ရန်ကုန်လူထု ထက်ဝက်လောက် မှီခိုသုံးစွဲနေရတဲ့ မြေအောက်ရေ အရင်းအမြစ်ဖြစ်တဲ့ ရေချိုစိမ့်ဝင်နှုန်း ကျလာတာနဲ့အတူ ရေငံတွေ ဝင်လာလို့ ပျက်သွားတဲ့ တွင်းတွေ များလာနေပါတယ်
လူသားတွေရဲ့ လူနေမှုဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တဲ့ လစ်သီယံ အိုင်းရွန်း Lithium-ion ဘက်ထရီ တီထွင်သူ သိပ္ပံပညာရှင် ၃ ဦးကို ၂၀၁၉ အတွက် ဓါတုဗေဒ နိုဘယ်လ်ဆု ပေးအပ်လိုက်ပါတယ်။
အိန္ဒိယ ထိန်းချုပ်ထားတဲ့ Kashmir နယ်ထဲမှာ ဖိနှိပ်မှုတွေ ဆက်ပြီးရှိနေတဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက ရှုတ်ချလိုက်ပြီး ဒီဒေသတွင်းနေထိုင်တဲ့ သန်းနဲ့ချီတဲ့ မွတ်ဆလင်ဒေသခံတွေ ဆီက သြဂုတ်လထဲမှာ ရုပ်သိမ်းခဲ့တဲ့ အခွင့်ရေးတွေကို ပြန်လည်ပေးအပ်ဖို့ အိန္ဒိယအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်မြို့နေလူပေါင်း ၆ သန်းကျော်ထဲမှာ မြေအောက်ရေကို သုံးစွဲနေသူက ထက်ဝက်လောက် ရှိပါတယ်။ မြို့ချဲ့တာတွေနဲ့အတူ လူဦးရေကလည်း တိုးလာနေတာကြောင့် ရေရှည်အတွက် ရန်ကုန်မြို့ရဲ့ မြေအောက်ရေ အခြေအနေကို တင်ပြပေးမှာပါ။
ဆီးရီးယားအရှေ့မြောက်ပိုင်းမှာ Kurds တွေကို တိုက်ခိုက်နေတဲ့ တူရကီတွေ အပစ်အခတ်ရပ်စဲဖို့ အမေရိကန်နဲ့ တူရကီတို့ သဘောတူညီမှုရပြီလို့ တူရကီကို ရောက်နေတဲ့ အမေရိကန် ဒုသမ္မတ Mike Pence က ကြေညာလိုက်ပါတယ်။
၂၀၁၉ ခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆုကို စကြဝဠာ ဖြစ်တည်မှုဆိုင်ရာ သီအိုရီ ဖေါ်ထုတ်တဲ့ James Peebles နဲ့ မြေကမ္ဘာကြီးရှိနေတဲ့ နေစကြာဝဠာကို တခြားစကြာဝဠာတွေက ပတ်နေတယ်ဆိုတာကို တွေ့ရှိခဲ့တဲ့ Michel Mayor နဲ့ Didier Queloz တို့ကို ပေးအပ်ဖို့ ဆုံးဖြတ်ပါတယ်။”
ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့အနှစ် ၆၀ ကျော်က လူပေါင်း ၁၂၀၀ ကျော်သေဆုံးခဲ့ရတဲ့ အားပြင်းမုန်တိုင်းနဲ့ ဆင်တဲ့ တိုင်ဖုန်းမုန်တိုင်း Hagibis ဟာ တိုကျိုမြို့တော် အပါအဝင် မြန်မာအများစု နေထိုင်ရာ အရှေ့ဖက်ခြမ်းဒေသကို ဒီကနေ့ စနေနေ့ မနက်ပိုင်းမှာ ဝင်ရောက်မှာ ဖြစ်ပါတယ်။
ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ တူရကီရဲ့ စစ်ရေးကျူးကျော်သိမ်းပိုက်မှုတွေ ကျယ်ပြန့်လာတာနဲ့အတူ ဒေသခံတွေဟာ ထရပ်ကားတွေ၊ လယ်ယာသုံးကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ဘေးလွတ်ရာ အသဲအသန်ထွက်ပြေးကြရတာကြောင့် ဒေသတွင်းဒုက္ခသည်တွေနဲ့ ပြည့်လာသလို လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်စရာလည်းတိုးလာနေပါတယ်။
မြေအောက်ရေကို အားထားနေရတဲ့ ဒီဒေသခံတွေအတွက် ဘာတွေလုပ်သင့်တယ်ဆိုတာကို မြန်မာနိုင်ငံ ရေအရင်းအမြစ် ကော်မတီ NWRC ရဲ့ မြေအောက်ရေဆိုင်ရာ အကြံပေး ဦးမြင့်သိန်းက ပြောပြပေးမှာပါ။
Kyrgyzstan နိုင်ငံထဲမှာ နိုင်ငံမဲ့ဖြစ်နေသူ လုံးဝမရှိရေး အတွက် တရားရေးအရ အကူညီပေးနေတဲ့ လူ့အခွင့်ရေးရှေ့နေ အဇစ်ဘက် အရှူရော့ဗ် (Azizbek Ashurov) ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ၂၀၁၉ ခုနှစ်အတွက် Nansen ဒုက္ခသည်ဆိုင်ရာဆု ချီးမြှင့် လိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ အတူယှဉ်တွဲနေထိုင်နိုင်အောင် လုပ်ပေးဖို့ဆန္ဒ မြန်မာအစိုးရမှာရှိကြောင်း ပြသဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ပန်ကြားလိုက်ပါတယ်။ ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းစွာနဲ့ ရေရှည်အတွက် ဖြေရှင်းဖို့ အချက် ၄ ချက်ကိုလည်း ကုလအထွေထွေညီလာခံ မှာ တင်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရတို့ရဲ့ ဒုတိယအကြိမ် ကြိုးပမ်းမှုတွေ မအောင်မမြင်ဖြစ်ခဲ့ရတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ အခုလို ဌာနေပြန်ရေး အစီအစဉ်အပေါ် ယုံကြည်မှုတွေ လျော့နည်း လာနေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ဥတုရာသီဖေါက်ပြန် ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ IPCC က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ကမ္ဘာတလွှား ဥတုရာသီ ဖေါက်ပြန်မှုဟာ သမုဒ္ဒရာတွေ၊ ရေခဲပြင်နဲ့ တခြား ရေခဲနေတဲ့ မျက်နှာပြင်တွေ အပေါ် သိသာတဲ့ သက်ရောက်မှုနဲ့ အပြောင်းအလဲတွေ ဖြစ်စေတယ်လို့ ဖေါ်ပြထားပါတယ်။
ကမ္ဘာတလွှား မြို့ကြီးတွေမှာ မြို့ချဲ့တဲ့အခါ ဘေးဝန်းကျင်ကို ချဲ့လေ့ရှိကြပေမယ့် စင်္ကာပူမှာတော့ ဘေးကိုချဲ့စရာ မရှိတော့တဲ့အတွက် မြေအောက်ကိုတူးဖေါ်ပြီး အသုံးချဖို့ ကြိုးစားနေကြတာပါ။ စင်္ကာပူမှာ မြေအောက်ကိုချဲ့ဖို့ ဘယ်လိုလုပ်နေတယ် ဆိုတာ ဒီတပတ်မှာ ပြောပြပေးမှာပါ။
ရန်ကုန်တိုင်းလောက်ပဲ ကျယ်ဝန်းတဲ့ စင်္ကာပူမှာ ဥမင်လှိုဏ်ခေါင်းတွေတူးပြီး အဝေးပြေးလမ်းတွေ ရထားလမ်းတွေဖေါက်၊ သိုလှောင်ကန်တွေ shopping mall တွေဆောက်ပြီး မြေအောက်ဧရိယာကို အကောင်းဆုံး အသုံးချဖို့ ကြိုးစားနေကြတာပါ။
ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ လောက် ပိုပြီး ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် မျိုးဆက်တဆက်လောက်အတွင်း ငှက်ဖျား မျိုးပြုတ်သွားနိုင်တယ်လို့ Lancet ဆေးပညာစာစောင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Henry Ridgwell ပေးပို့တဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ မြေအောက်ကျွံကျနေတဲ့ (sinking) မြို့တွေထဲက ကျွံကျနှုန်း အမြန်ဆုံးမြို့တမြို့အဖြစ် World Economic Forum က သတ်မှတ်ထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာကို တည်ငြိမ်တဲ့မြေပြင်ရှိရာ အရှေ့ပိုင်းက ဘော်နီယိုကျွန်းဘက်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
MyanmarSat 2 ပါဝင်တဲ့ Intelsat-39 ဂြိုဟ်တုကို ၂၀၁၉ သြဂုတ်လ ၇ ရက်မှာ ကမ္ဘာပတ်လမ်းထဲ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒီဆက်သွယ်ရေးဂြိုဟ်တုရဲ့ အလုပ်လုပ်ပုံကို နာဆာ သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံ ဆက်သွယ်ရေးအတွက် ဂြိုဟ်တုဆက်သွယ်ရေးကွန်ယက်ကို နိုင်ငံပေါင်းစုံကနေ တနှစ် အမေရိကန်ဒေါ်လာ ဆယ်သန်းကျော်ပေးပြီး ငှါးရမ်း အသုံးပြုနေရာကနေ အခု ပြင်သစ်အခြေစိုက် Intelsat ကုမ္ပဏီကို ၁၅ နှစ်အတွက် ဒေါ်လာ ၁၅၅ သန်းကျော်ပေးပြီး MyanmarSat 2 ကို ၂၀၁၉ အောက်တိုဘာလမှာ စတင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ဆီကို ဦးတည်ပြီး လာနေတဲ့ Dorian ဟာရီကိန်းမုန်တိုင်းဟာ သောကြာနေ့ မှာ Bahamas ကျွန်းစု အနောက်မြောက်ပိုင်းကို ရွေ့လျားသွားနေပြီး ပြင်းအားအဆင့် ၃ လောက်အထိရှိလာတဲ့ အတွက် အန္တရာယ်အလွန်ကြီးတဲ့ အနေထားကို ရောက်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်