ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၁၆ ရက်နေ့က အစိုးရဝန်ကြီးများအဖွဲ့သစ်ဟာ ထိုင်းဘုရင့်ရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၅၀ တုန်းက လူသားတွေ လကမ္ဘာပေါ်မှာ ခြေချနိုင်ဖို့ အဓိက သယ်ယူပို့ဆောင် ပေးခဲ့တဲ့ Apollo အာကာသယာဉ် အကြောင်း ဒီတပတ်မှာ ပြောပြပေးမှာပါ။
ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီးဘောလုံး ဗိုလ်လုပွဲမှာ အနိုင်ရပြီး စတုထ္ထအကြိမ်မြောက် ကမ္ဘာ့ဖလားဆွတ်ခူးလာတဲ့ အမေရိကန်အမျိုးသမီး ဘောလုံးအသင်းကို ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့မှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ကိုထောက်ခံကြောင်း ဗြိတိန်က ပြောဆိုခဲ့တဲ့နောက် ဗြိတိန်ဟာ ထင်ထင်ပေါ်ပေါ် ကြားဝင်နှောက်ယှက် နေတယ်လို့ တရုတ်အစိုးရက စွပ်စွဲလိုက်ပါတယ်။
U-Dream Global အဖွဲ့ကြီးက ဆယ်ကျော်သက်ကျောင်းသားလေးတွေက တောင်အာဖရိကတိုက် တောင်ဘက်စွန်းကနေ မြောက်ဘက် အစွန်းကို ကိုယ်ဆောက်တဲ့လေယာဉ်နဲ့ ကိုယ်တိုင်မောင်းပြီး ကျော်ဖြတ်ဖို့ ကြိုးစားကြတဲ့အကြောင်း ပြောပြပေးမှာပါ။
သမ္မတ Donald Trump ဟာ ၂၀၁၇ ဇူလိုင်လ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Bastille Day ပြင်သစ်အမျိုးသားနေ့ စစ်ရေးပြ အခန်းအနားကို တက်ရောက် ခဲ့ပြီးကတည်းက အမေရိကန်နိုင်ငံမှာလည်း ခမ်းနားကြီးကျယ်တဲ့ စစ်ရေးပြ အခန်းအနားတွေ လုပ်ချင်နေတာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ တနင်္ဂနွေနေ့က တတိယအကြိမ် တွေ့ဆုံမှု အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် Antonio Guterres က ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်တော့ တနိုင်တပိုင် ဆိုလာစွမ်းအင် ထုတ်တဲ့ Stand - Alone Solar စံနစ်နဲ့ လျှပ်စစ်ဓါတ်အားထုတ်တဲ့အကြောင်း ပြောပြပါရစေ။
အမေရိကန်သမ္မတ Donald Trump ဟာ G-20 စက်မှုထိပ်သီး နိုင်ငံ ၂၀ ခေါင်းဆောင်တွေရဲ့ အစည်းအဝေး ကို တက်ရောက်ဖို့ ဂျပန်နိုင်ငံ အိုဆာကာ မြို့ကို ရောက်ရှိနေပါပြီ။
Lowy နိုင်ငံခြား မူဝါဒရေးရာသိပ္ပံက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဆိုရင်တော့ သြစတေးလျ နိုင်ငံရဲ့ စီးပွါးရေးဟာ တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရသလို သူတို့နိုင်ငံထဲမှာလည်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက သိပ်များနေတယ်လို့ သြစတေးလျ နိုင်ငံသား အများအပြားက ယုံကြည်ကြောင်း ပြသနေ ပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတလွှား သေဆုံးရသူ နှစ်စဉ် သန်းနဲ့ချီရှိနေချိန်မှာ မြန်မာနိုင်ငံအတွက် လေထုညစ်ညမ်းမှုတွေ လျှော့ချဖို့ ဘယ်လိုလုပ်နိုင်တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။
မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဇီဝမျိုးစိတ်ပေါင်းက ကမ္ဘာတလွှားမှာ တသန်းလောက် ရှိနေပြီး မြန်မာနိုင်ငံမှာတော့ ၃ ရာကျော်ရှိနေပါတယ်။ ဒီအန္တရာယ်ဟာ လူသားတွေကြောင့် ဖြစ်လာရတယ်ဆိုတာနဲ့ ဘယ်လိုကာကွယ်နိုင်တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။
တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်နဲ့ပိုင်နက်အငြင်းပွားနေတဲ့ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံ ၃ နိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံ ၄ နိုင်ငံကို ScanEagle ဒရုန်းယာဉ် အစင်း ၃၀ ကျော်ရောင်းချခွင့် Insitu Inc ကုမ္ပဏီကို အမေရိကန်ကာကွယ်ရေးဌာနက ခွင့်ပြုလိုက်ပါတယ်။
လူငယ်အများစုက ဆူညံသံတွေနဲ့ ပျော်ပွဲဆင်ဖို့ ကြိုးစားလေ့ရှိတာမို့ ဒီတပတ်တော့ ဆူညံသံနဲ့ ပတ်သက်တဲ့ သိကောင်းစရာလေးတွေကို ပြောပြပေးပါရစေ။ ကားနဲ့မော်တော်ဆိုင်ကယ်တွေမှာ ဆူညံအိပ်ဇောတွေ တပ်ဆင်ပြီး မမောင်းအောင် စစ်ကိုင်းမြို့မှာစပြီး လုပ်ဆောင်နေပါပြီ။
ပထမပိုင်းက ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောက်ယှက်ဖို့ ကြိုးစားမှုတွေနဲ့ ပတ်သက်ပြီး သေသေချာချာ ဖေါ်ပြထားတာ ဖြစ်ကြောင်းလည်း Mueller ကပြောပါတယ်။
နက္ခတ္တဗေဒ ဆိုင်ရာ ရူပဗေဒပညာရပ်မှာ ထူးခြားတဲ့ အောင်မြင်မှုအဖြစ် ကမ္ဘာကနေ အလင်းနှစ် သန်းပေါင်း ၅၀ လောက်အကွာမှာရှိတဲ့ black hole လို့ခေါ်တဲ့ တွင်းနက်ကြီးရဲ့ ဓါတ်ပုံကို နိုင်ငံတကာသိပ္ပံပညာရှင်တွေပါဝင်တဲ့အဖွဲ့က ပထမဆုံး ပြသနိုင်ပြီဖြစ်ပါတယ်။
ဇင်ဘာဘွေ နိုင်ငံရဲ့ မြို့တော် Harare မြောက်ဘက်မှာရှိတဲ့ ရွာမှာ တရုတ်ကုမ္ပဏီတခုက ကျောက်မိုင်းတူးဖို့ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်မှာကို ဒေသခံရွာသားတွေက ကန့်ကွက်နေကြပါတယ်။ တရုတ်ကုမ္မဏီကတော့ ကန့်ကွက်ပြောဆိုတာတွေကို Columbus Mavhunga ပေးပို့တဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ကုလသမဂ္ဂ အရေးပေါ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်၊ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်း ဖြစ်တဲ့ Ursula Mueller ရဲ့ သီတင်းတပတ်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ မေလ ၉ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူတသိန်းကျော် သေဆုံးခဲ့ရတဲ့ နာဂစ် ၁၁ နှစ်မြောက်မှာ အိန္ဒိယမှာ Fani မုန်တိုင်းရဲ့ ခြိမ်းခြောက်မှု အန္တရာယ် ကြုံခဲ့ရတာ ဖြစ်ပြီး ဒီမုန်တိုင်းကြောင့် လူအသေအပျောက် နဲနိုင်သမျှနဲအောင် ဘယ်လိုကြိုတင် ပြင်ဆင်ခဲ့ကြတယ် ဆိုတာကို တင်ပြထားပါတယ်။
ထိုင်းနိုင်ငံ မဲဆိုင်က Tham Luang လှိုဏ်ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံး အသင်းသား ၁၂ ယောက်နဲ့ သူတို့ရဲ့နည်းပြဆရာကို ကယ်တင်ခဲ့တဲ့ ကမ္ဘာကျော် ဖြစ်ရပ်မှန် ဇာတ်လမ်းကို နာမည်ကြီး "Crazy Rich Asians" ရုပ်ရှင်ထုတ်လုပ်တဲ့ SK GLOBAL ကုမ္ပဏီက Netflix နဲ့ လက်တွဲပြီး ရုပ်ရှင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်