ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို အထောက်အထား ကပ်ပြားထုတ်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဇွန်လ ၂၁ ရက်နေ့ကစပြီး လုပ်ဆောင်နေရာမှာ အခုဆိုရင် စိစစ်ဖို့ လာရောက်တဲ့ ဒုက္ခသည်က ၄၂၀၀ လောက်ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီကပ်ပြားထုတ်ပေးတဲ့ အစီအစဉ်ကို ၆ လအတွင်း ပြီးအောင် ဆောင်ရွက်ဖို့လည်း စီစဉ်ထားပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မလုံမလောက်ဖြစ်နေရတာဟာ ဘာ့ကြောင့်ပါလဲ။ ဒါကိုဖြေရှင်းဖို့ အတွက် ဘယ်ကစပြီးလုပ်နိုင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းဖြစ်တဲ့ လျှပ်စစ်အင်ဂျင်နီယာ ဦးမော်သာထွေးရဲ့ အမြင်ကို ကြည့်ရအောင်ပါ။
မြန်မာနိုင်ငံမှာ ကောက်ပဲသီးနှံတွေရဲ့ စိုထိုင်းဆကို တိုင်းတာဖို့ နိုင်ငံတကာ အဆင့်မှီ စံနှုန်း သတ်မှတ်နိုင်အောင် လုပ်ဆောင်နေတာတွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်းက ဒေါက်တာမျိုးအောင်ကျော်က ပြောပြပေးမှာပါ။
မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ကို မလေးရှား နိုင်ငံပိုင် 1MDB လုပ်ငန်းကြီးက ဒေါ်လာဘီလီယံနဲ့ချီ ငွေကြေးအလွဲသုံးစားမှုနဲ့ အောက်တရားရုံးက ဗုဒ္ဓဟူးနေ့မှာ တရားဝင် တရားစွဲဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းကတော့ သူ့မှာ အပြစ်မရှိကြောင်း ပြောကြား ခဲ့ပေမယ့် လက်ရှိဝန်ကြီးချုပ်သစ် Mahathir Mohamad ကတော့ သူဟာ 1MDB လုပ်ငန်းကြီးနဲ့ ပတ်သက်ပြီး တာဝန်အပြည့်ရှိကြောင်း ပြောဆိုလိုက်ပါတယ်။
စိုက်ပျိုးရေးမှာ သမရိုးကျ နည်းကို မသုံးပဲ သွင်းအားစု ချွေတာတဲ့ နည်းသစ်ကို သုံးတာကြောင့် ဘယ်လိုအောင်မြင်မှုတွေ ရနိုင်တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ထဲမှာရှိတဲ့ Doi Nang Non တောင်တန်းက အရှည်ဆုံး ကျောက်လှိုင်ဂူထဲမှာ ဆယ်ရက်ကြာ ပျောက်ဆုံးနေ တဲ့ ထိုင်းကျောင်းသား ၁၂ ယောက်နဲ့ နည်းပြတို့ ပါတဲ့ ဘောလုံးအဖွဲ့ကို တနင်္လာနေ့က ပြန်ရှာတွေ့ခဲ့တာကြောင့် တကမ္ဘာလုံးက စောင့်ကြည့်နေသူတွေ ဝမ်းမြောက်ခဲ့ကြရပေမယ့် သူတို့ကို ကယ်ထုတ်နိုင်ဖို့ အခက်အခဲတွေ ရှိနေပြီး မိုးကလည်း ပိုကြီးလာနိုင်တဲ့အတွက် စိုးရိမ်နေရပါတယ်။
ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ခွဲခြားဆက်ဆံတာ အခံရဆုံး ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကပြောပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာရဲ့ လိုအပ်ချက်တွေကို ဆန်းစစ်ဖို့အတွက် မစ္စတာ Guterres ဟာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဇူလိုင်လ ၁ ရက် နဲ့ ၂ ရက်နေ့တွေမှာ သွားရောက်ခဲ့ရာမှာ ကမ္ဘာ့ဘဏ် ဥက္ကဌကလည်း ရိုဟင်ဂျာတွေ အတွက် အမေရိကန် ဒေါ်လာ သန်း ပေါင်း ၄၈၀ ကနဦး ချထားပေးခဲ့ ပါတယ်
မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ ဆိုးဆိုးဝါးဝါးကျူးလွန်သူတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ ဒါမှမဟုတ် ယုံကြည် စိတ်ချရတဲ့ ယန္တရားတခုနဲ့ စုံစမ်းစစ်ဆေး အရေးယူပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကိုယ်စားလှယ်က အကြံပြုတာကို ထောက်ခံကြောင်း Human Rights Watch လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံဟာ စတုရန်းမိုင် ၂ သိန်း ၆သောင်းကျော် ကျယ်ပြီး လူဦးရေက သန်း ၅၀ ကျော်ပါတယ်။ လူဦးရေ ထက်ဝက်ကျော် ၅၁ % ဟာ အသက် ၂၇ နှစ်အောက်ဖြစ်ပြီး ကျယ်ပြောတဲ့မြေနဲ့ အတူ တောင်သူလယ်သမား အများစုရှိတဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေ စိုက်ပျိုးရေးကို စိတ်ဝင်စားလာစေဖို့ ဘာတွေ လုပ်နိုင်တယ် ဆိုတာကြည့်ရအောင်ပါ။
ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုခင်း ဆိုင်ရာရုံး UNODC က ၂၀၁၈- ကမ္ဘာ့မူးယစ်ဆေးဝါ အစီရင်ခံစာ (World Drug Report 2018) ကို ထုတ်ပြန်လိုက်ပြီး ဘိန်းကနေထုတ်တဲ့ ဆေးဝါးတွေနဲ့ ကုတ်ကင်းထုတ်လုပ်မှုဟာ ကမ္ဘာတလွှား သိသိသာသာ တိုးလာနေပြီး လူထုကျန်းမာရေးကို အကြီး အကျယ် ထိခိုက်စေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ် အပါအဝင် လုံခြုံရေး တပ်ဖွဲ့တွေမှာ အကြီးအကဲတွေအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အကြီးတန်း အရာရှိ ၇ ဦးကို EU ဥရောပ သမဂ္ဂ က ဇွန်လ ၂၅ ရက်နေ့မှာ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒေသခံတွေ ဒုက္ခရောက်နေတာဟာ တိုက်ပွဲတွေကြောင့်ဖြစ်ပြီး ဒီတိုက်ပွဲတွေ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းက စစ်တပ်အာဏာပိုင်တွေနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကြိုးကိုင်ထားတဲ့ ကျောက်စိမ်းတူးဖေါ်ရောင်းဝယ်မှုကြောင့် လို့လည်း ပြောပါတယ်။
" ကမ္ဘာတလွှားမှာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် သုံးပုံ ၂ ပုံလောက်ရှိတဲ့ အများဆုံးထွက်ပြေးလာတဲ့ နိုင်ငံက ၅ နိုင်ငံရှိပါတယ်။ အဲဒါတွေကတော့ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်၊ မြန်မာနဲ့ ဆိုမာလီယာ နိုင်ငံတွေ ဖြစ်ပါတယ်။"
အဖမ်းဆီးခံ Reuters သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုကို ဇွန်လ ၁၈ ရက် တနင်္လာနေ့ ၂၇ ကြိမ်မြောက် ရုံးချိန်းမှာ တရားလိုဘက်က နောက်ဆုံး သက်သေကိုစစ်ဆေးခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၂ ရက် မှာတော့ ၂ ဖက် ရှေ့နေတွေက စွဲချက် တင်သင့် မတင်သင့် လျှောက်လဲချက်ပေးပြီး တရားရုံးက ဆုံးဖြတ်ချက်ချတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အကောင်းဆုံးဘောလုံးအသင်းတွေနဲ့ ဘောလုံးပွဲကြည့်ပရိသတ် အားလုံးကိုကြိုဆိုပါတယ်။ ရုရှားကို ရောက်နေတဲ့သူတွေရော၊ နောက်ရောက်လာမယ့် ပရိသတ်တွေကိုရော ဒီနှစ် သမိုင်းဝင် FIFA ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကနေ ကြိုဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ တနင်္ဂနွေနေ့က စပြီး ပထမဆုံး မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ကော့ဇက်ဘဇားမှာ ရှိနေတဲ့ မြန်မာနိုင်ငံကနေ တိမ်းရှောင်လာတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရာသီဥတုဒဏ်ကို အပြင်းအထန်ခံစားနေရတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့က ပြောပါတယ်။ အခုအချိန်အထိ သေဆုံးသူက ကလေးငယ် တဦးအပါအဝင် ၁၂ ဦးရှိပြီဖြစ်ပါတယ်။
အာမေးနီးယားနိုင်ငံ အခြေစိုက် Aurora လူသားချင်းစာနာမှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုတဲ့ အဖွဲ့အစည်းရဲ့ ၂၀၁၈ ခုနှစ်အတွက် လူသားချင်းစာနာမှုဆုကို ဖိနှိပ်ခံရတဲ့ သိန်းနဲ့ချီတဲ့ မူဆလင်တွေ အရေး၊ တရားရေး လမ်းကြောင်းကနေ ခိုင်ခိုင်မာမာ ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံက ရှေ့နေဦးကျော်လှအောင်ကို ချီးမြှင့်လိုက်ပါတယ်။
မြန်မာအစိုးရ၊ UNHCR နဲ့ UNDP တို့ကြား နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့တာအတွက် အတွင်းရေးမှုးချုပ်က ကြိုဆိုပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ သူ့သဘောနဲ့သူ၊ ရေရှည်၊ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိရှိ၊ နေရပ်ပြန်နိုင်ရေးနဲ့ ရခိုင်ပြည်နယ်မှာ သူတို့ဘဝ ပြန်လည်ထူထောင်ရေးတွေ အတွက် အထောက်အကူပေးနိုင်မယ့် အခြေနေကောင်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားခိုင်းစေမှု ၉၀ ရာခိုင်နှုန်း ပပျောက်သွားပြီဖြစ်ကြောင်း ဂျနီဗာ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ ၁၀၇ ကြိမ်မြောက် ILO ညီလာခံမှာ မြန်မာအလုပ်သမား ကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။
ဖမ်းဆီးခံ Reuters သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားခံဘက်က အပြစ်မရှိကြောင်း ပြသဖို့လိုအပ်တဲ့ အချက်အလက်တွေဟာ လက်ကိုင်ဖုန်းတွေထဲမှာ ရှိနေပေမယ့် ဒါတွေဟာ ရဲတွေ တင်ပြတဲ့ထဲမှာ မပါဝင်ဘူးလို့ တရားခံတွေရဲ့ ရှေ့နေတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်