ဒီမှာ ဘယ်သူမှ မရှိပါဘူး။ ဒီပင်လယ်ပြင်ထဲမှာ ဒုက္ခရောက်နေတဲ့ သူတွေကို ရှာဖွေမယ့် NGO တဖွဲ့မှ မရှိပါဘူး။ ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို ရှာဖွေဖို့ ကျမတို့ ဒီကိုရောက်နေတာပါ။
ဒီတပတ်တော့ အာဆင်းနစ် အဆိပ်တွေနဲ့ ညစ်ညမ်းနေတဲ့ ရေကို ရေမှော်သုံးပြီး ဖယ်ရှား သန့်စင်နိုင်တာကို Sweden နိုင်ငံ Stockholm တက္ကသိုလ်က သုတေသန ပညာရှင်တွေ စမ်းသပ်တွေ့ရှိခဲ့တဲ့ အကြောင်း ပြောပြပေးမှာပါ။
ဖမ်းဆီးခံ Reuters သတင်းထောက် ၂ ဦးရဲ့ လက်ကိုင်ဖုန်းတွေထဲမှာ တွေ့ရတဲ့ ပေးပို့စာတွေဟာ လုပ်ကြံပြီး ထည့်သွင်းတာတွေ ဖြစ်နိုင်တယ် လို့ တရားခံတွေ့ရဲ့ ရှေ့နေက ပြောပါတယ်။
ဒီတပတ်တော့ အာကာသအမှိုက်တွေ ကမ္ဘာမြေပေါ်ကို မထင်မှတ်ပဲကျလာရင် ဘယ်သူ့မှာ တာဝန်ရှိတယ်၊ နိုင်ငံတကာမှာ ဘယ်လိုမူတွေ ချပြီး ဖြေရှင်းကြတယ် ဆိုတာတွေကို ပြောပြပေးမှာပါ။
ဒီကနေ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အားထုတ်မှုကတော့ နှစ်ပေါင်း ၇၀ ကြာဖြစ်ပွါးနေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ အဆုံးသတ်ပြီး ရေရှည်ငြိမ်းချမ်းရေး ရအောင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးကတည်းက ဖြစ်ပွါးနေတဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ ဒုက္ခအတော်ခံစားခဲ့ကြရတာပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက မုတ်သုန်ရာသီ မိုးသက်မုန်တိုင်းတွေနဲ့ မြေပြိုမှုဒဏ်ခံနေရသူ ၇ ထောင် ကျော်သွားပြီဖြစ်ပြီး မိုးသည်းထန်မှုကြောင့် ဒုက္ခသည် တသိန်းခွဲရေကြီးရေလျှံတဲ့ အန္တရာယ်နဲ့ ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အာကာသဟင်းလင်းပြင်ထဲမှာ ကမ္ဘာနဲ့ဝေးတဲ့ နေရာက ကြယ်တွေ ဂြိုဟ်တွေကို မျက်စိနဲ့ ရေးရေးမြင်နိုင်ပေမယ့် ကမ္ဘာနဲ့သိပ်မဝေးတဲ့ ကမ္ဘာပတ်လမ်းထဲမှာရှိတဲ့ လူတွေပစ်တင်ထားတဲ့ အမှိုက်တွေကိုတော့ သတိထားမိကြမှာ မဟုတ်ပါဘူး။ အာကာသထဲ အမှိုက်အဖြစ်စုပုံနေတဲ့ စွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်ကို နာဆာက ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံရဲ့ အခြေနေတွေမှာ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဖေါ်ပြပြီး ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု အများအပြား လုပ်ဆောင်ဖို့ မကြာသေးခင်ကပဲ လွှတ်တော်ကနေ အစိုးရအဖွဲ့ကို တင်သွင်းခဲ့ပြီး အဲဒီမှာ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်လာအောင် အရေးယူမှုတွေ ချမှတ်ထားပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် ဒီလအတွင်း စစ်ရှောင်ဒုက္ခသည် ထောင်နဲ့ချီ ရှိလာတာအတွက် အထူးစိုးရိမ်ကြောင်း OHCHR လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ပြောပါတယ်။
ထိန်ပင်အမှိုက်ပုံမီးက သဘာဝဝန်းကျင်ကို ဘယ်အတိုင်းတာအထိ ထိခိုက်စေတယ်၊ ဒီအန္တရာယ်ကို ကာကွယ်ဖို့ ဘာတွေ လုပ်ဆောင်သင့်တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်ရဲ့ Big Island ကျွန်းကြီးမှာရှိတဲ့ Kilauea မီးတောင်ကနေ ပေ၂၀၀ ကျော် အမြင့်ရောက်အောင် ချော်ရည်တွေ ပန်းထွက်နေတာမို့ ဝန်းကျင်နေ ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေပါတယ်။ ဒါပေမယ့် မီးတောင်ရှင်တွေကြား နေထိုင်ကြတဲ့ ဒေသခံတွေကတော့ သိပ်စိုးရိမ်ပုံမရကြပါဘူး။
ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်ရေးတွေအတွက် မရှိမဖြစ်လိုအပ်တာက သတင်းလွတ်လပ်ခွင့်ပါ။ ဒါဟာပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ လူ့ဘောင်အသိုင်းအဝိုင်းအတွက် အရေးပါသလို တာဝန်ခံတာဝန်ယူမှုတွေ ရှိလာအောင်လည်း သတင်းလွတ်လပ်ခွင့်ရှိဖို့ လိုပါတယ်။ ဒါ့အပြင် ဒါဟာ ရေရှည်ဖွံ့ဖြိုးရေးအတွက်ပါ အရေးပါတာပါ။
လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးက ဘယ်လို အန္တရာယ်ပေးနိုင်တယ်၊ မီးလောင်နေတဲ့ နေရာကို ဒေသခံတွေ သွားသင့်မသင့် မီးသတ်သမားတွေအတွက် တာဝန်ရှိသူတွေ ဘာလုပ်ပေးသင့်တယ် ဆိုတာတွေကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့် ကျဆင်းခဲ့တာကို ကျမတို့ သတိပြုမိပါတယ်။ သူ့ရဲ့ ဒီမိုကရေစီနဲ့ မီဒီယာတွေကို ခုခံကာကွယ်ပေးတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးပါ အယုံအကြည်မရှိပဲ ဖြစ်လာတာပါ။
အဖမ်းဆီးခံ ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ အမှုမှာ ဒုရဲမှုး မိုးရန်နိုင်ရဲ့ ထွက်ဆိုချက်ကြောင့် သူတို့ ၂ ဦးမှာ အပစ်မရှိကြောင်း သိသာတဲ့အတွက် စွဲချက်တင်ထားတဲ့ အမှုကို လုံးဝရုတ်သိမ်းသင့်ပြီလို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ပြောပါတယ်။
မြန်မာ့လယ်ယာစိုက်ပျိုးရေးမှာ သမရိုးကျစိုက်ပျိုးတဲ့ပုံစံကနေ ပြောင်းပြီး စက်တွေ၊ ခေတ်မှီနည်းစံနစ် တွေသုံးဖို့ တွန့်ဆုတ်နေသူတွေ အများအပြားရှိပါတယ်။ မြန်မာ့တောင်သူတွေရဲ့ သမရိုးကျ လက်မှုလယ်ယာကို စက်မှုလယ်ယာဖြစ်လာအောင် တနိုင်တပိုင် ကြိုးပမ်းနေသူတွေ ရှိနေတဲ့အကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားနေတာကို ကျွန်တော်တို့ ရှုံ့ချပါတယ်။ သူတို့အပေါ်ကျူးလွန်တဲ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်ဆိုင်းစေဖို့ လုပ်ဖေါ်ကိုင်ဖက်များနဲ့ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။
နိုင်ငံရေးအကျဉ်းသား အားလုံးကို ဘာကြောင့် လွှတ်မပေးနိုင်တာလည်း ဆိုတာ ကျွန်တော်တို့နားမလည်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ သမ္မတ တယောက်အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မပေးပဲ ဘာ့ကြောင့် နဲနဲလေးပဲ လွှတ်ပေးတာပါလဲ။ နောင်မှာ အခုလိုဖမ်းဆီးတာမျိုးတွေ မလုပ်နိုင်အောင်အထိ ဘာကြောင့် မတားဆီးနိုင်တာပါလဲ။ သူတို့ အခုထက်ပိုပြီး လုပ်နိုင်ရက်နဲ့ မလုပ်ပေးတာအတွက် သိပ်ကိုစိတ်ပျက်မိပါတယ်။
မြန်မာနိုင်ငံကို ၆ ရက်ကြာခရီး သွားရောက်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller က မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူညီပေးနိုင်ရေး အခြေနေတွေဟာ မနှစ်ကစပြီး သိသိသာသာ ဆိုးဝါးလာနေတယ်လို့ ပြောကြားခဲ့ပါတယ်။
သင်္ကြန်အခါကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြတဲ့အခါ ရေကိုလိုတာထက်ပိုမဖြုန်းဖို့၊ သင်္ကြန်လည်တဲ့ ကားတွေ စက်အကြာကြီး နှိုးမထားဖို့၊ သင်္ကြန်အမှိုက်တွေနဲ့ ဝန်းကျင်မညစ်ညမ်းစေဖို့ပါ ထည့်ပြီး မစဉ်းစားမှာကို သဘာဝဝန်းကျင် ထိမ်းသိမ်းသူတွေ စိုးရိမ်နေကြတဲ့ အကြောင်း ဒီတပါတ်မှာ ပြောပြပါရစေ။
နောက်ထပ်ကြည့်ရှုရန်