အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ပထမရက်အဖြစ် တွေ့ဆုံ ကြပါတယ်။
အမေရိကန်သမ္မတTrumpနဲ့ မြောက်ကိုရီးယားခေါင်းဆောင်Kimတို့ ဗုဒ္ဓဟူးနေ့ညနေမှာပဲ ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တော်မှာတွေ့ဆုံနေကြပါတယ်။အစည်းအဝေးကိုလက်ခံကျင်းပပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းTrumpကပြောခဲ့ပါတယ်။အိမ်ရှင်ဟနွိုင်းမြို့ခံတွေကရောဒီအစည်းအဝေးအပေါ်ဘယ်လိုမြင်ကြပါသလဲ၊ကိုကျော်ကျော်သိန်းစုစည်းတင်ပြထားပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်း နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားမှာ အသေခံ ဗုံးဖောက်ခွဲမှုတခုဖြစ်ပြီး ဆက်ဆံရေး ပိုပြီး တင်းမာလာနေတာနဲ့ အမျှ“ပါကစ္စတန်ကို ရန် လာမစပါနဲ့” လို့ ပါကစ္စတန်စစ်ဘက်ပြောခွင့်ရ ဗိုလ်ချုပ် Asif Ghafoor က အိန္ဒိယကို သတိ ပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ဖို့ရည်ရွယ်ချက်နဲ့ ပထမဆုံးအကြိမ် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာပွဲ ၂၀၁၉ ကို သောကြာနေ့မှာစဖွင့်ပြီး စနေနေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
ဗင်နီဇွဲလားစစ်တပ်အနေနဲ့ သမ္မတ Nicolas Maduro အာဏာဆက်ပြီးမြဲနေအောင် ထောက်ခံနေတာကို ရပ်ပစ်ဖို့ အမေရိကန်သမ္မတ Donald Trump က သတိပေးလိုက်ပြီး လူသားစာနာမှုအကူအညီတွေ ပေးခွင့်ပြုဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဗွီအိုအေရဲ့ သတင်းထောက် Patsy Widakuswara ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြပေးပါမယ်။
ဖေဖေါ်ဝါရီ ၁၇၊ ၂၀၁၉ - တိုင်းပြည်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တွေအနေနဲ့ အခုချိန်ထိ ဘယ်လောက် ထိထိရောက်ရောက် လုပ်ဆောင်ထားနိုင်ပါပြီလဲ။ ကိုကျော်ကျော်သိန်း က လွှတ်တော်တွေကို စောင့်ကြည့်လေ့လာပြီး သုတေသနပြုနေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ (OMI) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော် ကို တွေ့ဆုံမေးမြန်းထာ
တိုင်းပြည်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တွေအနေနဲ့ အခုချိန်ထိ ဘယ်လောက် ထိထိရောက်ရောက် လုပ်ဆောင်ထားနိုင်ပါပြီလဲ၊ လွှတ်တော်တွေကို စောင့်ကြည့်လေ့လာပြီး သုတေသနပြုနေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ (OMI) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်ကို ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းထားပါတယ်။
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၁၉ - တရားစီရင်ရေးကဏ္ဍ ပြောင်းလဲတိုးတက်လာဖို့ ဘယ်လောက်ထိ အလားအလာ ရှိနေပါသလဲ။ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်ကို ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ တရားစီရင်ရေးမှာ အဆိုးရွားဆုံးက လာဘ်ပေးလာဘ်ယူကိစ္စဖြစ်ပြီး လက်ရှိအနေအထားအရ တရားစီရင်ရေးကဏ္ဍ ပြောင်းလဲတိုးတက်လာဖို့ ဘယ်လောက်ထိ အလားအလာရှိနေပါသလဲ။ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများ အဖွဲ့ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်ကို ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းထားပါတယ်။
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၉ - ရှေ့ဆက်အလားအလာ၊ ဘယ်ပုဒ်မတွေကို ပြုပြင်နိုင်ခြေရှိသလဲ စတာတွေနဲ့ ပတ်သက်ပြီး အခြေခံဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်ကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းဖွဲ့ခွင့်နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ကန့်သတ် ချုပ်ခြယ်တဲ့ ဥပဒေတွေကိုအသုံးပြုပြီး ဖမ်းဆီးထောင်ချနေတာကို ရပ်ပစ်ဖို့နဲ့ အဲဒီဥပဒေတွေကို ဖြည့်စွက် ပြင်ဆင်ဖို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch HRW က မြန်မာအစိုးရကို တိုက်တွန်းလိုက် ပါတယ်။
၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ NLD ပါတီဘက်ကနေ ပြည်ထောင်စု လွှတ်တော်တွင်း ပထမဆုံးအကြိမ်အဖြစ် စတင်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး NLD ပါတီဘက်ကနေ ပြည်ထောင်စု လွှတ်တော်တွင်း ပထမဆုံးအကြိမ်တင်သွင်းတဲ့အပေါ် သုံးသပ်ချက်၊ ရှေ့ဆက်အလားအလာ၊ ဘယ်ပုဒ်မတွေကိုပြုပြင်နိုင်ခြေရှိသလဲ စတာတွေနဲ့ပတ်သက်ပြီး အခြေခံဥပဒေရေးရာကျွမ်းကျင်သူ ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်ကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
ဇန်နဝါရီ ၂၇၊ ၂၀၁၉ - ၂၀၁၉ မိုးလေဝသနဲ့ ရာသီဥတု ရင်ဆိုင်ရနိုင်ခြေတွေနဲ့ ပတ်သတ်လို့ ဦးထွန်းလွင်ကို ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းထားပါတယ်။
၂၀၁၉ ခုနှစ်အတွင်း အပူဒဏ်ကို အထူးသတိထားဖို့ မိုးလေဝသပညာရှင်ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။ မိုးကြိုကာလမှာ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှု အနည်းဆုံးတကြိမ်ရှိမယ်လို့လည်း ခန့်မှန်းပါတယ်။ ၂၀၁၉ မိုးလေဝသနဲ့ ရာသီဥတု ရင်ဆိုင်ရနိုင်ခြေတွေနဲ့ ပတ်သတ်လို့ ဦးထွန်းလွင်ကို ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းထားပါတယ်။
ဇန်နဝါရီ ၂၀၊ ၂၀၁၉ - နိုင်ငံတကာရဲ့အမြင်တွေကို တုန့်ပြန်ရတာတွေနဲ့ ပတ်သတ်ပြီး ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို ဘယ်လို မိန့်ကြားထားပါလဲ။ ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာလက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဘာသာပေါင်းစုံညီညွတ်ရေး၊ ဘာသာရေးနဲ့ဆိုင်တဲ့အခမ်းအနား နှောက်ယှက်တားဆီးတဲ့လုပ်ရပ်၊ နိုင်ငံတကာရဲ့အမြင်တွေကို တုန့်ပြန်ရတာတွေနဲ့ပတ်သတ်ပြီး ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို ဘယ်လိုမိန့်ကြားထားပါလဲ။ ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းထားပါတယ်။
အကျဉ်းကျ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အယူခံအမှုကို ရန်ကုန်တိုင်း တရားလွှတ်တော်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိတဲ့အကြောင်း အကျိုးဆောင်ရှေ့နေတွေက ပြောဆိုသလို မိသားစုဝင်တွေကလည်း ဝမ်းနည်း စကားပြောကြပါတယ်။ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး အကျဉ်းချခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အယူခံအမှုကို ရန်ကုန်တိုင်းတရားလွှတ်တော်က ဒီကနေ့ ပလပ် လိုက်တာကြောင့် မိသားစုဝင်တွေက ဝမ်းနည်းစကားဆိုပြီး ဥရောပသမဂ္ဂသံအမတ်ကြီးက အစိုးရနဲ့ ဒီကိစ္စ ဆွေးနွေးသွားမယ့်အကြောင်း ပြောပါတယ်။
ဇန်နဝါရီလ ၁၀ရက်၊ ၂၀၁၉ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ မငြိမ်းနိုင်သေးတာနဲ့အမျှ စားနပ်ရိက္ခာအခက်အခဲကြောင့် နေရပ်စွန့် ထွက်ပြေးသူ စစ်ရှောင်အရေအတွက်လည်း တနေ့တခြား ပိုတိုးလာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်