ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဖေ့စ်ဘုတ် အနေနဲ့ မြန်မာပြည်မှာ ဖွင့်ထားတဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့ အကောင့် ၅၈ ခုတို့ကို ပိတ်ပစ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ အများအပြားက သတင်းဌာနတွေ အဖြစ်နဲ့ အယောင်ဆောင် ထားတာ တွေ့ရပါတယ်။
၂၀၁၈ ဟာ မြန်မာနိုင်ငံတလွှား ရေကြီးမှုဒဏ်ကို ပိုပြီး ခံစားကြရတဲ့နှစ်ပါ။ အခုလို ခံစားရတာဟာ သဘာဝဝန်းကျင် ထိန်းသိမ်းမှုနဲ့ ဘယ်လိုဆက်နွယ်နေပါသလဲ။ ထိန်းသိမ်းရေး အင်ဂျင်နီယာ ဦးသိန်းမော်ရဲ့ အမြင်ကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
မြန်မာနိုင်ငံက ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချလိုက်တယ်လို့ ဒီမနက်မှာ သိလိုက်ရတော့ ကျမ သိပ်ကို တုန်လှုပ်သွားပါတယ်။ သူတို့တွေ ပေးတဲ့ သတင်းဟာ လူအစုလိုက်အသတ်ခံရတဲ့ သတင်းမို့ လူထုစိတ်ဝင်စားမယ့် သတင်းလို့ ကျမတို့ ယုံကြည်သလို အခု တရားရေး လုပ်ငန်းစဉ်မှာ လုပ်ထုံးလုပ်နည်းနဲ့မညီတဲ့ ချို့ယွင်းချက် အတော်များများ ရှိနေမယ်လို့ ထင်တဲ့အတွက် ဒီသတင်းထောက်တွေကို အတတ်နိုင်ဆုံး အမြန်ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို ကျမတောင်းဆိုပါတယ်။
NASA အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့က ၂၀၁၈ သြဂုတ်လ ၁၂ ရက်နေ့မှာ လွှတ်တင်လိုက်တဲ့ အာကာသစူးစမ်းရေးယာဉ်ကို အပူရှိန် သိပ်ပြင်းတဲ့ နေနားအရောက်သွားပြီး အနီးကပ်လေ့လာ နိုင်ဖို့ ဘယ်လို ကြံဆထားပါသလဲ။ နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အင်္ဂါနေ့ကကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအရေး တံခါးဖွင့်ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guetrrus က ရခိုင်ပြည်နယ်ထဲကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ သွားရောက်နိုင်ဖို့ သိပ်ကိုအရေးကြီးကြောင်းနဲ့ ဒုက္ခသည်တွေ ကူညီရေး အတွက် ရန်ပုံငွေတွေလိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်အကြီးအကဲ ၅ ဦးကို နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ စုံစမ်း စစ်ဆေး အရေးယူဖို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်တဲ့ အပေါ် ဗြိတိန်အစိုးရတာဝန်ရှိသူတွေက ကြိုဆိုလိုက်သလို ရက်စက်တဲ့လုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေကို တရားဥပဒေအရ အပြစ်ပေး အရေးယူနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမြန် လုပ်ဆောင်ဖို့ လူ့အခွင့်ရေး အဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။
NASA အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့က ၂၀၁၈ သြဂုတ်လ ၁၂ ရက်နေ့မှာ နေကို အနီးကပ်လေ့လာဖို့ အာကာသစူးစမ်းရေးယာဉ် တစင်းလွှတ်တင်လိုက်ပါတယ်။ ဘာ့ကြောင့် နေကို စူးစမ်းချင်တာပါလဲ။ နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ။
မြန်မာအစိုးရနဲ့ ကုလတို့ကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင် ခဲ့ပေမယ့် သိသာတဲ့ တိုးတက်မှုရစေဖို့ ဆိုရင် အဲဒီဒေသတွေဆီ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ထိထိရောက်ရောက် သွားပြီးကူညီခွင့်တွေ ပေးဖို့ အရေးတကြီးလိုအပ် နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး ကပြောပါတယ်။ ဒါ့အပြင် လွတ်လပ်စွာသွားလာခွင့်တွေ၊ လုံခြုံစိတ်ချရမှုတွေနဲ့ အသိုင်းအဝိုင်း အားလုံးအတွက် နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ တွေ အပါအဝင် ပြဿနာ ဖြစ်ပွါးရတဲ့ အကြောင်းရင်းတွေကို ထုတ်ဖေါ်ပြောဆိုဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အသက် ၈၀ ရှိပြီဖြစ်တဲ့ ဒေါက်တာ Kofi Annan ဟာ သြဂုတ်လ ၁၈ ရက် စနေနေ့မှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့တဲ့ အတွက် ကမ္ဘာတဝှမ်း ဝမ်းနဲပူဆွေးနေကြချိန်မှာပဲ မြန်မာနိုင်ငံအတွက် ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌအဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာ ကိုဖီအာနန် ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူနိုင်ငံ မူဝါဒဆိုင်ရာ ဟောပြောပွဲမှာ မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါတယ်။
အဖမ်းခံနေရတဲ့ Reuters က မြန်မာသတင်းထောက် ၂ ဦးရဲ့ အမှုမှာ တရားဥပဒေအရ မှန်မှန်ကန်ကန် ဖြစ်စေရမယ်၊ ဘယ်သူမှ ဥပဒေအထက်မှာ မရှိစေရဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။ တရားရုံး သက်သေ အထောက်ထားတွေအရ သူတို့ ၂ ဦးမှာ အပြစ်မရှိဘူး ဆိုတာ ရှင်းနေတာမို့ လာမယ့် သီတင်းပတ်ထဲ အပြီးသတ်စီရင်ချက် ချတဲ့အခါ တရားသေလွှတ်ပေးမယ်လို့ မျှော်လင့်ထားကြောင်း CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကရော AHRC အာရှလူ့အခွင့်ရေးအဖွဲ့ကပါ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရေအားကနေ လျှပ်စစ်ထုတ်ယူနိုင်ပေမယ့် အခုထိ ဖူလုံအောင်မလုပ်နိုင်သေးပါဘူး။ ဒါ့ကြောင့် တခြားပြန်ပြည့်မြဲစွမ်းအင်တွေ ဖြစ်တဲ့ လေနဲ့ နေစွမ်းအင်ကို သုံးမယ် ဆိုရင် အခြေနေဘယ်လို ရှိတယ် ဆိုတာကို စွမ်းအင်ဌာန ဒုဝန်ကြီးဟောင်း အင်ဂျင်နီယာ ဦးမော်သာထွေးက ပြောပြပေးမှာပါ
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာက ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ အင်္ဂါနေ့ ဘာလီမှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ဘာလီလုပ်ငန်းစဉ်ရဲ့ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အာရှပစိဖိတ် ဒေသတွင်းအစိုးရတွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေကို ပန်ကြားလိုက်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူမနေတဲ့ ကျွန်းငယ်လေး တခုကို ရွှေ့ပြောင်းမယ့် ဘင်္ဂလားဒေရှ့် အစိုးရရဲ့ အစီအစဉ်ကို ပြန်လည် သုံးသပ်ဖို့ နယူးရောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေးအဖွဲ့က သြဂုတ်လ ၅ ရက်နေ့မှာ စာမျက်နှာ ၆၈ မျက်နှာပါ အစီရင်ခံစာ တစောင် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ဖို့ ကြိုးစားသူတွေနဲ့ သဘာဝ ဝန်းကျင်ကာကွယ်ရေး အတွက် ကြိုးစားသူတွေကြား အခြေအတင်ဖြစ်နေတဲ့ထဲ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားထုတ်လုပ်မှုလည်း ပါပါတယ်။ ဒီပြဿနာအတွက် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းဖြစ်တဲ့ အင်ဂျင်နီယာ ဦးမော်သာထွေးရဲ့ အမြင်ကိုကြည့်ရအောင်ပါ။
ဒီတပတ်တော့ မြန်မာနိုင်ငံက မြို့ကြီးတွေမှာ ရေကြီးတဲ့အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ဘာတွေ လုပ်ဆောင်နိုင်တယ် ဆိုတာတွေကို ပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ မုတ်သုန်ရာသီရောက်တိုင်း ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ကြုံနေရတာကို ကာကွယ်နိုင်ဖို့အတွက် ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စု တက်စ်စက်စ် ပြည်နယ်က သဘာဝဝန်းကျင် ဆိုင်ရာ အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
ပထမဦးဆုံး အနေနဲ့ လုံခြုံရေးကောင်စီက သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တံခါးဖွင့် ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအချိန်ဟာ ရိုဟင်ဂျာ ပဋိပက္ခ ဖြစ်ပွါးခဲ့တဲ့ တနှစ်ပြည့်လည်း ဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီကနေ ဒီနှစ်စောစောပိုင်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်က လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ တစည်းတလုံးတည်း ရှိကြပါတယ်။ ဒါ့ကြောင့်လည်း ဒီအရေးကို လုံခြုံရေး ကောင်စီရဲ့ ဆွေးနွေးပွဲ အစီအစဉ်ရဲ့ ထိပ်ဆုံးမှာ ဦးစားပေးလိုတာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၄ ဦးပါ လွတ်လပ်သော စုံစမ်းရေးကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးကကြေညာပါတယ်။ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်တွင်းပြည်ပက ဝါရင့်ပုဂ္ဂိုလ်တွေ ဥပဒေ ပညာရှင်တွေနဲ့ ဖွဲ့စည်းလိုက်တာမို့ ရခိုင်ပြဿနာအတွက် ကောင်းကောင်း ဖြေရှင်းနိုင်မယ်လို့ သုံးသပ်သူတွေ ရှိသလို၊ အစိုးရထက် စစ်တပ်က အာဏာရှိနေတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ စုံစမ်းမှုမျိုး မရနိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ စုံစမ်းမှုမျိုး ဖြစ်မလာနိုင်ဖူးလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။
လျှပ်စစ်အား လုံလုံလောက်လောက် မရတဲ့ မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓါတ်အား ဖူလုံဖို့ ကြိုးစားရာမှာ အမာခံအဖြစ်ထားနိုင်မယ့် ရေအားသုံး လျှပ်စစ် ထုတ်လုပ်နိုင်တဲ့ အခြေနေကို စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းဖြစ်တဲ့ အင်ဂျင်နီယာ ဦးမော်သာထွေးက ပြောပြပေးမှာပါ။
ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ စတင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီတခါ အစည်းအဝေးရဲ့ ထူးခြားချက်က NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေကိုပါ တက်ရောက်ဖို့ ဖိတ်ကြားထားတာ ဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အပါအဝင် နယ်ပယ်စုံက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်