မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်တက်လာတဲ့ အခါ အရင်ကထက်စာရင် အတော်ပြောင်းလဲသွားမယ်လို့ ကျမကရော နိုင်ငံတကာ အသိုင်းအဝိုင်း ကပါ မျှော်လင့်ထား ကြတာပါ။ ဒါပေမယ့် သိပ်ပြောင်းလဲလာတာ မတွေ့ရပါဘူး။
"စိုက်ပျိုးရေး လုပ်သားတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအကြောင်း ကျမ ဦးစားပေးလေ့လာခဲ့ပြီး ဒါကိုအစီရင်ခံစာ တင်သွင်းမှာဖြစ်ပါတယ်။"
သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ရင်းလုံခြုံစိတ်ချစွာ ပြန်နိုင်ရေးအတွက် မြန်မာအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ဝိုင်းဝန်းဖိအားပေးကြဖို့ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ တောင်နဲ့ အလယ်အာရှရေးရာ အမေရိကန်ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice G. Wells ကပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့မှာ သတင်းထောက် Jamal Khashoggi ပျောက်ဆုံးသွားခဲ့တာပါ။ ဒါပေမယ့် အောက်တိုဘာလ ၁၅ ရက် တနင်္လာနေ့ကမှ တူရကီ သေမှုသေခင်းဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေ ဆော်ဒီကောင်စစ်ရုံးထဲ ဝင်ရောက်စစ်ဆေးဖို့ ခွင့်ပြုချက်ရခဲ့ပါတယ်။
ကမ်းရိုးတန်းတိုက်စားမှုကို အကာကွယ်ပေးပြီး ရေသတ္တဝါတွေ ပေါက်ပွါးရှင်သန်ရာ ရပ်ဝန်းကို ဖန်တီးပေးတဲ့ လမုတောတွေ ဆုံးရှုံးတဲ့ အန္တရာယ် ကြုံနေရတဲ့ ကမ္ဘောဒီးယားက နေရာလေး တနေရာ အကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။
လေဆာရောင်ခြည်ရူပဗေဒ ပညာရပ်ဆိုင်ရာ တီထွင်မှုတွေလုပ်ခဲ့ကြတဲ့ အမေရိကန်က Aurthur Ashkin ပြင်သစ်က Gerard Mourou နဲ့ ကနေဒါက Donna Strickland တို့ ၃ ဦးကို ၂၀၁၈ အတွက် ရူပဗေဒနိုဘဲလ်ဆု ချီးမြှင့်လိုက်ပါတယ်။ ဒီတီထွင်မှုတွေက လူသားတွေအတွက် ဘယ်လိုအကျိုးများတယ်ဆိုတာ ရူပဗေဒပညာရှင် ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ နေရပ်ရင်း တရုတ်နိုင်ငံကို ပြန်သွားခဲ့တဲ့ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ Interpol အကြီးအကဲ Meng Hongwei ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တဲ့နောက်မှာ သူ့ကို အဂတိလိုက်စားမှု ရှိခဲ့တယ်ဆိုတဲ့ သံသယနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ တရုတ်အစိုးရက တနင်္ဂနွေနေ့မှာပြောပါတယ်။
လယ်ယာကောက်ပဲသီးနှံတွေ စိုက်ပျိုးထုတ်လုပ်ရာမှာ အထွက်ကောင်းဖို့ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို မြန်မာတောင်သူလယ်သမား အတော်များများ သုံးနေကြပါတယ်။ သဘာဝ မဟုတ်တဲ့ ဓါတုဆေးဝါးတွေသုံးစွဲရာမှာ သတိကြီးကြီးထားဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းက ဒေါက်တာမျိုးအောင်ကျော်က ပြောပြပေးမှာပါ။
အဲဒီနေရာကို လူပေါင်း သိန်းနဲ့ချီပြီး ရောက်လာတာမို့ သူတို့တွေ ထင်းအဖြစ်သုံးဖို့ သစ်ပင်တွေ ခုတ်ရာကနေ မြေဧက အတော်များများ သစ်ပင်မရှိပဲ ဖြစ်သွားတာပါ။ ဒီလို တောပြုန်းတာဟာ အထူးသဖြင့် မုတ်သုန်ရာသီနဲ့ ကြုံရတဲ့အခါ သိပ်ကို အန္တရာယ်ကြီးပါတယ်။ မြေပြိုတာ တောင်ပြိုတာတွေနဲ့ မြေဆီလွှာကို ထိန်းထားမယ့် မြက်မရှိ၊ သစ်ပင်မရှိပဲ ရွှံ့ဖုံးနေတဲ့ တောင်တွေပေါ်မှာ ရာနဲ့ချီတဲ့ တဲလေးတွေ ဒီအတိုင်း ဆောက်ထား ကြတာပါ။ ဒါဟာ တကယ့်ကို ကပ်ဘေးအန္တရာယ် ကောင်းကောင်း ဆိုက်နိုင်တဲ့ အခြေနေပါ။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာဘက်က တင်ရှိမယ့် ကြွေးမြီလျော့နဲအောင် စီမံကိန်းပမာဏကို လျှော့ချနိုင်ခဲ့သလို တရုတ်နဲ့ မြန်မာ ၂ နိုင်ငံရဲ့ ပါဝင်မှုအချိုးအဆ အသစ်နဲ့ ညှိနှိုင်းမှုတွေ လုပ်နိုင်ခဲ့တာမို့ ဒီနှစ်မကုန်ခင်မှာ သဘောတူ လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။
ကျန်းမာရေးအခြေနေ တိုင်းတာတဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေကို ကိုယ်နဲ့မကွာ ဝတ်ဆင်လို့ရတဲ့ ပစ္စည်းတွေအဖြစ်တီထွင်ထုတ်လုပ်ကြရာမှာ သုတေသနပညာရှင်တွေက ဒီကိရိယာတွေရဲ့ အာရုံခံစက်တွေမှာ လိုအပ်တဲ့ စွမ်းအင်ကို ကိုယ်ခန္ဓာအပူရှိန်ကနေ ရယူဖို့ ကြိုးစားနေကြပါတယ်။ Elizabeth Lee ရဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက် ပြောပြပါမယ်။
နယူးယောက်ကုလသမဂ္ဂရုံးချုပ်မှာကျင်းပတဲ့ ၇၃ ကြိမ်မြောက်အထွေထွေညီလာခံမှာဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheik Hasina ကသူ့နိုင်ငံထဲ မြန်မာနိုင်ငံကနေထွက်ပြေးခိုလှုံလာတဲ့ရိုဟင်ဂျာဒုက္ခသည် ပြဿနာကိုတင်ပြခဲ့ပြီးဒါကိုအဆုံးသတ်နိုင်ရေးအချက်၃ ချက်လုပ်ဆောင်ပေးဖို့တနင်္လာနေ့က ပန်ကြားလိုက်ပါတယ်။ ဒေါ်ခင်မျိုးသက် ပြောပြပေးမှာပါ။
နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက သူ့နိုင်ငံထဲ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ဆိုင်ရာ ပြဿနာကို တင်ပြခဲ့ပြီး ဒီပြဿနာ အဆုံးသတ်နိုင်ရေးအတွက် အချက် ၃ ချက်လုပ်ဆောင်ပေးဖို့ ပန်ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရေကြီးမှုအန္တရာယ် ကာကွယ်နိုင်ရေးအတွက် သဘာဝဝန်းကျင်ထိန်းသိမ်းရာမှာ အတူတွဲပြီး လုပ်ဆောင်သင့်တဲ့ R ၃ ခု ထဲက တတိယ R ဖြစ်တဲ့ Reforestation လို့ခေါ်တဲ့ သစ်တောတွေ ပြန်ရှင်သန်လာအောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာကို ထိန်းသိမ်းရေးအင်ဂျင်နီယာ ဦးသိန်းမော် ကပြောပြပေးမှာပါ။
မြန်မာနိုင်ငံရဲ့ ရေကြီးမှုအန္တရာယ် ကာကွယ်နိုင်ရေးအတွက် သဘာဝဝန်းကျင်ထိန်းသိမ်းဖို့ ထိန်းသိမ်းရေး အင်ဂျင်နီယာ ဦးသိန်းမော် တင်ပြခဲ့တဲ့ အတူတွဲလုပ်ဆောင်သင့်တဲ့ R ၃ ခု ထဲက ဒုတိယ R ဖြစ်တဲ့ Room for the river လို့ခေါ်တဲ့ မြစ်ကြောင်းတွေ အတွက် နေရာပေးဖို့ ဘယ်လို လုပ်သင့်တယ် ဆိုတာကို ဒီတပတ် ပြောပြပေးမှာပါ။
၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီး ကျင်းပဖို့ နီးလာချိန်မှာပဲ ရခိုင်ပြည်နယ်တွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ ထောင်ဒဏ်ပြစ်ဒဏ် ၇ နှစ်စီ ကျခံနေရတဲ့ Reuters သတင်းထောက် ၂ ယောက်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် အမေရိကန်အောက်လွှတ်တော်အမတ် ၈၀ ကျော်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကို စာရေးသားတောင်းဆိုလိုက်ပါတယ်။
ရေကြီးမှုဒဏ်ဆိုးဆိုးဝါးဝါး ခံရလေ့ရှိတဲ့ မြန်မာနိုင်ငံအတွက် သဘာဝဝန်းကျင်ထိန်းသိမ်းဖို့ လုပ်ဆောင်ရာမှာ အရေးပါတဲ့ R ၃ ခုထဲက ပထမဆုံး R ဖြစ်တဲ့ Rain Water Harvesting လို့ခေါ်တဲ့ မိုးရေကို ရအောင်ယူပြီး ဘယ်လို ထိန်းချုပ်နိုင်တယ်ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။
ဒီအဖွဲ့ထဲက ပုဂ္ဂိုလ်တွေဟာ သိပ်ကို သြဇာကြီးတဲ့သူတွေမို့ သူတို့ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက သေသေချာချာ နားထောင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ နှစ်ပေါင်းများစွာ သူတို့ကို အထောက်အကူ ပေးခဲ့သူတွေပါ။
အမေရိကန်ပြည်ထောင်စု အရှေ့တောင်ဘက်အခြမ်းမှာ ပြင်းအား အဆင့် ၄ ရှိတဲ့ Florence ဟာရီကိန်းမုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ပြည်နယ် ၃ ခုဖြစ်တဲ့ Virginia၊ တောင်နဲ့ မြောက် ကာရိုလိုင်းနား ပြည်နယ်တွေမှာ အရေးပေါ် အခြေနေတွေ ထုတ်ပြန်ထားပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ လူ့အခွင့်ရေးကောင်စီအဖွဲ့ဝင်တွေရဲ့ ကြိုးစားမှုကို ကုလလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအသစ်က ကြိုဆိုကြောင်း ကုလသမဂ္ဂလူ့အခွင့်ရေး ကောင်စီ ၃၉ ကြိမ်မြောက်ညီလာခံမှာ ပြောကြားလိုက်သလို၊ ဒီစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး ကုလသမဂ္ဂ အထွေထွေညီလာခံကနေ တင်ပြနိုင်ဖို့ လူ့အခွင့်ရေးကောင်စီကနေ ဆုံးဖြတ်ချက် တရပ်ချမှတ်ဖို့ပါ တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်