အမျိုးသမီးတွေ အဓိကကြုံတွေ့ရတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေဟာ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သိသိသာသာ တိုးလာတာ တွေ့ရတယ်လို့ ဒီလိုအခြေအနေတွေကို လေ့လာ စောင့်ကြည့် သုတေသနလုပ်နေတဲ့ အခရာအမျိုးသမီးအဖွဲ့က ပြောပါတယ်။
ခရစ္စမတ် ရာသီ အထူးအစီအစဉ်အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဆန်းများ သတင်းတွေကို မအေးသန္တာကျော်၊ ကိုငြိမ်းချမ်း နဲ့ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။
ဒီနှစ် ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အမျိုးသမီးသတင်းထောက်ဦးရေဟာ အရင်နှစ်ကထက် ၃၅ % တိုးလာတယ်လို့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF က ပြောပါတယ်။
"စစချင်းမှာတော့ ကျမတို့လည်း အရမ်း စိတ်လှုပ်ရှားတာပေါ့နော်။ ဒီဟာကြီးက ဘယ်လို ဘာလဲ ဆိုပြီးတော့။ အခု တဖြည်းဖြည်း လုပ်ရင်းနဲ့တော့ ကိုယ့်ဟာကိုယ် သတိနဲ့ကိုင်တွယ်ပြီး လုပ်တဲ့အတွက် အဲ့ဒီစိုးရိမ်မှုတွေကတော့ နည်းနည်း လျော့သွားပါတယ်။ ဒါပေမဲ့ အမြဲတမ်း သတိရှိနေရမယ်ဆိုတဲ့ အတွေးကတော့ စိတ်ထဲမှာအမြဲရှိပါတယ်။”
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ပြည်သူ့ အစိုးရလက်ထက်မှာ အရင်စနစ်ဟောင်းနဲ့မတူတဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ပြောင်းလဲမှု ဘာတွေ ရှိနေပါလဲ။ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေရော တိုးတက် ပြောင်းလဲ လာပါပြီလား။
မြန်မာနိုင်ငံက လူမှုဝန်ထမ်း လုပ်ငန်းတွေ ပိုမို တိုးတက်လာအောင် ဘယ်လိုအကြံပြုချက်တွေ ရှိနေပါလဲ။ နိုင်ငံတခု ဖွံ့ဖြိုးရေးမှာ လူမှုဝန်ထမ်း လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါ ပါသလဲ။ ဒီကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးလာရင် အမျိုးသမီးတွေ အတွက်ရော ဘယ်လို တိုးတက်မှုတွေ ခံစားလာရနိုင်ပါမလဲ။
အချင်းချင်း ရိုင်းပင်းလေ့ရှိပြီး စာနာကူညီတတ်သူတွေ နေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ လူမှုကူညီရေးလုပ်ငန်းတွေ အများအပြား ရှိပေမဲ့၊ ဒါတွေကို စနစ်တကျ ကျင့်ဝတ် စံနှုန်းတွေ ချမှတ်ပြီး လုပ်ဆောင်တာမျိုးကတော့ အားနည်းနေသေးတယ်လို့ မြန်မာ လူမှုဝန်ထမ်းလုပ်ငန်းတွေအကြောင်း သုတေသနလုပ်နေတဲ့ မမစ်ရှဲလ် ခမောင်းက ပြောပါတယ်။
“အမျိုးသမီးတွေဟာ နိုင်ငံရေးလုပ်မယ်ဆိုလို့ရှိရင် ပရော်ဖက်ရှင်နယ် နိုင်ငံရေးကိုသွားဖို့အတွက် ကျမတို့ ပြင်ဆင်ရပါမယ်။ ကိုယ့်ရဲ့နိုင်ငံရေးခံယူချက် မှန်ကန်မှုကလည်း အရေးကြီးပါတယ်။ အမျိုးသမီးပဲ ဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် နိုင်ငံရေးသီလ မရှိဘူးဆိုရင် ရေရှည်ခံဖို့ခက်ပါတယ်။” - ဒေါ်ထုမေ
အမေရိကန်သမ္မတသစ် ဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ ဂျိုးဘိုင်ဒန်နဲ့အတူ လာမယ့် ၄ နှစ်သက်တမ်း ဒုသမ္မတတာဝန် ထမ်းဆောင်မယ့် Kamala Harris ဟာ နှစ်ပေါင်း ၂၀၀ ကျော် အမေရိကန်ပြည်ထောင်စု သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဒု သမ္မတဖြစ်လာမယ်သူ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံး မဲရလဒ်တွေ တရားဝင် ထုတ်ပြန် မကြေညာရသေးပေမဲ့လို့၊ ဒီမိုကရက်တစ်ပါတီ သမ္မတ လောင်း ဂျိုးဘိုင်ဒန်က အနိုင်ရဖို့ သေချာတဲ့ ထောက်ခံမဲ ရထားပါတယ်။ သူနဲ့အတူ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ရှိနေတဲ့ Kamala Harris ကတော့ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဒု သမ္မတဖြစ်လာမယ့်သူပါ။
ရွေးကောက်ပွဲ မဲဆွယ်နေကြတဲ့ ကိုယ်စားလှယ်လောင်း ၆,၉ ၀၀ ကျော်ထဲမှာ အမျိုးသမီးလွှတ်တော်အမတ်လောင်း ၁,၀၀၀ ကျော် ပါဝင်ပြီး တိုင်းရင်းသား ဒေသတချို့ကနေ ဝင်ပြိုင်ကြမယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေလည်း အများအပြား ပါ ပါတယ်။
မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတွေ မကြာခင် ရက်ပိုင်းအတွင်း ကျင်းပတော့မှာ ဖြစ်သလို၊ ဒီရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၁, ၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
ကွယ်လွန်သွားတဲ့ တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ရဲ့ နေရာမှာ ကွန်ဆာဗေးတစ် တရားသူကြီးတယောက်ကို ရွေးကောက်ပွဲမတိုင်ခင် အစားထိုး ခန့်အပ်နိုင်ဖို့ သမ္မတ Trump နဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တွေက အပူတပြင်း ကြိုးစားနေချိန်မှာ ဒီအပေါ် အမျိုးသမီးတွေက သူတို့ရဲ့အမြင်တွေကို ထုတ်ဖော်လာကြပါတယ်။
“အထူးသဖြင့်ကတော့ အမျိုးသမီးတွေက ပိုများတယ်လို့ စစ်တမ်းတွေမှာလည်း ကောက်ယူထားတယ်။ ကျမတို့ နေ့စဉ် ကုသနေတဲ့ သူတွေထဲမှာလည်း အမျိုးသမီးတွေ ပိုများပါတယ်ရှင့်။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုတွေ၊ နှစ်ကိုယ်ကြား အကြမ်းဖက်မှုတွေ ပိုများလာတယ်။”
ကိုဗစ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဘယ်လို ပြဿနာတွေ ပို များလာနေတာပါလဲ။ စိတ်ဓာတ်ကျဆင်းမှုတွေ သက်သာရာ ရစေဖို့ ဘာတွေ လုပ်ဆောင်သင့်ပါလဲ။ အမေရိကန်နိုင်ငံ Hawaii ပြည်နယ် Honolulu မြို့ Queen's Medical Center ဆေးရုံက စိတ်ပညာဆိုင်ရာ ပညာရှင် မဂျူးဂျူးမင်းသူကို မခင်ဖြူထွေးက Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အထူးအစီအစဉ်အဖြစ် VOA မြန်မာပိုင်းက အပတ်စဉ်ဆွေးနွေးပွဲတွေ တင်ဆက်သွားပါမယ်။ ဒီအစီအစဉ်ကို စနေည ၇ နာရီ ထုတ်လွှင့်တဲ့ VOA TV မဂ္ဂဇင်းအစီအစဉ်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
''အခုဆိုရင် အမျိုးသမီးတွေထဲမှာပဲ နိုင်ငံရေးကို professional တခုလို၊ carrier life တခုလို သွားချင်တဲ့ အမျိုးသမီးတွေကို ကျမတို့ တွေ့လာရတယ်ပေါ့နော်။ ဒီဟာဆိုလို့ရှိရင် ဒါက ကောင်းတဲ့ လက္ခဏာပေါ့။'' - မမြနန္ဒာသင်း၊ New Myanmar Foundation ရွေးကောက်ပွဲအကြံပေး။
ကိုဗစ်နိုင်တင်းကပ်ဘေး အကျပ်အတည်းတွေကြား ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမှာ အမျိုးသမီး မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှု ဘယ်လိုရှိပါလဲ။ ရွေးကောက်ပွဲအတွက် အမျိုးသမီးတွေ ဘယ်လိုအခန်းကဏ္ဍတွေကနေ ပါဝင်လှုပ်ရှားနေကြသပါလဲ။
မြန်မာနိုင်ငံမှာ အထွေထွေေ ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံမဲပေးကြဖို့ လှုပ်ရှားမှုတခုကိုတော့ ဖန်တီးအိမ် အဖွဲ့က ပြီးခဲ့တဲ့လပိုင်းတွေကတည်းက စတင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ လူဦးရေရဲ့ ၄.၆ % ဟာ မသန်စွမ်းသူတွေဖြစ်ကြပြီး ဒီလူတွေဟာလည်း တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေပါပဲလို့ ရန်ကုန်တိုင်း မသန်စွမ်းသူများအသင်း အတွင်းရေးမှူး မချောစုလှိုင်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်