စစ်အုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲကောက်နှုတ်ချက် (၀၄-၀၉ -၂၀၂၁)
"အခုကျန်ခဲ့တဲ့အမှုတွေရော၊ ထပ်ပြီးတော့ ဖမ်းဆီးထားတဲ့သူတွေရော အများစုကတော့ ပုဒ်မ ၅၀၅ - က နဲ့ တပ်ပါတယ် ဆရာမ။ အခုလက်ရှိတော့ အဲ့ဒီလူတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတာပါ။ မရှိတဲ့သူတွေကိုလည်း ဘယ်မှာရှိနိုင်မလဲ ဆိုတဲ့ သတင်းအချက်အလက်တွေကို ကျမတို့ ရှာပေးတယ်။" တရားလွှတ်တော်ရှေ့နေ ဒေါ်သွယ်သွယ်စိုး
အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ မြန်မာပြည်တွင်းက ပြည်သူတွေ အတွက် ပြည်ပရောက် မြန်မာတွေ ဘာတွေ လှုပ်ရှား ဆောင်ရွက်နေကြတာပါလဲ။ ဘယ်လို ကူညီထောက်ပံပေးတာတွေ ရှိနေတာပါလဲ။
စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြလို့ ဖြူးမြို့မှာ ၂၅ ရက်နေ့က ရိုက်နှက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာတွေနဲ့ပဲ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရတဲ့ လူငယ်တက်ကြွလှုပ်ရှားသူ ကိုရဲ (ခေါ်) ကိုနေရဲကျော်နဲ့ပတ်သက်လို့ ဒီကနေ့အထိ ဘယ်နေရာမှာ ချုပ်နှောင်ထားပြီး ဘယ်လို အခြေအနေရှိတယ်ဆိုတာ မသိရဘူးလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
“သေချာတာကတော့ ညီမတို့ အနောက်ကိုပြန်မလှည့်ချင်ဘူး။ ညီမတို့ ပိုကောင်းတဲ့ အနာဂတ်ကိုပဲ သွားချင်ပါတယ်။ ပိုကောင်းတဲ့ နိုင်ငံရေး အခင်းအကျင်းကိုပဲ သွားချင်တယ်။ စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီကိုပဲ ညီမတို့ လိုချင်ပါတယ်။” - လူငယ် တက်ကြွလှုပ်ရှားသူ မဝတ်ရည်မောင်။
“အဖေ့ကို သေနတ်ဒင်တွေနဲ့ ခေါင်းတွေ ကျောကုန်းတွေကို ထုတယ်။ ထုပြီးတော့မှ လက်ပြန်ကြိုး တုတ်လိုက်ပြီး အဖေ့ကို ခေါ်သွားတယ်။” - မဝတ်ရည်မောင်
"ဒီဆုနဲ့ပတ်သက်ပြီး အမြဲတမ်း ကျမ စိတ်ထဲမှာ ထား ထားတာက ဒါက မြန်မာပြည် ဒီမိုကရေစီရေးတိုက်ပွဲတွေမှာ ပါဝင်တဲ့ အမျိုးသမီးတွေကိုယ်စား ကျမ လက်ခံရရှိတယ်လို့ပဲ မှတ်ယူပါတယ်။" - ၂၀၂၁ နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု ဂုဏ်ပြုခံရသူ မဖြိုးဖြိုးအောင်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဒီလ ၂ ရက်နေ့အထိ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ သတင်းသမား ၂၂ ယောက်ထက် မနည်းရှိတယ်လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး နိုင်ငံတကာ အဖွဲ့တခုဖြစ်တဲ့ CPJ က ပြောပါတယ်။ ဒီအထဲမှာအမျိုးသမီးသတင်းထောက်တွေလည်း ပါဝင်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်က မြန်မာသံရုံးဝန်ထမ်း ၅ ဦးဟာ အကြမ်းမဖက်တဲ့နည်းနဲ့ စစ်အုပ်ချုပ်မှုဆန့်ကျင်ရေး လှုပ်ရှားမှု CDM လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လိုက်တဲ့အကြောင်း ဒီကနေ့ပဲ သူတို့ရဲ့ ကိုယ်ပိုင် facebook စာမျက်နှာတွေမှာ တပြိုင်နက်တည်း ကြေညာလိုက်ပါတယ်။
စစ်တပ်က ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီက ရာထူးက ဖယ်ရှားတဲ့အကြောင်း ကြေညာခဲ့ပေမဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ပုံမှန် လုပ်ငန်းဆောင်တာတွေ တာဝန်ထမ်းဆောင်နေပါတယ်။
မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူး ခရစ္စတင်း ရှရနာ ဘာဂနာ က ဒီကနေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
"အာဏာပိုင်တွေရဲ့ညှင်းပမ်းနှိပ်စက်တာ၊ လိင်အမြတ်ထုတ်တာ၊ ကျင်စက်တွေနဲ့ တို့တာကအစ လူသတ်မှုတောင် မကျူးလွန်ဘဲနဲ့ မှောင်ရိပ်ခိုတယ်၊ မိတ်ကပ်လိမ်းတယ်ဆိုရင်လည်း ရုပ်ဖျက်တယ်ဆိုပြီး LGBT ၁၀ ယောက်မှာ ၄ ယောက်လောက်က ထောင်ကျဖူးတဲ့သူတွေချည်းပဲ။ ဒါတွေက ရှင်းသန့် တို့ဘဝမှာ ခါးသီးခဲ့တယ်။ " - LGBT အရေးလှုပ်ရှားသူ
"သတင်းသမားတွေရဲ့ လုံခြုံရေးကိုဖြစ်စေ၊ သတင်းရယူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဖြစ်စေ ရှေ့ဆက်မှာ ကောင်စီဝင်တဦး အနေနဲ့တောင် ကူညီနိုင်ခွင့် အခွင့်အလမ်းဆိုတာ မရှိနိုင်ဘူး။ အဲ့ဒါကြောင့်မိုလို့ ကျမ အမြန်ဆုံး နုတ်ထွက်ဖို့ ပိုပြီး ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်တာပါ။” - မဝေမာသိမ့် (သတင်းမီဒီယာကောင်စီ)
အကြောင်းရှာ ရမယ်ရှာပြီးတော့ အာဏာသိမ်းတာကိုတော့ လုံး၀ လက်ခံလို့မရဘူး။ ကျမတို့က ကျမတို့နိုင်ငံ ဒီမိုကရေစီစနစ်နဲ့သွားမှ ဖွံ့ဖြိုးမယ်ဆိုတာကို ယုံကြည်နေတဲ့အချိန်မှာ ဒီစစ်အာဏာရှင် လက်အောက်ကို ပြန်မကျဖို့တော့ ကျမတို့က အများကြီး ဆက်ကြိုးစားရမှာပေါ့နော်။” - မခင်လေးငယ်
မြန်မာစစ်တပ်ကအာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲအကြမ်းမဖက်တဲ့နည်းနဲ့ အာဏာရှင်ကိုဆန့်ကျင်အံတုတဲ့ Civil Disobedience လှုပ်ရှားမှုတွေအရှိန်မြင့် လာနေပါတယ်။ ဒါတွေက အာဏာသိမ်းအစိုးရရဲ့ လုပ်ငန်းတွေကို ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲ။ ဗွီအိုအေမြန်မာပိုင်းဌာနမှူးဦးသန်းလွင်ထွန်းကို မခင်ဖြူထွေး က မေးမြန်း ထားပါတယ်။
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာကြောင့် မကြာခင်မှာ အစိုးရ ဒုတိယသက်တမ်း ဆက်ပြီး တာဝန်ယူရတော့မှာဖြစ်ပါတယ်။ အစိုးရသစ်အပေါ် အမျိုးသမီးထုတွေကြား ဘယ်လို မေ ျှာ်လင့်ချက်တွေ ရှိနေပါလဲ။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးနိုင်ရေး ဥပဒေတရပ် ပေါ်ပေါက်လာဖို့ နီးစပ်လာနေပါပြီလား။ မကြာခင် အသစ် ဖွဲ့စည်းမယ့် လွှတ်တော်သစ်မှာ ဒီ ဥပဒေမူကြမ်း ပြင်ဆင် ရေးဆွဲ ပြဌာန်းနိုင်ဖို့ အလားအလာ ဘယ်လိုရှိနေသလဲ။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ ၂ လကျော် ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပြီး ပြန်လွတ်လာတဲ့တိုင်အောင် ခုချိန်ထိ သူတို့ကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ပြန်လည် လွတ်မြောက်လာတဲ့ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် မနီနီမေမြင့်က ပြောပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကနေ ပေါက်ဖွားလာခဲ့တဲ့ အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကို ဖွဲ့စည်းခဲ့တာ ဒီလ ၇ ရက် ကြာသပတေးနေ့က ၂၆ နှစ် ပြည့်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်