည့်ပြီးစဉ်းစားရမယ့် အချက်တွေက အများကြီးပါ။ မြစ်ဆုံဆည် တည်ဆောက်သင့် မသင့် အင်ဂျင်နီယာ ဘူမိဗေဒပညာရှင် ဦးသိန်းပိုင်ရဲ့ အမြင်ကို ပြောပြပါရစေ။
၂၀၁၆ ခုနှစ်အတွင်း ပြည်တွင်းပဋိပက္ခဖြစ်ပွါးတဲ့ နေရာတွေမှာ သွားရောက်သတင်းယူတဲ့ အာရှဒေသတွင်းက သတင်းသမားတွေ အတွက် ရည်ရွယ်ပြီးချီးမြှင့်တဲ့ “၂၀၁၇ AFP Kate Webb ဆု” ကို မြန်မာနိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခဖြစ်ပွါးတဲ့ နေရာတွေနဲ့ ရှေ့တန်းအန္တရာယ်ကြီးတဲ့ နေရာတွေကို သွားရောက်သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် Frontier မြန်မာ သတင်းဌာနက သတင်းထောက် ကိုမြတ်ကျော်သူ ရရှိသွားပါတယ်။
သယံဇာတတူးဖော်မှုက ပတ်ဝန်းကျင်ကို ထိခိုက်စေတာမို့ သတ္တုသယံဇာတထုတ်လုပ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို တပေါင်းတည်းတာဝန်ပေးတဲ့ အနေထားမှာ လုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နေကြပါသလဲ။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းကို ဒေါ်ခင်မျိုးသက် မေးမြန်းထားပါတယ်။
တရုတ်သမ္မတ ရဲ့ ခါးပတ်လမ်းစီမံကိန်းဟာ အာရှ၊ ဥရောပနဲ့ အာဖရိကဒေသ တခွင်လုံးမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ သြဇာသက်ရောက်မှု တိုးစေမယ့် လုပ်ဆောင်မှုဖြစ်ပြီး အမေရိကန်ကတော့ တရုတ်လုပ်ငန်းခွင်ထဲ လွှမ်းမိုးခံရမယ့်အရေဒ သတိပေးနေတဲ့အကြောင်း Henry Ridgwell သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြမှာပါ။
ဖေဖေါ်ဝါရီ ၄၊ ၂၀၁၈ - သတ္တုသယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို တပေါင်းတည်း တာဝန်ပေးတဲ့အခါမှာ လုပ်ငန်းတွေ ဘယ်လိုထမ်းဆောင်နေကြပါသလဲ။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်း ကို ဒေါ်ခင်မျိုးသက် က မေးမြန်းထားပါတယ်။
ဒီတပတ်တော့ မြန်မာနိုင်ငံမှာ တည်ဆောက်ထားတဲ့ ဆည်တွေအကြောင်း ပြောပြပေးမှာပါ။ မြန်မာနိုင်ငံမှာ ဆည်တက္ကသိုလ် လို့ တင်စားကြတဲ့ ဆည်တော်ကြီးနဲ့ ကင်းတားလို အကျိုးပြုတဲ့ ဆည်တွေ ရှိသလို မလိုအပ်ပဲ တည်ဆောက်တာတွေပါ ရှိနေတာပါ။
ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ကျမသိပ်စိတ်ပူပါတယ်။ နိုင်ငံတကာရဲ့ တုန့်ပြန်မှု မရတဲ့အတွက် သိပ်ကိုဒေါသထွက်ရပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ နယ်နမိတ်ပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုတွေ ကြီးထွားလာနေတဲ့ ဗီယက်နမ်နိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ဟာ သူ့ရဲ့ အာရှခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံ ကို ဦးစားပေး သွားရောက်ခဲ့ပါတယ်။ မကြာသေးခင် နှစ်တွေကစပြီး ဗီယက်နမ်နဲ့ ဆက်ဆံရေး ကောင်းအောင် ကြိုးပမ်းလာနေတဲ့ အမေရိကန်က စစ်ရေးအရပါ ဆက်ဆံရေးတိုးမြှင့်ဖို့ လုပ်လာနေတာနဲ့ ပတ်သက်ပြီး သူ့ပြိုင်ဘက် တရုတ်ကတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေမယ် မထင်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက ရေရှားပါးတဲ့နေရာတွေမှာ စိုက်ပျိုးသီးနှံဖြစ်ထွန်းစေဖို့ ရည်ရွယ်ပြီး ဆည်မြောင်း တာတမံတွေကို တည်ဆောက်ခဲ့သလို အခုထိလည်း တည်ဆောက်ကြဆဲပါ။ အခုလို တာတမံတွေ တည်ဆောက် မှုကြောင့် သဘာဝဝန်းကျင် ထိခိုက် ပျက်စီးစေတာတွေကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
ဇန်နဝါရီ ၁၄၊ ၂၀၁၈ - ငလျင်အန္တရာယ်တွေအကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ နာယက ဒေါက်တာဦးသိန်း ကို ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။
ငလျင်အန္တရာယ်ကြီးတဲ့ မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့အနောက်ပိုင်းမှာရှိတဲ့ ပြတ်ရွေ့တခု ဖြစ်တဲ့ ပခိုးရိုးမအနောက်ပိုင်း ပြတ်ရွေ့ကနေ ၂၀၁၇ မတ်လမှာ အပျက်အစီး အတော်များတဲ့ တိုက်ကြီးငလျင် လှုပ်ခဲ့ ပါတယ်။ အခု ဇန်နဝါရီလမှာလည်း အဲဒီပြတ်ရွေ့ကနေပဲ အားပြင်းငလျင်တခု ဖြူးမှာ ထပ်ပြီး လှုပ်ခတ်ခဲ့ တာမို့ အဲဒီဒေသတွင်း ငလျင်အန္တရာယ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဌ ဒေါက်တာမျိုးသန့်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
မြန်မာနိုင်ငံမှာ ဘာကြောင့် ငလျင် မကြာခဏလှုပ်ရတာပါလဲ။ စစ်ကိုင်းပြတ်ရွေ့ကြောမှာရှိတဲ့ ရန်ကုန်၊ မန္တလေး၊ နိုင်ငံမြောက်ဖျားမှာဆောက်မယ့် မြစ်ဆုံဆည်နဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံအတွက် ငလျင်အန္တရာယ်တွေအကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီနာယက ဒေါက်တာဦးသိန်းကို ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံဟာ သတ္တုသယံဇာတ ပေါကြွယ်တယ်လို့ လူတိုင်းက ပြောပါတယ်။ တကယ် သတ္တု သယံဇာတ ပေါကြွယ်တဲ့ နိုင်ငံ ဟုတ်ပါရဲ့လား။ သတ္တုတူးဖေါ်ရေးနဲ့ ဝန်းကျင်ထိမ်းသိမ်းရေး ဆန့်ကျင်တဲ့ သဘာဝ ၂ ခုကို ဘယ်လို ထိမ်းညှိနိုင် ပါသလဲ။ ဘူမိဗေဒပညာရှင် ဒေါက်တာဦးသိန်း က ပြောပြပေးမှာပါ။
နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးချိန်မျိုးမှာ အာကာသ သိပ္ပံပညာရှင်တွေကလည်း ၂၀၁၇ ခုနှစ်အတွင်း အောင်အောင်မြင်မြင် အဆုံးသတ်လိုက်နိုင်တဲ့ စီမံကိန်းတွေအပေါ် သုံးသပ်ရင်း ၂၀၁၈ မှာ လုပ်ဆောင်မယ့် ထူးခြားတဲ့ စီမံကိန်းတွေနဲ့ အလုပ်တွေများနေကြပါတယ်။ George Putic ရဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်